
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ ပြည်သူ့ရင်ခွင်
ခိုရန်အတွက် တာဝန်ခံမည့် လူတချို့နှင့် ဆက်သွယ်ညှိ နှိုင်းမှုများ ပြုလုပ်နေစဉ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းထံက သတင်း ရရှိသည်။
ဗိုလ်မှူးချုပ်ဖြိုးသန့် အနေဖြင့် ၄င်းကွပ်ကဲမှုတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားအထိနာ သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟု ဆိုကာ ၄င်း၏တာဝန်ဝတ္တရားများအား ခေတ္တဆိုင်းငံ့ခံထားရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။
ဗိုလ်မှူးချုပ် ဖြိုးသန့်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းရွာနှင့် ကုန်းသာရွာ အနီးက တောတွင်းတနေ ရာ၌ လက်ပြန်ကြိုးတုပ်ထားပြီး ရိုက်နှက်နှိပ်စက်ခံရသည့်
ဒဏ်ရာများနှင့် သေဆုံးနေသည့် အရပ်သား ရုပ်အလောင်း ၁၅ ဦး နှင့် ပတ်သက်၍ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များက သူ့အား ဓားစာခံအဖြစ် အပြစ်ပုံချခံရ မည်ကိုလည်း စိုးရိမ်နေကြောင်း သိရသည်။
ထို့အတွက် သူသည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှု မခံရခင်က NUG နှင့် နီးစပ်သူများမှတဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့ တဖွဲ့ထံသို့ လက်နက်ချ ခိုဝင်ရန်လည်း ဆက်သွယ်ခဲ့ကြောင်း သိရသည်။
နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည်အောက် တိုဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း တွေ့ဆုံပြီး လုံ ခြုံရေးအတွက် စစ်မှုထမ်းဟောင်းများ
ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး ပြောဆို၍ စည်းရုံးရေးနေကြောင်း ခေတ်သစ်သတင်းဌာနတွင် သတင်းဖော်ပြထားကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဖြိုးသန့်အား အောက်တိုဘာလ ၅ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး အမှတ် (၁) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇာကျော်နှင့် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် တို့က ဦးစီး စစ်ဆေးနေစဉ် စက်တင်ဘာ ၆ ရက်၌ သေဆုံး သွားပြီ ဆိုသည့် သတင်းများ ထွက်လာခဲ့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အလုပ်သင် ဗိုလ်လောင်း တေဇ အပတ်စဉ် (တေဇ ၂၃) မှ ဖြစ်ပြီး၊ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ရာထူး တိုးမြှင့်ခံခဲ့ရသူ ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းတဲ့သည့်နေ့တွင် ဗိုလ်မှူးချုပ် ဖြိုးသန့်သည် (ရန်ကုန်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ – ၄) တပ်မမှူး ရာထူးနှင့်
ရန်ကုန်တိုင်း၏ လုံခြုံရေးနှင့် အရပ်သား အစိုးရ အဖွဲ့ဝင် အရေးကြီး တာဝန်ရှိလူကြီးများကို ဖမ်းဆီးထိန်းသိမ်းရာ၌ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီလ ၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး မကြာခင် ကာလ အတွင်း ကလေးမြို့နယ်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၀) ၌
တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ် ဖြိုးသန့်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ချီးမြောက်ခဲ့ခြင်း ဖြစ်သည်။