
မြန်မာနိုင်ငံ နေရာအတော်များများ…တွေ ဖြစ်ပေါ်နေတဲ့အပေါ် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်ကြောင်းနဲ့စစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ထိုင်းနိုင်ငံက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ်စည်းဝေးပွဲအတွင်း ရရှိခဲ့တဲ့တွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရေးနဲ့မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေး စတဲ့အချက်တွေပါဝင်တဲ့ အဲဒီ သဘောတူညီချက် ၅ ခုကို မြန်မာဘက်က အကောင်အထည် ဖော်လိုတဲ့ဆန္ဒ ရှိတယ်ဆိုတာ မတွေ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အနီးကပ်စောင့်ကြည့်နေခဲ့ကြောင်း၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုင်းနိုင်ငံအပေါ် မျှော်လင့်ချက်ထားကြတယ်ဆိုတာ သူတို့အနေနဲ့ သဘောပေါက်ကြောင်း Tanee Sangrat က ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြန်မာနိုင်ငံကိစ္စကို သံတမန်ရေး နည်းလမ်းအရ တိတ်တဆိတ်ဆောင်ရွက်တဲ့နည်းလမ်းက ပိုပြီး ထိရောက်မယ်လို့ ယုံကြည်တဲ့အတွက် အဲဒီနည်းလမ်းအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံတို့ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ရှိနေတဲ့အချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သူတို့ရဲ့သဘောထားကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
———-
ျမန္မာႏိုင္ငံ ေနရာအေတာ္မ်ားမ်ား…ေတြ ျဖစ္ေပၚေနတဲ့အေပၚ ထိုင္းႏိုင္ငံအေနနဲ႔ စိုးရိမ္ပူပန္ေၾကာင္းနဲ႔စစ္ေခါင္းေဆာင္ေတြ အေနနဲ႔ အာဆီယံနဲ႔ ရရွိထားတဲ့ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ထိုင္းႏိုင္ငံက ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ ဧၿပီလ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ အေရးေပၚစည္းေဝးပြဲအတြင္း ရရွိခဲ့တဲ့ေတြ အဆုံးသတ္ေရး၊ ႏိုင္ငံေရးေဆြးေႏြးမႈေတြ လုပ္ေဆာင္ေရးနဲ႔ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ေ႐ြးခ်ယ္ခန္႔အပ္ေရး စတဲ့အခ်က္ေတြပါဝင္တဲ့ အဲဒီ သေဘာတူညီခ်က္ ၅ ခုကို ျမန္မာဘက္က အေကာင္အထည္ ေဖာ္လိုတဲ့ဆႏၵ ရွိတယ္ဆိုတာ မေတြ႕ရေၾကာင္း ထိုင္းႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ အနီးကပ္ေစာင့္ၾကည့္ေနခဲ့ေၾကာင္း၊ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ထိုင္းႏိုင္ငံအေပၚ ေမွ်ာ္လင့္ခ်က္ထားၾကတယ္ဆိုတာ သူတို႔အေနနဲ႔ သေဘာေပါက္ေၾကာင္း Tanee Sangrat က ေျပာပါတယ္။
အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းတိုင္ပင္ၿပီး ျမန္မာႏိုင္ငံကိစၥကို သံတမန္ေရး နည္းလမ္းအရ တိတ္တဆိတ္ေဆာင္႐ြက္တဲ့နည္းလမ္းက ပိုၿပီး ထိေရာက္မယ္လို႔ ယုံၾကည္တဲ့အတြက္ အဲဒီနည္းလမ္းအတိုင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထိုင္းႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ တ႐ုတ္ႏိုင္ငံတို႔ လာမယ့္ရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံမွာ ေတြ႕ဆုံဖို႔ရွိေနတဲ့အခ်ိန္မွာ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ထိုင္းႏိုင္ငံျခားေရးဌာနက သူတို႔ရဲ႕သေဘာထားကို အခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။