လူထုရဲ့အသိဉာဏ် က အာဏာရှင်တွေ ထက် တစ်ဆင့်ပိုမိုမြင့်မားနေဟု

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပကတိအခြေအနေတွေကို လက်မခံနိုင်ပဲ စိတ်ပညာအရ Fantasy Thinking စိတ်ကူးယဉ်စကားတွေကို ပြောဆိုနေတာဖြစ်တယ်လို့လည်း သူက သုံးသပ် ပြောကြားခဲ့ပါတယ်။

လူထုရဲ့အသိဉာဏ်က အာဏာရှင်တွေထက် တဆင့်ပိုမိုမြင့်မားနေဟု CDM ဗိုလ်ကြီး ကျော်သီဟ ပြောကြား

ပြည်သူတွေကို ရက်စက်စွာ ချေမှုန်းပြလိုက်ခြင်းအားဖြင့် ကြောက်ရွံ့ငြိမ်ဝပ်သွားလိမ့်မယ်လို့ စစ်အာဏာရှင်တွေက တွက်ဆခဲ့ပေမယ့် လက်ရှိ မြန်မာလူထုရဲ့ အသိဉာဏ်က အာဏာရှင်တွေထက် တဆင့်ပိုမိုမြင့်မားနေတဲ့အတွက်

ကြောက်ရွံ့ပိပြားမယ့်အစား ထွက်ပေါက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ်က လက်ထောက်ကထိက စိတ်ပညာဆရာဝန် ဗိုလ်ကြီး ဒေါက်တာကျော်သီဟ က RFA ကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပကတိအခြေအနေတွေကို လက်မခံနိုင်ပဲ စိတ်ပညာအရ Fantasy Thinking စိတ်ကူးယဉ်စကားတွေကို ပြောဆိုနေတာဖြစ်တယ်လို့လည်း သူက သုံးသပ် ပြောကြားခဲ့ပါတယ်။ ဗိုလ်ကြီး ကျော်သီဟကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

———–




