လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလရောက်ရင် ဒေါ်လာဈေး ပုံမှန်ပြန်ဖြစ်ပြီလို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ပြောကြား

လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလရောက်ရင် ပို့ကုန်ဝင်ငွေတွေ ရလာတော့မှာကြောင့် ဒေါ်လာဈေး ပုံမှန်ပြန်ဖြစ်ပြီလို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ပြောကြား

ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က ရှေ့လာမယ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလကိုရောက်ရင် နိုင်ငံခြားပို့ကုန်ဝင်ငွေတွေ ရလာတော့မှာဖြစ်လို့ ဒေါ်လာဈေးနှုန်းဟာ

ပုံမှန်အနေအထားကို ပြန်ရောက်သွားလိမ့်မယ်လို့ ရိုက်တာသတင်းဌာနရဲ့ဖုန်းဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားလိုက်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်က တစ်ဒေါ်လာကို မြန်မာငွေ ၁,၃၉၅ ကျပ်သာ ပေါက်ဈေးရှိခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ ပြီးခဲ့တဲ့

စက်တင်ဘာလ ၂၈ ရက်နေ့က ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် စံချိန်တင်မြင့်တက်သွားခဲ့ပြီး တစ်ဒေါ်လာကို မြန်မာငွေ ၂,၇၀၀ ကျပ်အထိ ရောက်ရှိသွားခဲ့ပါတယ်။

SAC(န.စ.က)ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာ့စီးပွားရေးကဏ္ဍ ကမောက်ကမဖြစ်နေရတာဟာ ပြင်ပ,ပယောဂတွေနဲ့

ကိုဗစ်ကူးစက်မှုတွေကြောင့်ဖြစ်တယ်လို့ အသိပေးထားပြီး ပြည်တွင်းဒေါ်လာလိုအပ်ချက်ကို ဗဟိုဘဏ်ဘက်က ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်းလည်း သူက ဝန်ခံသွားခဲ့ပါတယ်။

ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က လာမယ့်နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ နိုင်ငံခြားငွေရရှိမှု မြင့်တက်လာမယ်လို့ မျှော်လင့်ထားပြီး

အဲ့ဒီကာလကိုရောက်တာနဲ့ ဒေါ်လာဈေးတွေ ထပ်ကျလာလိမ့်မယ်လို့ ဦးဝင်းသော်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

“ပြည်ပပို့ကုန်ရငွေတွေ ဝင်လာမယ်ဆိုရင် ဒေါ်လာဈေးက နောက်ထပ် ထပ်တက်နိုင်ဖို့ မရှိတော့ပါဘူး။ တဖြည်းဖြည်းချင်း ဒေါ်လာဈေး ကျဆင်းလာပြီး ပုံမှန်အနေအထားဆီကို ရောက်သွားပါလိမ့်မယ်”လို့ ဦးဝင်းသော်က အသိပေးသွားခဲ့ပါတယ်။

Source – The Asahi Shimbun

———

လာမယ့္ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလေရာက္ရင္ ပို႔ကုန္ဝင္ေငြေတြ ရလာေတာ့မွာေၾကာင့္ ေဒၚလာေဈး ပုံမွန္ျပန္ျဖစ္ၿပီလို႔ ဗဟိုဘဏ္ ဒုတိယဥကၠဌ ေျပာၾကား

ဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က ေရွ႕လာမယ္ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလကိုေရာက္ရင္ ႏိုင္ငံျခားပို႔ကုန္ဝင္ေငြေတြ ရလာေတာ့မွာျဖစ္လို႔ ေဒၚလာေဈးႏႈန္းဟာ

ပုံမွန္အေနအထားကို ျပန္ေရာက္သြားလိမ့္မယ္လို႔ ႐ိုက္တာသတင္းဌာနရဲ႕ဖုန္းဆက္သြယ္ေမးျမန္းမႈကို ေျဖၾကားရာမွာ ထည့္သြင္းေျပာၾကားလိုက္ေၾကာင္း သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မတိုင္ခင္က တစ္ေဒၚလာကို ျမန္မာေငြ ၁,၃၉၅ က်ပ္သာ ေပါက္ေဈးရွိခဲ့တဲ့ ႏိုင္ငံျခားေငြလဲႏႈန္းဟာ ၿပီးခဲ့တဲ့

စက္တင္ဘာလ ၂၈ ရက္ေန႔က ေၾကာက္မက္ဖြယ္ရာေကာင္းေလာက္ေအာင္ စံခ်ိန္တင္ျမင့္တက္သြားခဲ့ၿပီး တစ္ေဒၚလာကို ျမန္မာေငြ ၂,၇၀၀ က်ပ္အထိ ေရာက္ရွိသြားခဲ့ပါတယ္။

SAC(န.စ.က)ရဲ႕ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ျမန္မာ့စီးပြားေရးက႑ ကေမာက္ကမျဖစ္ေနရတာဟာ ျပင္ပ,ပေယာဂေတြနဲ႔

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ျဖစ္တယ္လို႔ အသိေပးထားၿပီး ျပည္တြင္းေဒၚလာလိုအပ္ခ်က္ကို ဗဟိုဘဏ္ဘက္က ျဖည့္ဆည္းေပးႏိုင္ျခင္း မရွိေသးေၾကာင္းလည္း သူက ဝန္ခံသြားခဲ့ပါတယ္။

ဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က လာမယ့္ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလေတြမွာ ႏိုင္ငံျခားေငြရရွိမႈ ျမင့္တက္လာမယ္လို႔ ေမွ်ာ္လင့္ထားၿပီး

အဲ့ဒီကာလကိုေရာက္တာနဲ႔ ေဒၚလာေဈးေတြ ထပ္က်လာလိမ့္မယ္လို႔ ဦးဝင္းေသာ္က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

“ျပည္ပပို႔ကုန္ရေငြေတြ ဝင္လာမယ္ဆိုရင္ ေဒၚလာေဈးက ေနာက္ထပ္ ထပ္တက္ႏိုင္ဖို႔ မရွိေတာ့ပါဘူး။ တျဖည္းျဖည္းခ်င္း ေဒၚလာေဈး က်ဆင္းလာၿပီး ပုံမွန္အေနအထားဆီကို ေရာက္သြားပါလိမ့္မယ္”လို႔ ဦးဝင္းေသာ္က အသိေပးသြားခဲ့ပါတယ္။

Source – The Asahi Shimbun