
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်မှုလုံးဝရပ်သွားပြီးနောက် မြန်မာ့ငွေစျေး ဆီစျေး လူသုံးကုန်ပစ္စည်း စျေးနှုန်းဂယက်
တရုတ်နယ်စပ်ကြယ်ဂေါင်ကို စီးပွားရေးအဆင့်မြှင့်တင်ဖို့အကြောင်းပြကာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်၊မန့်ဝိန်းဂိတ်၊နန်းတော်ဂိတ်၊
ချင်းရွှေဟော်၊ကြူကုတ်(ပန်ဆိုင်း)ဝန်တိန်ပေါက်၊ကျင်စန်းကျော့ အစရှိတဲ့ နယ်စပ်ဂိတ်များအားလုံးကိုအောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်လိုက်တာဖြစ်ပါတယ်။
မူဆယ်မြို့မန့်ဝိန်းဂိတ်မှာတော့ ကျယ်ဂေါင်မှာပိတ်မိနေတဲ့ မြန်မာဘက်သွင်းမယ့်ကုန်ပစ္စည်းတွေ ကားတွေ ရှင်းထုတ်ဖို့ညှိနှိုင်းနေတုန်းလို့သိရပါတယ်။
မူဆယ်မြို့နန်းတော်ဂိတ်မှာတော့ နှစ်နိုင်ငံနိုင်ငံသားလွှဲပြောင်းမှုမှအပတရုတ်မှ မြန်မာဘက်သို့အထွက်ပဲရပြီး အဝင်မရဘူးလို့ သိရပါတယ်။
နယ်စပ်ဂိတ်ပေါက်များပိတ်ထားခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရမြန်မာနိုင်ငံဘက်ကပို့ကုန်ဝင်ငွေ ၅၅၅ သန်းကျော်ထိခိုက်နစ်နာခဲ့ရတယ်လို့ဆိုပါတယ်။
ယခုကဲ့သို့တရုတ်-မြန်မာနယ်စပ်ဂိတ်များကိုပိတ်ထားချိန်အတွင်း မြန်မာကုန်သည်များ၏ ဘဝများစွာဆုံးရှုံးနစ်နာခဲ့ရတယ်လို့ဆိုပါတယ်။
မူဆယ်စီးပွားရေးလုပ်ငန်ရှင်တစ်ဦးက “ကျွန်တော်တို့ အရင်ကဆို ကုန်ပစ္စည်းမှာဖို့ အထုပ်တစ်ထုပ်ကိုသယ်ယူခက မြန်မာငွေနှစ်ထောင်၊
သုံးထောင်ကျပ်ပဲပေးရတာ။အခုလက်ရှိအထုပ်တစ်ထုပ်အတွက် တရုတ်ယွမ်ငွေ သုံး၊ လေး၊ ငါးရာပေးရတယ်။
မြန်မာငွေနဲ့ဆို တစ်သိန်းနီးပါးကနေ တစ်သိန်းကျော်အထိပေးရတယ်။ဂိတ်မပိတ်ခင်ရက်ပိုင်း အလိုက ရန်ကုန်-မန္တလေးက ကုန်အမှာတွေကား
တင်ပြီးသားတွေထွက်ခွင့်မရတော့ ကုန်မှာတဲ့သူနဲ့မျက်နှာပျက်ရတယ်။နောက်အဆိုးဆုံးက မန်းဝန်းပေါက်ကထွက်ရမလား။
ကျင်ဆန်းကျော့ကထွက်ရမလား။လွယ်ကျယ်ကထွက်ရမလား။ချင်းရွှေဟော်ကထွက်ရမလား။ရန်လုံကြိုင်းကပဲထွက်ရမလားဆိုပြီး ပြောင်းပြောင်းသယ်ရာကနေပစ္စည်းဆုံးရှုံးတာတွေဖြစ်တော့ ငွေရောဂုဏ်သိက္ခာရောဆုံးရှုံးမှုကများလာတယ်”လို့ပြောပါတယ်။
စက်သုံးဆီစျေးနှုန်းမြင့်တက်မှုနှင့် မြန်မာငွေကျပ်ငွေတန်ဖိုးထိုးကျနေမှုအပါအဝင် တရုတ်နယ်စပ်ဂိတ်များပိတ်ထားခြင်းကြောင့် မူဆယ်မြို့အပါအဝင်
တစ်နိုင်ငံလုံး၌ ဆန်မှလွဲရင်သုံးဆနီးပါးစျေးတက်သွားပြီး တရုတ်ထုတ်ကုန်ပစ္စည်းများပြတ်လပ်သည်အထိစျေးကွက်အတွင်း ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
မူဆယ်မြို့ရှိကုန်မျိုးစုံလက်လီလက်ကားရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက “ဘာမှမကြည့်နဲ့ဗျာ။တရုတ်ဂက်စ်မီး ခြစ်အရင်က ၁၅၀ ကျပ်၊ အခု ၅၀၀ ကျပ် ဖြစ်သွားတယ်။စက်သုံးဆီစျေးတင်မဟုတ်ဘူး။
စားသုံးစျေးလည်းတက်သွားတယ်။စားဆီစျေးနှုန်းကနှစ်လပိုင်းကတော့ တစ်ပိဿာကို နှစ်ထောင်ကျော်ပဲရှိရာကနေ အခု တစ်ပိဿာကို ၅၅၀၀လောက်ဖြစ်သွားပြီ။စက်သုံးဆီစျေးနှုန်း မြင့်တက်တဲ့အတွက်သယ်ယူစားရိတ်မှာလည်း တစ်တန်ကို ၁၄၀၀၀ ကျပ် တက်သွားတယ်။
စားသောက်ကုန်ခြောက်တွေလည်းစျေးတက်တယ်။ခေါက်ဆွဲခြောက်တစ်ဖာကို ၅၀၀၀ကျော် တက်သွားတယ်။သကြားကတစ်အိတ်ကိုနှစ်သောင်းကျော်လောက်တက်သွားတယ်။ငွေလဲမှုစျေးနှုန်းနဲ့ စက်သုံးဆီစျေးနှုန်း ပြန်တည်ငြိမ်ဖို့လိုတယ်။
ဒီလိုမှမဟုတ်ရင်အခြေခံလူတန်းစားတွေအခက်အခဲမျိုးစုံဖြစ်ပေါ်လာနိုင်တယ်။ကုန်သည်တွေလည်းရောင်းရှုံးဖြစ်ပြီး ပင်ပန်းတာပဲအဖတ်တင်မှာပဲ”လို့ဆိုပါတယ်။