
လာမည့် နှစ်ရက်အတွင်း (အောက်တိုဘာ၁၀ရက် နှင့် ၁၁ရက်) လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ရန်ကုန်တိုင်း အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်းတက်ခြင်း၊
မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကသတိပေး ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုငပြီး တစ်ကြိမ်မှာ မုန်တိုင်း ဖြစ်လာနိုင်ခြေရှိကြောင်း ဆိုထားပါတယ်။ လက်ရှိတွင် လေထုမငြိမ်မသက်မှုများ ဖြစ်နေပြီး
မုတ်သုန်ဆုတ်ခွာချိန် ဖြစ်သည့်အတွက် နိုင်ငံတွင်း နေရာအချို့တွင် မိုးတိမ်တောင်တွေ ဖြစ်ထွန်းကာ လေပြင်းတိုက်ခင်း၊ မိုး သည်းထန်စွာရွာခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
ထို့အတူု မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မုတ်သန်အား ကောင်းနေသည့်အတွက် ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေ သတွေမှာ လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။
မိုးလေဝသ စေတနာရှင်မလေး စုစုစံ ခန့်မှန်းချက်အရ”ရခိုင်ရိုးမ အရှေ့သတိ။ တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကို အရှေ့မှအေနောက်သို့လာရောက်မှာ ဖြစ်ပါတယ်။
ကမ္ဘာအမြင့်ပေ ၁၅၀၀၀၀မှ ၁၈၀၀၀၀အမြင့် လေဝဲလည်လာမယ့်လေထုသည် မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့ အခါပေ၅၀၀၀အထိ စိုက်ဆင်းလာမှာဖြစ်ပြီး ရခိုင်ရိုးမနှင့်
ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာ ရခိုင်ရိုးမအရှေ့ဖက်တောင်တန်းတွေပေါ်မှာ မိုးများစွာ ရွာသွန်းနိုင်သဖြင့် ဧရာဝ တီတိုင် းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်
း ပြည်ခရိုင် မ ကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင်မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်းမံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည်
စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။
ဧရာဝတီဖြစ် အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျားချောင်းဖျားခံတဲ့ မြစ်ချောက်းအနီး နေထိုင်ကြသူတွေ အထူးသတိထားရမှာဖြစ်သလို ရေထိမခံနိုင်တဲ့လုပ်ငန်း လုပ်ဆောင်နေသူများ ရိတ်သိမ်းနေကတဲ့
တောင်သူလယ်သမားများ ဆည်တမံ တာ ဝန်ခံ Engineers များ ပျက်စီးမှုမရှိစေရန် ကြိုတင်သိရှိ ပြင် ဆင်နိင်ရန် ရက်ကြိုတင်ပြီး ခန့်မှန်းပေးလိုက်ရတာ ဖြစ်ပါတယ်ရှင့်” ဆိုပြီး ကြိုတင်အသိပေး ထုတ်ပြန်ထားပါတယ်။ခရက်ဒစ်
———-
လာမည့္ ႏွစ္ရက္အတြင္း (ေအာက္တိုဘာ၁၀ရက္ ႏွင့္ ၁၁ရက္) ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚလာႏိုင္ၿပီး ရန္ကုန္တိုင္း အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒသမ်ားတြင္ ေလျပင္းတက္ျခင္း၊
မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း စသည္တို႔ ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလဒုတိယၫႊန္ၾကားေရးမႉး ဦးလွထြန္းကသတိေပး ေျပာၾကားလိုက္ပါတယ္။
ေအာက္တိုဘာလအတြင္း ေလဖိအားနည္းရပ္ဝန္း သုံးႀကိမ္ျဖစ္ေပၚႏိုငၿပီး တစ္ႀကိမ္မွာ မုန္တိုင္း ျဖစ္လာႏိုင္ေျခရွိေၾကာင္း ဆိုထားပါတယ္။ လက္ရွိတြင္ ေလထုမၿငိမ္မသက္မႈမ်ား ျဖစ္ေနၿပီး
မုတ္သုန္ဆုတ္ခြာခ်ိန္ ျဖစ္သည့္အတြက္ ႏိုင္ငံတြင္း ေနရာအခ်ိဳ႕တြင္ မိုးတိမ္ေတာင္ေတြ ျဖစ္ထြန္းကာ ေလျပင္းတိုက္ခင္း၊ မိုး သည္းထန္စြာ႐ြာျခင္း၊ မိုးႀကိဳးပစ္ျခင္းတို႔ ျဖစ္ေပၚႏိုင္ေၾကာင္း သိရပါတယ္။
ထို႔အတူု ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ မုတ္သန္အား ေကာင္းေနသည့္အတြက္ ရန္ကုန္ အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒ သေတြမွာ ေလျပင္းတိုက္ျခင္း၊ မိုးသည္းထန္စြာ ႐ြာသြန္းျခင္းတို႔ ျဖစ္ႏိုင္တယ္လို႔ မိုးဇလမွ ခန႔္မွန္းေပးထားပါတယ္။
မိုးေလဝသ ေစတနာရွင္မေလး စုစုစံ ခန႔္မွန္းခ်က္အရ”ရခိုင္႐ိုးမ အေရွ႕သတိ။ ေတာင္တ႐ုတ္ပင္လယ္ျပင္မွ မုန္တိုင္းေတြရဲ႕အထက္ေလစီး UAC upper air circulation conditions မ်ားသည္ ျမန္မာႏိုင္ငံကို အေရွ႕မွေအေနာက္သို႔လာေရာက္မွာ ျဖစ္ပါတယ္။
ကမာၻအျမင့္ေပ ၁၅၀၀၀၀မွ ၁၈၀၀၀၀အျမင့္ ေလဝဲလည္လာမယ့္ေလထုသည္ ျမန္မာႏိုင္ငံ ပဲခူး႐ိုးမေပၚေရာက္ရွိလာတဲ့ အခါေပ၅၀၀၀အထိ စိုက္ဆင္းလာမွာျဖစ္ၿပီး ရခိုင္႐ိုးမႏွင့္
ထိေတြ႕ကာ ေအာက္တိုဘာလ ၁၂ရက္ ၁၃ရက္ေတြမွာ ရခိုင္႐ိုးမအေရွ႕ဖက္ေတာင္တန္းေတြေပၚမွာ မိုးမ်ားစြာ ႐ြာသြန္းႏိုင္သျဖင့္ ဧရာဝ တီတိုင္ းအေနာက္ပိုင္း ပဲခူးတိုင္းအေနာက္ပိုင္
း ျပည္ခ႐ိုင္ မ ေကြးတိုင္းအေနာက္ပိုင္း သရက္ခ႐ိုင္မင္းတုန္း မေကြးခ႐ိုင္ မင္းဘူးခ႐ိုင္ စကု ပြင့္ျဖဴ ေ႐ႊစက္ေတာ္လပဒါန္းမံဇလီ ကံျပား ကန္ဇြန္းမ ေလာင္းရွည္
ေစတုတၱရာ မုန္းဆည္ မန္းဆည္ ၿပီးအုံၿပီးဝဆည္ ရင္းရွည္တမံ စလင္းတမံ လင္းဇင္းဆည္ အိုက္းမဆည္ စလင္း ေရွာက္ေတာ ဆင္ျဖဴကြၽန္း ဆိပ္ျဖဴ ေဒသေတြမွာ မိုးမ်ားစြာ ႐ြာသြန္းႏိုင္ပါတယ္။
ဧရာဝတီျဖစ္ အေနာက္ဖက္ပိုင္း ရခိုင္႐ိုးမကို ျမစ္ဖ်ားေခ်ာင္းဖ်ားခံတဲ့ ျမစ္ေခ်ာက္းအနီး ေနထိုင္ၾကသူေတြ အထူးသတိထားရမွာျဖစ္သလို ေရထိမခံႏိုင္တဲ့လုပ္ငန္း လုပ္ေဆာင္ေနသူမ်ား ရိတ္သိမ္းေနကတဲ့
ေတာင္သူလယ္သမားမ်ား ဆည္တမံ တာ ဝန္ခံ Engineers မ်ား ပ်က္စီးမႈမရွိေစရန္ ႀကိဳတင္သိရွိ ျပင္ ဆင္နိင္ရန္ ရက္ႀကိဳတင္ၿပီး ခန႔္မွန္းေပးလိုက္ရတာ ျဖစ္ပါတယ္ရွင့္” ဆိုၿပီး ႀကိဳတင္အသိေပး ထုတ္ျပန္ထားပါတယ္။ခရက္ဒစ္