ပူတင်ကို အာခံသူနဲ့ ဒူတာတေးဆန့်ကျင်သူ ၂ ဦး ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲရရှိ

ယခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဂျာနယ်လစ်များ ဖြစ်ကြသည့် ဖိလစ်ပိုင်မှ မာရီယာ ရက်ဆာနှင့် ရုရှားမှ ဒီမစ်ထရီ မူရက်တော့ဗ်တို့က ရရှိသွားခဲ့သည်။

အဆိုပါ ဂျာနယ်လစ်နှစ်ဦးသည် ၎င်းတို့၏ နိုင်ငံများတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့မှုအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်တွင် နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ကြေညာခဲ့သည်။

ဂျာနယ်လစ်နှစ်ဦးသည် ဒီမိုကရေစီနှင့် ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့၏

ကြိုးပမ်းအားထုတ်မှုများအတွက် ယခုကဲ့သို့ ဂုဏ်ပြုခံခဲ့ရခြင်း ဖြစ်ကြောင်း ‌နော်ဝေ နိုဘယ်လ်ဆု ကော်မတီ ဥက္ကဋ္ဌ ဘာရစ် ရိုင်စ် အန်ဒါဆန်က ပြောသည်။

“သူတို့ဟာဆိုရင် ဒီမိုကရေစီ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ ထိခိုက်စေတဲ့ အခြေအနေတွေနဲ့ တိုးပြီး ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာ ဒီ စံနှုန်းအတွက် ရပ်တည်ကာကွယ်နေကြတဲ့ ဂျာနယ်လစ်အားလုံးရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်” လို့ သူမက ပြောသည်။

အသက် ၅၈ နှစ်ရှိ ဖိလစ်ပိုင် ဂျာနယ်လစ် ရက်ဆာသည် ၂၀၁၂ ခုနှစ်က စုံစမ်းဖော်ထုတ်ရေးသားသည့် ဂျာနယ်လစ်ဇင်အတွက် ဒစ်ဂျစ်တယ် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Rappler ကို ပူးတွဲတည်ထောင်ခဲ့ပြီး ယင်းကို သူမက လက်ရှိအချိန်အထိ ဦးဆောင်လျက် ရှိသည်။

Rappler သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်စစ်ပွဲအပေါ် ဆန်းစစ်ဝေဖန် ရေးသားဖော်ပြမှုတွင် အာရုံစူးစိုက်ထားခဲ့သည်ဟု ရိုင်စ် အန်ဒါဆန်က ပြောသည်။

အလားတူ အသက် ၅၉ နှစ်ရှိ ရုရှားဂျာနယ်လစ် မူရက်တော့ဗ်သည်လည်း ရုရှားတွင် ပိုမိုခက်ခဲနေခဲ့သော အခြေအနေများအောက်တွင် ဆယ်စုနှစ်များစွာကြာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ရပ်တည်ကာကွယ်ခဲ့သူ ဖြစ်သည်။

၁၉၉၃ တွင် ၎င်းသည် လွတ်လပ်သော သတင်းစာ Novaya Gazeta ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်ပြီး ထို သတင်းစာသည် သြဇာ၊အာဏာရှိသူများ၏ အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဝေဖန်ဆန်းစစ် ရေးသားဖော်ပြမှု ရှိခဲ့ပြီး ယင်းတွင် ၎င်းသည် ၁၉၉၅ နောက်ပိုင်း အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားခဲ့သည်။

————-

ယခုႏွစ္အတြက္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုကို ဂ်ာနယ္လစ္မ်ား ျဖစ္ၾကသည့္ ဖိလစ္ပိုင္မွ မာရီယာ ရက္ဆာႏွင့္ ႐ုရွားမွ ဒီမစ္ထရီ မူရက္ေတာ့ဗ္တို႔က ရရွိသြားခဲ့သည္။

အဆိုပါ ဂ်ာနယ္လစ္ႏွစ္ဦးသည္ ၎တို႔၏ ႏိုင္ငံမ်ားတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္အတြက္ ႀကိဳးပမ္းတိုက္ပြဲဝင္ခဲ့မႈအတြက္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ခံရျခင္း ျဖစ္ေၾကာင္း ေအာက္တိုဘာ ၈ ရက္တြင္ ေနာ္ေဝ ႏိုဘယ္လ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီက ေၾကညာခဲ့သည္။

ဂ်ာနယ္လစ္ႏွစ္ဦးသည္ ဒီမိုကေရစီႏွင့္ ေရရွည္ခိုင္မာေသာ ၿငိမ္းခ်မ္းေရးအတြက္ မရွိမျဖစ္ လိုအပ္ခ်က္တစ္ခု ျဖစ္သည့္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ကို ကာကြယ္ေစာင့္ေရွာက္ရန္ ၎တို႔၏ ႀကိဳးပမ္းအားထုတ္မႈမ်ားအတြက္ ယခုကဲ့သို႔ ဂုဏ္ျပဳခံခဲ့ရျခင္း ျဖစ္ေၾကာင္း ‌ေနာ္ေဝ ႏိုဘယ္လ္ဆု ေကာ္မတီ ဥကၠ႒ ဘာရစ္ ႐ိုင္စ္ အန္ဒါဆန္က ေျပာသည္။

“သူတို႔ဟာဆိုရင္ ဒီမိုကေရစီ၊ သတင္းမီဒီယာ လြတ္လပ္ခြင့္တို႔ ထိခိုက္ေစတဲ့ အေျခအေနေတြနဲ႔ တိုးၿပီး ရင္ဆိုင္ေနရတဲ့ ကမာၻႀကီးမွာ ဒီ စံႏႈန္းအတြက္ ရပ္တည္ကာကြယ္ေနၾကတဲ့ ဂ်ာနယ္လစ္အားလုံးရဲ႕ ကိုယ္စားလွယ္ေတြ ျဖစ္ပါတယ္” လို႔ သူမက ေျပာသည္။

အသက္ ၅၈ ႏွစ္ရွိ ဖိလစ္ပိုင္ ဂ်ာနယ္လစ္ ရက္ဆာသည္ ၂၀၁၂ ခုႏွစ္က စုံစမ္းေဖာ္ထုတ္ေရးသားသည့္ ဂ်ာနယ္လစ္ဇင္အတြက္ ဒစ္ဂ်စ္တယ္ မီဒီယာကုမၸဏီတစ္ခုျဖစ္သည့္ Rappler ကို ပူးတြဲတည္ေထာင္ခဲ့ၿပီး ယင္းကို သူမက လက္ရွိအခ်ိန္အထိ ဦးေဆာင္လ်က္ ရွိသည္။

Rappler သည္ ဖိလစ္ပိုင္သမၼတ ဒူတာေတး၏ အျငင္းပြားဖြယ္ မူးယစ္စစ္ပြဲအေပၚ ဆန္းစစ္ေဝဖန္ ေရးသားေဖာ္ျပမႈတြင္ အာ႐ုံစူးစိုက္ထားခဲ့သည္ဟု ႐ိုင္စ္ အန္ဒါဆန္က ေျပာသည္။

အလားတူ အသက္ ၅၉ ႏွစ္ရွိ ႐ုရွားဂ်ာနယ္လစ္ မူရက္ေတာ့ဗ္သည္လည္း ႐ုရွားတြင္ ပိုမိုခက္ခဲေနခဲ့ေသာ အေျခအေနမ်ားေအာက္တြင္ ဆယ္စုႏွစ္မ်ားစြာၾကာ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္အတြက္ ရပ္တည္ကာကြယ္ခဲ့သူ ျဖစ္သည္။

၁၉၉၃ တြင္ ၎သည္ လြတ္လပ္ေသာ သတင္းစာ Novaya Gazeta ကို တည္ေထာင္သူမ်ားအနက္ တစ္ဦးျဖစ္ၿပီး ထို သတင္းစာသည္ ၾသဇာ၊အာဏာရွိသူမ်ား၏ အက်င့္ပ်က္ျခစားမႈႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေပၚ ေဝဖန္ဆန္းစစ္ ေရးသားေဖာ္ျပမႈ ရွိခဲ့ၿပီး ယင္းတြင္ ၎သည္ ၁၉၉၅ ေနာက္ပိုင္း အယ္ဒီတာခ်ဳပ္အျဖစ္ တာဝန္ယူထားခဲ့သည္။