သစ်လုံးကို ကုဗပေတွက်နည်း… သစ်တန်တွက်နည်း…သစ် ၁ တန် ဈေးနှုန်းတွက်နည်း (လိုအပ်ချိန် သုံးဖို့ပါ)

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဥပမာ – သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗပေ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မျှ ရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗပေ

Zawgyi

သစ္လုံးကို ကုဗေပႏွင့္တန္ဖြဲ.ျခင္း

သစ္လုံးကို ကုဗေပႏွင့္ တန္ဖြဲ.ရာတြင္ လက္မကိုတည္ ၄ ႏွင့္စား၊ ရလဒ္သည္ ဒုျဗက္လက္မျဖစ္သည္။ ဒုႏွင့္ျဗက္ကိုေျမႇာက္၊ သစ္လုံးအလ်ားႏွင့္ ဆက္ေျမႇာက္ရေသာ အေျဖကိုတည္၍ ၇၂၀၀ ႏွင့္စားလွ်င္ အေျဖသည္ သစ္တန္ရ၍ ၁၄၄ ႏွင့္ စားလွ်င္ ကုဗေပရသည္။

ဥပမာ – သစ္လုံးပတ္ ၆၀ လက္မ ၊ အရွည္ ၃၂ ေပရွိေသာ သစ္လုံးကို တန္ဖြဲ.လိုလွ်င္

၆၀/၄ = ၁၅ ဒုႏွင့္ျဗက္လက္မ

တြက္နည္း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန္

တြက္နည္း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗေပ

၅၀ ကုဗေပ = ၁ တန္

သစ္ခြဲသားမ်ားကို ကုဗေပႏွင့္တန္ဖြဲ.ျခင္း

(သစ္ ၁ တန္ = ၁” x ၁” ပတ္လည္ ၇၂၀၀ ေပ)

သိလိုေသာ သစ္အ႐ြယ္အစား၏ ဒုႏွင့္ျဗက္ကို ေျမႇာက္၍ရေသာ ရလဒ္ႏွင့္ ၇၂၀၀ ကိုစားရေသာအေျဖသည္သစ္တစ္တန္၏ ေပအရွည္ျဖစ္သည္။

တြက္နည္း (၁)

၄ x ၂ = သစ္တစ္တန္ရွိေပရွည္ကို သိလိုေသာ္

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ေပ

( ၄ x ၂ ) သစ္တစ္တန္မွာရွိေသာေပအရွည္ = ၉၀၀ ေပ

သစ္ခြဲသားမ်ားကို ကုဗေပႏွင့္ တန္ဖြဲ.ရာတြင္ တြက္လိုသည့္သစ္ခြဲသား၏ ျဗက္ႏွင့္ဒုကို ေျမႇာက္ၿပီးေနာက္သစ္တစ္တန္ရွိ ၅၀ ကုဗေပႏွင့္ ထပ္ေျမႇာက္ၿပီးလွ်င္ ၇၂၀၀ ႏွင့္စားျခင္းျဖင့္ ကုဗေပမ်ားကိုရရွိမည္။ အႂကြင္းရွိလွ်င္မျပတ္မခ်င္း (သုည) ထိုး၍ ဆက္စားျခင္းျဖင့္ ဒသမမ်ားကို ရရွိမည္။

တြက္နည္း (၂)

၄ x ၂ သစ္ခြဲသား ေပ ၉၀၀ ကို ကုဗေပ မည္မွ် ရွိေၾကာင္း တြက္ခ်က္ရာတြင္

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗေပ