တော်လှန်ရေး အတွက် အလှူခံနေသူတွေနဲ့ပတ်သက်လို့ ပန်ဆယ်လို ပြော

တော်လှန်ရေးမှာ စိတ်ထားတတ်ဖို့ လိုကြောင်း ဘဝတူ အလှူခံပြီးပြန်လှူနေသူတွေကို ဟိုရက်က ရေးပြီးပြီ။ ဒီနေ့တော့ တိုက်ရိုက်အလှူခံသူတွေကို မေတ္တာရပ်ခံရဦးမယ်။
ကျွန်တော်တို့အဖွဲ့မှာ ဟိုဆယ်လီမရှိဘူး၊

ဒီဆယ်လီမရှိဘူးဆိုပြီး ခနဲ့တဲ့တဲ့ ဖောင်းထုပြီး အလှူခံကြတာ၊ ဆယ်လီတွေကိုလှူကြ၊ ကျွန်တော်တို့က ငတ်နေပြီဘာညာ ဆဲဆိုပြီးအလှူခံတာတွေ အတွေ့ရစိတ်လာတယ်။ ခံစားချက်ကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာရယ်၊ တွေးဖို့ ကျန်ခဲ့တာလေးတွေကို ကျိုးနွံစွာ ဖြည့်ပေးချင်ပါတယ်။

မြေပြင်မှာ ဖြစ်နေတဲ့ ခါးသီးတဲ့အမှန်တရားတစ်ခုကို ထည့်တွက်ပေးဖို့ လိုပါတယ်။ မြေပြင်က လူငယ်တွေရဲ့ ဓါတ်ပုံတွေ Video တွေကို ပြပြီး PDF လူငယ်ပါ၊ အဖွဲ့ပါဆိုပြီး လိုက်လိမ်နေကြတဲ့ လူလိမ်တွေ အများကြီးပါ။ ကျွန်မလည်း အတွင်းကျကျ လိုက်စိစစ်နိုင်လို့သာပါ။ အဲ့လိုလူလိမ်တွေ ကျွန်မဆီတောင် ခဏခဏ ရောက်လာပါတယ်။ အစပိုင်းမှာ စစ်နေတဲ့ကြားက ကျွန်မရဲ့ အားနည်းချက်ကြောင့် ၁၀ သိန်းတစ်ခါ အလိမ်ခံထိခဲ့ဖူးတာ အားလုံးအသိပါပဲ။

လှူနေကြတဲ့ ပြည်သူတွေဘက်က တွေးကြည့်ရအောင်ပါ။ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် လက်လှမ်းမမှီသူတွေအနေနဲ့ အခုလိုလူလိမ်တွေနဲ့ PDF အစစ်အမှန်တွေကို ခွဲခြားဖို့ ခက်ပါတယ်။ အလိမ်ခံလိုက်ရသူတွေလည်း အများအပြားပါ။

ဒါ့အပြင် အချို့တွေရဲ့ လှူနိုင်စွမ်းပမာဏက ၃၀၀၀၊ ၅၀၀၀ လောက်တွေပါ။ သူတို့အနေနဲ့ ဒီပမာဏလောက်လှူဖို့ အဖွဲ့မှန်လား၊ အလိမ်လား စစ်တတ်ရင်တောင် စစ်နိုင်ဖို့အခွင့်အရေးနည်းပါတယ်။ ၃၀၀၀၊၅၀၀၀ လောက်ဆိုတာကလည်း ခြစ်ခြုတ်လှူရတဲ့ လူတန်းစားရဲ့ ငွေပမာဏဖြစ်တာကြောင့် သူတို့အတွက် အရမ်းတန်ဖိုးရှိပါတယ်။ ဒီအချက်တွေကြောင့် ပြည်သူတွေဟာ သူတို့ယုံကြည်တဲ့ လူသိများသူတွေကတဆင့် ကူညီကြတာပါ။

လူသိများတဲ့ အလှူခံပြီး ပြန်လှူပေးနေသူတွေဘက်မှာလည်း အခြေအနေက အမျိုးမျိုးအဖုံဖုံ ရှိပါတယ်။ ဇာတ်နာပြသလို ဖြစ်မှာစိုးလို့ အသေးစိတ်မပြောတော့ဘူး။ ငွေစီးဆင်းရာ လမ်းကြောင်းတွေကို စကစလက်ထဲက လွတ်နိုင်ဖို့ အတော်ကြိုးစားရုန်းကန်နေရတယ်ဆိုတာက အကြမ်းဖျင်းပါ။

အလှူငွေခွဲဝေရေးမှာလည်း ရရှိတဲ့အလှူငွေနဲ့ အကူအညီတောင်းခံလာတဲ့ အဖွဲ့ပမာဏမှာ တစ်ဖွဲ့မကျန် ကူညီဖို့မဖြစ်နိုင်ပါဘူး။ အယောင်ဆောင် အဖွဲ့အမည်ခံထားတဲ့ဟာတွေကို ဖယ်လိုက်ဦး၊ NUG အောက်က PDF, Local PDF, မြို့နယ်ပကဖ၊ UG အဖွဲ့ စတဲ့ အဖွဲ့ပေါင်းစုံ ရာထောင်ချီပါပဲ။

အလှူခံပေးနေတဲ့ ဆယ်လီတွေဆိုတာကလည်း မလုပ်ဘဲ ဘေးထိုင်နေလည်း ရနေလျက်နဲ့ နာမည်အပေါင်ထားပြီး အလှူခံ ပြန်ပို့နဲ့ ထောက်ပို့လုပ်ပေးနေတာပါ။ ရိုးသားနေရင်တောင် မဟုတ်တန်းတရား တိုက်ခိုက်ခံရတာတွေ ရှိသလို မရိုးမသားလုပ်ခဲ့ရင်လည်း သေချာပေါက် ပေါ်လာမှာ ဖြစ်ပါတယ်။

ကျွန်မကတော့ အလှူလာခံသူတွေထဲက ခိုင်မာသေချာသူတွေကို မျှဝေပေးသလို အလှူလာမခံရင်တောင် တကယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွေဆီက PDFတွေဆီ စဆက်သွယ်ပြီး ကူပါတယ်။ ဘယ်နှဖွဲ့ကူပေးနိုင် မကူပေးနိုင်ကတော့ ရရှိအလှူငွေပေါ် မူတည်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင်လည်း လုံခြုံရေးအရ ထုတ်ပြလို့မရသေးတဲ့ အဖွဲ့တွေကလွဲရင် ပေါ်တင်ကြေညာတိုက်နေတဲ့ အဖွဲ့တွေဆိုရင် အချိန်နဲ့တပြေးညီ တင်ပေးထားပါတယ်။

အဲ့တော့ အခက်အခဲတွေကို နားလည်ပါတယ်။ အခက်အခဲတွေကိုလည်း ပြန်လည်နားလည်ဖို့ လိုပါတယ်။ ဆယ်လီတွေလည်း ဘယ်သူ့ကိုမှ မစောင်းမမြောင်း ပွဲမရှာဘဲ အလှူခံ ပြန်ခွဲပို့ပေးကြပါ။ ဆယ်လီမဟုတ်သူ မြေပြင်အဖွဲ့သားတွေလည်း ခနဲ့တဲ့တဲ့၊ ဖောင်းထုတာတွေ မလုပ်ဘဲ လက်လှမ်းမှီရာ အလှူခံကြပါ။ အခက်အခဲတွေက အားလုံးမှာ ရှိနေတာမို့ အတူကျော်လွှားကြရအောင်ပါ။

ကျွန်မတို့မှာ ကျွန်မတို့ပဲ ရှိတယ်မဟုတ်လား။

ပန်ဆယ်လို

———-

ေတာ္လွန္ေရးမွာ စိတ္ထားတတ္ဖို႔ လိုေၾကာင္း ဘဝတူ အလႉခံၿပီးျပန္လႉေနသူေတြကို ဟိုရက္က ေရးၿပီးၿပီ။ ဒီေန႔ေတာ့ တိုက္႐ိုက္အလႉခံသူေတြကို ေမတၱာရပ္ခံရဦးမယ္။
ကြၽန္ေတာ္တို႔အဖြဲ႕မွာ ဟိုဆယ္လီမရွိဘူး၊

ဒီဆယ္လီမရွိဘူးဆိုၿပီး ခနဲ႔တဲ့တဲ့ ေဖာင္းထုၿပီး အလႉခံၾကတာ၊ ဆယ္လီေတြကိုလႉၾက၊ ကြၽန္ေတာ္တို႔က ငတ္ေနၿပီဘာညာ ဆဲဆိုၿပီးအလႉခံတာေတြ အေတြ႕ရစိတ္လာတယ္။ ခံစားခ်က္ကို နားလည္ေပးလို႔ရပါတယ္။ ဒါေပမယ့္ ျဖစ္သင့္တာရယ္၊ ေတြးဖို႔ က်န္ခဲ့တာေလးေတြကို က်ိဳးႏြံစြာ ျဖည့္ေပးခ်င္ပါတယ္။

ေျမျပင္မွာ ျဖစ္ေနတဲ့ ခါးသီးတဲ့အမွန္တရားတစ္ခုကို ထည့္တြက္ေပးဖို႔ လိုပါတယ္။ ေျမျပင္က လူငယ္ေတြရဲ႕ ဓါတ္ပုံေတြ Video ေတြကို ျပၿပီး PDF လူငယ္ပါ၊ အဖြဲ႕ပါဆိုၿပီး လိုက္လိမ္ေနၾကတဲ့ လူလိမ္ေတြ အမ်ားႀကီးပါ။ ကြၽန္မလည္း အတြင္းက်က် လိုက္စိစစ္ႏိုင္လို႔သာပါ။ အဲ့လိုလူလိမ္ေတြ ကြၽန္မဆီေတာင္ ခဏခဏ ေရာက္လာပါတယ္။ အစပိုင္းမွာ စစ္ေနတဲ့ၾကားက ကြၽန္မရဲ႕ အားနည္းခ်က္ေၾကာင့္ ၁၀ သိန္းတစ္ခါ အလိမ္ခံထိခဲ့ဖူးတာ အားလုံးအသိပါပဲ။

လႉေနၾကတဲ့ ျပည္သူေတြဘက္က ေတြးၾကည့္ရေအာင္ပါ။ ေတာ္လွန္ေရးထဲ ထဲထဲဝင္ဝင္ လက္လွမ္းမမွီသူေတြအေနနဲ႔ အခုလိုလူလိမ္ေတြနဲ႔ PDF အစစ္အမွန္ေတြကို ခြဲျခားဖို႔ ခက္ပါတယ္။ အလိမ္ခံလိုက္ရသူေတြလည္း အမ်ားအျပားပါ။

ဒါ့အျပင္ အခ်ိဳ႕ေတြရဲ႕ လႉႏိုင္စြမ္းပမာဏက ၃၀၀၀၊ ၅၀၀၀ ေလာက္ေတြပါ။ သူတို႔အေနနဲ႔ ဒီပမာဏေလာက္လႉဖို႔ အဖြဲ႕မွန္လား၊ အလိမ္လား စစ္တတ္ရင္ေတာင္ စစ္ႏိုင္ဖို႔အခြင့္အေရးနည္းပါတယ္။ ၃၀၀၀၊၅၀၀၀ ေလာက္ဆိုတာကလည္း ျခစ္ျခဳတ္လႉရတဲ့ လူတန္းစားရဲ႕ ေငြပမာဏျဖစ္တာေၾကာင့္ သူတို႔အတြက္ အရမ္းတန္ဖိုးရွိပါတယ္။ ဒီအခ်က္ေတြေၾကာင့္ ျပည္သူေတြဟာ သူတို႔ယုံၾကည္တဲ့ လူသိမ်ားသူေတြကတဆင့္ ကူညီၾကတာပါ။

လူသိမ်ားတဲ့ အလႉခံၿပီး ျပန္လႉေပးေနသူေတြဘက္မွာလည္း အေျခအေနက အမ်ိဳးမ်ိဳးအဖုံဖုံ ရွိပါတယ္။ ဇာတ္နာျပသလို ျဖစ္မွာစိုးလို႔ အေသးစိတ္မေျပာေတာ့ဘူး။ ေငြစီးဆင္းရာ လမ္းေၾကာင္းေတြကို စကစလက္ထဲက လြတ္ႏိုင္ဖို႔ အေတာ္ႀကိဳးစား႐ုန္းကန္ေနရတယ္ဆိုတာက အၾကမ္းဖ်င္းပါ။

အလႉေငြခြဲေဝေရးမွာလည္း ရရွိတဲ့အလႉေငြနဲ႔ အကူအညီေတာင္းခံလာတဲ့ အဖြဲ႕ပမာဏမွာ တစ္ဖြဲ႕မက်န္ ကူညီဖို႔မျဖစ္ႏိုင္ပါဘူး။ အေယာင္ေဆာင္ အဖြဲ႕အမည္ခံထားတဲ့ဟာေတြကို ဖယ္လိုက္ဦး၊ NUG ေအာက္က PDF, Local PDF, ၿမိဳ႕နယ္ပကဖ၊ UG အဖြဲ႕ စတဲ့ အဖြဲ႕ေပါင္းစုံ ရာေထာင္ခ်ီပါပဲ။

အလႉခံေပးေနတဲ့ ဆယ္လီေတြဆိုတာကလည္း မလုပ္ဘဲ ေဘးထိုင္ေနလည္း ရေနလ်က္နဲ႔ နာမည္အေပါင္ထားၿပီး အလႉခံ ျပန္ပို႔နဲ႔ ေထာက္ပို႔လုပ္ေပးေနတာပါ။ ႐ိုးသားေနရင္ေတာင္ မဟုတ္တန္းတရား တိုက္ခိုက္ခံရတာေတြ ရွိသလို မ႐ိုးမသားလုပ္ခဲ့ရင္လည္း ေသခ်ာေပါက္ ေပၚလာမွာ ျဖစ္ပါတယ္။

ကြၽန္မကေတာ့ အလႉလာခံသူေတြထဲက ခိုင္မာေသခ်ာသူေတြကို မွ်ေဝေပးသလို အလႉလာမခံရင္ေတာင္ တကယ္တိုက္ပြဲျဖစ္ေနတဲ့ေနရာေတြဆီက PDFေတြဆီ စဆက္သြယ္ၿပီး ကူပါတယ္။ ဘယ္ႏွဖြဲ႕ကူေပးႏိုင္ မကူေပးႏိုင္ကေတာ့ ရရွိအလႉေငြေပၚ မူတည္ပါတယ္။ ပြင့္လင္းျမင္သာမႈရွိေအာင္လည္း လုံၿခဳံေရးအရ ထုတ္ျပလို႔မရေသးတဲ့ အဖြဲ႕ေတြကလြဲရင္ ေပၚတင္ေၾကညာတိုက္ေနတဲ့ အဖြဲ႕ေတြဆိုရင္ အခ်ိန္နဲ႔တေျပးညီ တင္ေပးထားပါတယ္။

အဲ့ေတာ့ အခက္အခဲေတြကို နားလည္ပါတယ္။ အခက္အခဲေတြကိုလည္း ျပန္လည္နားလည္ဖို႔ လိုပါတယ္။ ဆယ္လီေတြလည္း ဘယ္သူ႔ကိုမွ မေစာင္းမေျမာင္း ပြဲမရွာဘဲ အလႉခံ ျပန္ခြဲပို႔ေပးၾကပါ။ ဆယ္လီမဟုတ္သူ ေျမျပင္အဖြဲ႕သားေတြလည္း ခနဲ႔တဲ့တဲ့၊ ေဖာင္းထုတာေတြ မလုပ္ဘဲ လက္လွမ္းမွီရာ အလႉခံၾကပါ။ အခက္အခဲေတြက အားလုံးမွာ ရွိေနတာမို႔ အတူေက်ာ္လႊားၾကရေအာင္ပါ။

ကြၽန္မတို႔မွာ ကြၽန္မတို႔ပဲ ရွိတယ္မဟုတ္လား။

ပန္ဆယ္လို