
ပြည်သူ့အစိုးရနဲ့ ဆွေးနွေးတော့မယ့် အာဆီယံ
အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးအထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်း ( ဒု ) နိုင်ငံခြားရေးဝန်ကြီး ယူစွတ်ရဲ့ တင်ပြမှု့တွေကို လက်ခံရရှိခဲ့တယ် ။
အာဏာသိမ်းပြီး တိုင်းပြည်ကို ပရမ်းပတာဖြစ်အောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ လမ်းပြမြေပုံဟာ တိုးတက်မှု့မရှိပဲ လိမ်ညာမှု့တစ်ခုသာဖြစ်တယ်လို့ ယူစွတ်က တင်ပြခဲ့တာပါ ။
ဧပြီလတုန်းက စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက် ၅ ချက်ဟာ စစ်ကောင်စီနဲ့အတူ ဘယ်လိုမှ အကောင်အထည်မဖော်နိုင်ဘူးလို့ တင်ပြထားပါတယ် ။
” အာဆီယံကို ကတိပေးခဲ့ပြီးမှ ၊ ဆောင်ရွက်ဖို့ ပျက်ကွက် ၊ ရှောင်လွှဲနေတာတွေဟာ နောက်ကြောင်းပြန်ဖို့ကိုသာ ဦးတည်နေတယ်ဆိုတာ သိသာနေပါပြီ ၊
မြန်မာစစ်တပ်ကို အသိအမှတ်မပြုပဲ ၊ ပြည်သူကိုကိုယ်စားပြုတဲ့ NUG အစိုးရနဲ့သာ ဆွေးနွေးသင့်ပါတယ် ” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ERYWAN YUSOF က ဗုဒ္ဓဟူးနေ့မှာ တင်ပြခဲ့ပါတယ် ။
အထူးကိုယ်စားလှယ် ယူစွတ်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို မဖိတ်ကြားပဲ
အရိပ်အစိုးရလို့ခေါ်တဲ့ NUG ကို ဖိတ်ကြားဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးများနဲ့ တိုင်ပင်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တာပါ ။
အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ စိတ်လျှော့လိုက်ကြပါပြီ ။ မလေးရှားဝန်ကြီးကတော့ ကွာလာလမ်ပူရဲ့
မြန်မာ့အရေး ကြိုးပမ်းမှု့ကို မြန်မာစစ်တပ်က လစ်လျူထားမယ်ဆိုရင် စစ်ခေါင်းဆောင်ကို ထုတ်ပယ်ပြီး အရိပ်အစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ ရိုက်တာရဲ့အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။
” အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်တပ်ကို ထုတ်ပယ်လိုက်ခြင်းဟာ အများသဘောတူ ဆုံးဖြတ်ချက်နဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင်ဖို့အတွက် အာဆီယံရဲ့ ကြီးမားသော ခြေလှမ်းဖြစ်လိမ့်မယ် ”
လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ် ။
အထူးကိုယ်စားလှယ် ယူစွတ်ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး အခြေအနေကို လေ့လာဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တို့ကို အဆိုပြုခဲ့ပေမယ့် ၊
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က လေးလေးစားစား ဖြေကြားမှု့မရှိခဲ့ပါဘူးလို့ ယူစွတ်က တင်ပြထားပါတယ် ။
အာဆီယံ လူ့အခွင့်အရေးကော်မရှင် ( AICHR ) မှ ရှေ့နေတစ်ဦးဖြစ်သူ ပေါလ်ဆင် က ” မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အတူလက်တွဲပြီး အဖြေရှာဖို့က ပိုမိုခက်ခဲခြင်းဆီကိုသာ ဦးတည်ပါလိမ့်မယ် ” တဲ့ ။
ဒါကတော့ အယ်လ်ဂျာဇီးးးယား သတင်းဌာနနဲ့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှု့တွေပါ ။
ဘကြီးအောင် LA
————
ျပည္သူ႔အစိုးရနဲ႔ ေဆြးေႏြးေတာ့မယ့္ အာဆီယံ
အာဆီယံေခါင္းေဆာင္ေတြဟာ ျမန္မာ့အေရးအထူးကိုယ္စားလွယ္ျဖစ္သူ ဘ႐ူႏိုင္း ( ဒု ) ႏိုင္ငံျခားေရးဝန္ႀကီး ယူစြတ္ရဲ႕ တင္ျပမႈ႕ေတြကို လက္ခံရရွိခဲ့တယ္ ။
အာဏာသိမ္းၿပီး တိုင္းျပည္ကို ပရမ္းပတာျဖစ္ေအာင္ လုပ္ေဆာင္ေနတဲ့ ျမန္မာစစ္ေကာင္စီရဲ႕ လမ္းျပေျမပုံဟာ တိုးတက္မႈ႕မရွိပဲ လိမ္ညာမႈ႕တစ္ခုသာျဖစ္တယ္လို႔ ယူစြတ္က တင္ျပခဲ့တာပါ ။
ဧၿပီလတုန္းက စစ္ေခါင္းေဆာင္ကိုယ္တိုင္ သေဘာတူခဲ့တဲ့ အခ်က္ ၅ ခ်က္ဟာ စစ္ေကာင္စီနဲ႔အတူ ဘယ္လိုမွ အေကာင္အထည္မေဖာ္ႏိုင္ဘူးလို႔ တင္ျပထားပါတယ္ ။
” အာဆီယံကို ကတိေပးခဲ့ၿပီးမွ ၊ ေဆာင္႐ြက္ဖို႔ ပ်က္ကြက္ ၊ ေရွာင္လႊဲေနတာေတြဟာ ေနာက္ေၾကာင္းျပန္ဖို႔ကိုသာ ဦးတည္ေနတယ္ဆိုတာ သိသာေနပါၿပီ ၊
ျမန္မာစစ္တပ္ကို အသိအမွတ္မျပဳပဲ ၊ ျပည္သူကိုကိုယ္စားျပဳတဲ့ NUG အစိုးရနဲ႔သာ ေဆြးေႏြးသင့္ပါတယ္ ” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ERYWAN YUSOF က ဗုဒၶဟူးေန႔မွာ တင္ျပခဲ့ပါတယ္ ။
အထူးကိုယ္စားလွယ္ ယူစြတ္ဟာ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွာ က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ စစ္ေကာင္စီကို မဖိတ္ၾကားပဲ
အရိပ္အစိုးရလို႔ေခၚတဲ့ NUG ကို ဖိတ္ၾကားဖို႔အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားနဲ႔ တိုင္ပင္ေနတယ္လို႔ ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့တာပါ ။
အဖြဲ႕ဝင္ ၁၀ ဦးပါဝင္တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ စစ္ေကာင္စီနဲ႔ ညႇိႏႈိင္းဖို႔ စိတ္ေလွ်ာ့လိုက္ၾကပါၿပီ ။ မေလးရွားဝန္ႀကီးကေတာ့ ကြာလာလမ္ပူရဲ႕
ျမန္မာ့အေရး ႀကိဳးပမ္းမႈ႕ကို ျမန္မာစစ္တပ္က လစ္လ်ဴထားမယ္ဆိုရင္ စစ္ေခါင္းေဆာင္ကို ထုတ္ပယ္ၿပီး အရိပ္အစိုးရနဲ႔ ေဆြးေႏြးသြားမယ္လို႔ ႐ိုက္တာရဲ႕အေမးကို ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။
” အာဆီယံထိပ္သီးအစည္းအေဝးကေန ျမန္မာစစ္တပ္ကို ထုတ္ပယ္လိုက္ျခင္းဟာ အမ်ားသေဘာတူ ဆုံးျဖတ္ခ်က္နဲ႔ ၿငိမ္းခ်မ္းစြာ ပူးေပါင္းပါဝင္ဖို႔အတြက္ အာဆီယံရဲ႕ ႀကီးမားေသာ ေျခလွမ္းျဖစ္လိမ့္မယ္ ”
လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္ ။
အထူးကိုယ္စားလွယ္ ယူစြတ္ဟာ ျမန္မာႏိုင္ငံကို လာေရာက္ၿပီး အေျခအေနကို ေလ့လာဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္တို႔ကို အဆိုျပဳခဲ့ေပမယ့္ ၊
စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္က ေလးေလးစားစား ေျဖၾကားမႈ႕မရွိခဲ့ပါဘူးလို႔ ယူစြတ္က တင္ျပထားပါတယ္ ။
အာဆီယံ လူ႔အခြင့္အေရးေကာ္မရွင္ ( AICHR ) မွ ေရွ႕ေနတစ္ဦးျဖစ္သူ ေပါလ္ဆင္ က ” ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ အတူလက္တြဲၿပီး အေျဖရွာဖို႔က ပိုမိုခက္ခဲျခင္းဆီကိုသာ ဦးတည္ပါလိမ့္မယ္ ” တဲ့ ။
ဒါကေတာ့ အယ္လ္ဂ်ာဇီးးးယား သတင္းဌာနနဲ႔ ႐ိုက္တာသတင္းဌာနရဲ႕ ေမးျမန္းမႈ႕ေတြပါ ။
ဘႀကီးေအာင္ LA