ဘဏ်တွေပြိုလဲသွားလို့ ဘဝပျက်သွားတဲ့ ဘဏ်သူဌေးဆိုတာ လုံးဝမရှိပါဘူး

မြန်မာမှာကော ကမ္ဘာမှာကော ဘဏ်တွေပြိုလဲသွားလို့ ဘဝပျက်သွားတဲ့ ဘဏ်သူဌေးဆိုတာ လုံးဝမရှိပါဘူး

၂၀၀၃ မှာ အာရှဓန ဘဏ် လိုင်စင်အရုတ်သိမ်းခံရပါတယ် ။ ပြိုလဲသွားရပြီဆိုတဲ့ ဘဏ်သူဌေးလူမွဲ ဦးအိုက်ထွန်း ကြီးက သူ့ရဲ့ Olympic Construction ကို ၂၀၀၄ မှာ ” ရွှေတောင် ” လို့ နာမည်ပြောင်းပြီး ပြန်လာပါတယ် ။

တစ်နှစ်ပဲကြာပါတယ် ။ အခုဆို သူ့ရဲ့ ပိုင်ဆိုင်မှု asset တွေက အာရှဓနဘဏ် ပိုင်တုန်းကထက်တောင် ၄ ဆ လောက်ပိုမြင့်လာပြီလို့ ခန့်မှန်းယူဆကြပါတယ် ။

Epic comeback ပေါ့ ။ ဘဲကြီးကရင့်ပါတယ် ။ ၂၀၀၃ မှာ ဘဏ်ပြိုတယ် ။ရတယ်။မှတ်ထားနော် မြန်မာ့စီးပွားရေးလောက ။၂၀၀၄ မှာ သူ့ Company ကို နာမည်ပြောင်းပြီးပြန်ကျုံးတယ် ။ ပြောင်းတာတောင် အင်္ဂလိပ်နာမည် ” Olympic ” ကို မြန်မာလို ” ရွှေတောင် ” တဲ့ ။ မခန့်တာ ။ အတိတ်နဲ့နမိတ်နဲ့ ။

ထားပါ ။ ပြောချင်တာက ဒီမှာ ဘယ်ဘဏ်သူဌေးမှ ဘဏ်ပြိုလဲသွားလို့ ဒုက္ခ မရောက်သွားသလို အကျပ်အတည်းလဲ မဖြစ်သွားဘူးဆိုတဲ့အကြောင်းပါ ။ ဘာလို့လဲဆိုတော့ နဂိုကတည်းက မြန်မာပြည်မှာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေဟာ ကောင်းကောင်းမတွင်ကျယ် မထွန်းကားသေးလို့ပါပဲ ။

မြန်မာပြည်က ဘဏ်တွေဟာ အပ်ငွေ ၊ ချေးငွေ နဲ့ ငွေလွှဲ လောက်သာ ဖြစ်ဖြစ်ထွန်းထွန်းလုပ်ကိုင်နိုင်ပြီး အခြားဆက်စပ်ဝန်ဆောင်မှုတွေကို ကောင်းကောင်းမဖြည့်ဆည်းပေးနိုင်သေးပါဘူး ။ Digital Curency လည်း မထွန်းကားသေးပါဘူး ။ ပြည်သူလူထုတွေကလည်း အထူးတလည် အသုံးပြုဖို့စိတ်အားမထက်သန်သေးပါဘူး ။

မြန်မာပြည် လွတ်လပ်ရေးမရခင်တစ်နှစ် ၁၉၄၇မှာတောင် အမေရိကန်မှာ credit ကဒ်သုံးစွဲမှုကို ထိန်းချုပ်ဖို့ ဝန်ဆောင်ခတွေ တိုးမြှင့်လိုက်ရပေမယ့် ၊ အခု ၂၀၂၁ ထိ ကျွန်တော်တို့ဆီမှာတော့ ATM Card တစ်ကဒ် အလကားလုပ်ပေးဖို့ကိုတောင် ဘဏ်ဝန်ထမ်းတွေက ချွေးတလုံးလုံးနဲ့ Marketing ဆင်းပြီး တောင်းတောင်းပန်ပန်နဲ့ ဘဏ့်အကောင့် လိုက်ဖွင့်ပေးနေရပါတယ် ။

ဒီက ပြည်သူတွေက တကယ့်ဆရာတွေပါ ။ အခု ကျွန်တော်တို့ဆီမှာဖြစ်နေတဲ့ အကျပ်အတည်းက financial Crisis မဟုတ်ဘဲ Bank Run အနေအထားပါ ။ဘဏ်တွေအပြေးပြိုင်တာ ကိုပြောတာမဟုတ်ပါဘူး ။ဘဏ်တွေကို မယုံကြည်ကြလို့ ငွေတွေစုပြုံထုတ်ကြတာကို ပြောတာပါ ။ ဒါတောင် အပြည့်အဝ မဟုတ်ပါဘူး ။ ဘဏ်တွေကို ယုံနေတဲ့သူတွေရှိပါသေးတယ် ။

အဲ့ဒါက ဘယ်သူတွေလည်းဆိုတော့ အီလစ်တွေ ၊ Typccon တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ဘယ်သူတွေက မယုံလဲ ဆိုတော့ အခု ခင်ဗျားတို့ကျွန်တော်တို့လို အခြေခံလူတန်းစားပြည်သူတွေပါပဲ ။ ဒါကိုလည်း လက်ခံပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ့်ချွေးနည်းစာ နဲ့ ငါးသောင်းစု တစ်သိန်းစု ကုပ်ကပ်စုလာရတဲ့ငွေကို ဘယ်သူမှ အရှုံးဆုံးမခံနိုင်ပါဘူး ။

မြန်မာပြည်ဟာ အသိုင်းအဝိုင်းမရှိရင် ၊ မျက်နှာပြောင်မတိုက်တတ်ရင် ၊ နို့မကြီး ဖင်မကြီးရင် ၊ အသားမဖြူရင် အင်မတန်ငွေရှာရခက်ပါတယ် ။ ဘယ်သူမှ ကိုယ်ပင်ပင်ပန်းပန်းရှာဖွေစုဆောင်းထားတဲ့ငွေကို အဆုံးရှုံးမခံနိုင်ပါဘူး ။ အဲ့ဒီတော့ ဆုံးရှုံးမှာစိုးရိမ်ပါတယ် ။ အဲ့ဒီစိုးရိမ်စိတ်နဲ့ အမှားတွေလုပ်မိပါတယ် ။ အဲ့ဒီအမှားတွေကြောင့် ဘယ်သူတွေနစ်နာလည်းဆိုတော့ ကျွန်တော်တို့ပြည်သူတွေပဲနစ်နာပါတယ် ။

ဘဏ်သူဌေးလည်း မနစ်နာပါဘူး ၊ အစိုးရလည်း မနစ်နာပါဘူး ၊ စစ်တပ်လည်း မနစ်နာပါဘူး ။ ကျွန်တော်ရှင်းပြပါမယ် ။ အခု % တွေနဲ့ ကိုယ့်ငွေကို အလျှော့ခံပြီး ထုတ်နေကြတာကိုပါ ။ ငွေသား အရွက်ရှားပါးမှု Note Rare Run က တော့ မြန်မာပြည်မှာ တကယ်ဖြစ်နေပါတယ် ။ ဒါပေမယ့် တကယ်ရှားပါးတာလည်းမဟုတ်ပါဘူး ။ ငွေတွေက ဈေးကွက်ထဲမှာလည်နေပါတယ် ။

တချို့တွေက အပင်ပန်းခံ ATM စက်တွေမှာ နေ့တိုင်းတန်းစီးပြီး တစ်ရက် ၂သိန်း ၃ သိန်းထုတ်ပြီး ကိုယ့်အိမ်မှာ ကိုယ်သိမ်းထားကြပါတယ် ။ ဘဏ်တွေမှာ တိုးဝှေ့ပြီးထုတ်ကြပါတယ် ။ အဲ့ဒီမှာ ရာခိုင်နှုန်းအလျှော့နဲ့ မြန်မာငွေကို မြန်မာငွေနဲ့ပြန်ရောင်းတဲ့ အင်မတန်မှ အံ့သြ ဆန်းကျယ်စရာကောင်းသော သာမာန်လူနားမလည်နိုင်သော ဂြိုလ်သားစီးပွားရေးဈေးကွက်ဟာ ပေါ်လာပါတယ် ။

🔴ဘယ်သူတွေဖန်တီးနေသလည်း ဘာကြောင့်ဖြစ်ပေါ်လာလည်း တွေးကြည့်ပါ ။ 🔴ဒီအချိန်မှာ နေ့စဉ်ငွေသားအများဆုံးစီးဆင်းနေတာ ဈေးတွေ ၊ ကုန်စုံဆိုင်တွေ ၊ Retail outlet တွေ ၊ ဆီဆိုင် တွေနဲ့ သယ်ယူပို့ဆောင်ရေးလိုမျိုး နေ့စဉ်မရှိမဖြစ်သုံးနေရတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွပါ ။

ဥပမာ ခင်ဗျားဟာ ” ဂီးဂီး Mart ” ဆိုပြီး supermarket တွေဖွင့်ထားတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုပါတော့ ။ ( ဥပမာနော် မှတ်ရသားရလွယ်အောင်လို့ပါ ) ။ ဂီးဂီးMart ရဲ့ရောင်းအားဟာ နေ့စဉ် ငွေသား သိန်း သုံးရာ အထက်မှာ အနည်းဆုံးရှိပါတယ် ။ ဆိုင်ခွဲ ၁၀ ခု ဆို တစ်ရက်ကို ငွေသားအရွက်ကြီးပဲ သိန်းသုံးထောင်ရပါမယ် ။ ဒီကာလမှာတော့ ရွှေပါပဲ ။ အရင်ဆို ခင်ဗျားဟာ ဘဏ်မှာ keep it လုပ်နေကြပါ ။

အခုဒီကိစ္စတွေဖြစ်နေတော့ အဲ့ဒီမှာ ခင်ဗျားဟာ ခင်ဗျားဘော်ဒါ အနဲလေးတို့ အတီးလေးတို့ နဲ့ပေါင်းပြီး USD နဲ့ ရွှေ အရမ်းဝယ်ချင်နေကြတဲ့ လူတွေကို ၃% အလျှော့နဲ့ ငွေသားပြန်ထုတ်ပေးပြီး ဘဏ့်အကောင့်ထဲက ပိုက်ဆံနဲ့လဲပါတယ် ။ သိန်းတစ်ထောင်ကို ကိုးရာ့ခုနှစ်ဆယ် ဆိုတော့ နေရင်းထိုင်ရင်း သိန်းသုံးဆယ်မြတ်ပါတယ် ။ ဒါလက်ကားဈေးနော်။လက်လီဆို ၁၀ % ထိပေါက်နေပါပြီ။

အနဲလေးကလည်း USD လက်လွှဲအရောင်းနဲ့တင် ၅ ကျပ်လောက်မြတ်လိုက်ပါသေးတယ် ။ အတီးလေးကလည်း အခေါက်ကိုကစားရင်း ၃ကျပ်လောက် ခိုင်လိုက်ပါသေးတယ် ။ အဲ့ဒီမှာ ခင်ဗျားရယ် အနဲလေးရယ် အတီးလေးရယ် က သံပုရာသီးလေးတွေဆီကနေ ၈ ကျပ်ဖိုးလောက်နွှာလိုက်ပြီးပါပြီ ။ ပြီးတော့ ကိုယ့်ဘဏ့်အကောင့်ထဲကိုဝင်လာတဲ့ပိုက်ဆံကို Call Deposit ပြန်ထားတော့ ဘဏ်ဆီကနေလည်း နေ့စဉ်အတိုးရပါသေးတယ် ။

ခင်ဗျားလဲပေးလိုက်ရတဲ့ငွေသားအတွက်လည်း စိတ်မပူပါနဲ့ နေ့စဉ် စားသောက်ကုန်ရောင်းရငွေထဲကနေ ငွေသားအရွက်တွေပြန်ထွက်လာပါလိမ့်မယ် ။ ဟုတ်ပြီ အဲ့ဒါဆို တခုပြန်ထောက်မယ် ။ သိန်းတစ်ထောင်ဆို သိန်းတစ်ထောင်လုံးမြတ်တာမှ မဟုတ်တာ ကိုးရာလောက်က အရင်း ၊ Supplier တွေကိုပြန်ချေရသေးတယ်လို့ ပြောလို့ရပါတယ် ။

စိတ်မပူပါနဲ့ ။Supplier company သေးသေးလေးတွေကို ချက် နဲ့ပြန်ရှင်းပေးလို့ရပါတယ် ။ သူတို့ဖာသူသူတို့ တိုးဝှေ့ပြီး ထုတ်ကြပေတော့ ။ မရဘူး တချို့ Item တွေက မဖြစ်မနေ ငွေသားနဲ့ချေပေးမှရမှာ ။ ကိစ္စမရှိပါဘူး ။ May လ ၃ ရက်နေ့နောက်ပိုင်းဖွင့်တဲ့ အကောင့်သစ်မှန်သမျှ ငွေသားထည့်ရင် ငွေသား အကန့်အသတ်မရှိပြန်ထုတ်ပေးဖို့ ညွှန်ကြားထားတဲ့ ဗဟိုဘဏ် ဥပဒေကရှိနေပါသေးတယ် ။

ကိုယ့်ရဲ့ Super Market Branch တွေ ၊ အနဲလေး တို့ရဲ့ လျှို့ဝှက် Exchange ကောင်တာတွေ ၊ အတီးလေးတို့ရဲ့ ရွှေတွင်းတွေ ၊ အညာသားကြီးရဲ့ ဆီဆိုင်တွေဆီကနေ နေ့စဉ် ဗုံးဘောလအောတိုးဝင်နေတဲ့ ငွေသားတွေကို တဘဏ်ဘဏ်ကိုလာကောက်ခိုင်း ၊ အလကားငွေရေခိုင်းပြီး နောက်နှစ်ရက်လောက်နေရင်ပြန်ထုတ်ရုံပေါ့ ။

တကယ့် အဆီအသား ပွဲတော်ကြီးပါပဲ ။ အနှစ်တွေချည်းပဲစားရတာပါ ။ ဒါတောင် အောက်ပြည်ဆန်သူဌေးတွေ ၊ ပဲကုန်သည်ကြီးတွေကို ထည့်မတွက်ထားသေးပါဘူး ။ ဒီ process လေးကို သေချာတွေးကြည့်မယ်ဆိုရင် ဒီကာလအတွင်းမှာ ဘယ်သူတွေ အမြတ်ထွက်နေတယ် ၊ ဘယ်သူတွေ နစ်နာနေမယ် ဆိုတာ တွေးကြည့်လို့ရပါတယ် ။

ဒါကြောင့် ဒီကာလမှာ နိုင်ငံရေးအခက်အခဲကို ဗန်းပြီပြီး ဘယ်သူတွေကောလဟာလ ကို တွင်တွင်ကျယ်ကျယ်ဖြန့်နေလည်းဆိုတာ သိလောက်ပါပြီ ။ တခါက ဂျာနယ်တစ်စောင်မှာ ဥရောပ Brand တွေ စီးနိုင်တယ်၊ ဆီစားကြီးလွန်းလို့ Toyota ကိုပဲရွေးစီးတာ လို့ သူသိရှင်ကြားပြောဖူးတဲ့ ရိုးသားကြိုးသား အောင်သူမိုးသား ဆိုတဲ့ ရွှေသူဌေးလေးတစ်ယောက်ကတော့

Octane 95 တစ်လီတာ 1060 ဖြစ်သွားတဲ့ တော်လှန်ရေးကာလအတွင်းမှာပဲ သူ့ရဲ့ Toyota Landcrusier လေးကို ပစ်ပယ်ပြီး မာစီးဒီးစ် ကိုပြောင်းစီးသွားခဲ့ပါပြီ ။ ကျွန်တော်တို့ကတော့ ၁၀ သိန်းကို ငွေသား၉ သိန်း နဲ့လဲပေးမယ်ဆိုတဲ့ ဂြိုလ်သားဈေးကွက်ကို ခုံမင်နေတုန်း ။ ပြောချင်တာက ဒါပါပဲ ။ ကိုယ့်ပိုက်ဆံကိုယ် ထုတ်တာ မှန်ပါတယ် ။ လက်လည်းလက်ခံပါတယ် ။

အားလည်းအားပေးပါတယ် ။ ဒါပေမယ့် ကိုယ့်ပိုက်ဆံကိုယ် အချိန်ယူပြီး သွေးအေးအေးနဲ့ အပြည့်ရမှ ထုတ်ကြပါလို့ ။ ရာခိုင်နှုန်း အလျှော့ခံပြီး ကိုယ့်ပိုက်ဆံကို သူများအိပ်ကပ်ထဲ လွယ်လွယ်လေး မပြောင်းပေးလိုက်ပါနဲ့ ။ ကိုယ်ပဲ နစ်နာလို့ပါ ။ ရိုးရိုးလေး စဉ်းစားကြည့်ပါ ။ ကိုယ့်ဘဏ့်အကောင့်ထဲကပိုက်ဆံကိုယူပြီး သူ့လက်ထဲကငွေသားနဲ့ လဲပေးတယ်ဆိုကတည်းက

အဲ့ဒီလဲပေးတဲ့သူက ဘဏ်ကိုယုံလို့ပေါ့ ။ သူသာ ဘဏ်တွေပြိုမယ်ထင်ရင် သူ့လက်ထဲကငွေသားပိုက်ဆံကို ကိုယ့်ဘဏ့်အကောင့်ထဲက ပိုက်ဆံနဲလဲပေးပါ့မလား ။ တကယ့်ကို ရိုးရိုးလေးပါပဲ ။ ပြောချင်တာက ဒါပါပဲ ။
Credit – ကိုချောနကျယ်
ကိုချောနကျယ်ရဲ့ရေးသားချက်အာဘော်အားပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါတယ်။