ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံပေါင်း ၁၇၀၀ ကျော်အထိ သုံးမယ်လို့ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ် ရေးဆွဲထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီ

အောက်တိုဘာလ ကနေလာမဲ့ မတ်လကုန်အထိ သုံးမယ့် ခြောက်လတာ ဘတ်ဂျတ်ကိုစစ်ကောင်စီက ရေးဆွဲထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်ရေးဆွဲထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံပေါင်း ၁၇၀၀ ကျော်အထိ သုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ နိုင်ငံဝန်ထမ်းအားလုံးကို လစာပေးချေနေရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနပြီးရင် ဒုတိယအများဆုံးအသုံးစရိတ်လည်း ဖြစ်ပါတယ်။

ခြောက်လတာ ဘတ်ဂျတ်အတွက် ဘီလီယံ ကိုးထောင်ကျော်သုံးစွဲမှာပဲဖြစ်လို့ စုစုပေါင်းသုံးငွေရဲ့ ၁၅% ဝန်းကျင် တပ်က သုံးစွဲမှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါဟာပြီးခဲ့ဘဏ္ဍာနှစ်တွေကထက် ကာကွယ်ရေးအသုံးစရိတ်ကို လျှော့ထားတာလို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်က ခြောက်လတာ ဘတ်ဂျတ်ကို ပြန်ကြည့်မယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံ ၁၃၀၀ ကျော် တောင်းခံခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လာမယ့် ၆လ အသုံးစရိတ်က ၂၀၁၈ ခုနှစ်ကထက် ကာကွယ်ရေးအသုံးစရိတ်က ပိုများနေပါတယ်။

တိုက်ပွဲတွေ ဖြစ်နေသလို လက်နက်ခဲယမ်းတွေဝယ်ရတာရှိလို့ စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းတာ မထူးဆန်းဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ခြောက်လဘတ်ဘတ်ဂျတ်ထဲ ထူးခြားမှုတစ်ခုအနေနဲ့ ပညာရေးအသုံးစရိတ်ကို ဘီလီယံတစ်ထောင်ကျော်သုံးဖို့ခွင့်ပြုထားတာတွေ့ရပြီး ကျန်းမာရေးအသုံးစရိတ်ထက်တောင်များနေတာကို တွေ့ရပါတယ်။

ကျန်းမာရေး အသုံးစရိတ်ကတော့ ဘီလီယံ ငါးရာပဲ လျာထားတာတွေ့ရပြီး ကိုဗစ်အထူးရန်ပုံငွေကို ဘီလီယံ တစ်ရာ နဲ့ ပေါင်းရင်‌တောင် ဘီလီယံ ၆ ရာပဲရှိနေတာ ဖြစ်ပါတယ်။

Source – ဘီဘီစီမြန်မာပိုင်း

———– 

ေအာက္တိုဘာလ ကေနလာမဲ့ မတ္လကုန္အထိ သုံးမယ့္ ေျခာက္လတာ ဘတ္ဂ်တ္ကိုစစ္ေကာင္စီက ေရးဆြဲထုတ္ျပန္လိုက္ပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္ေရးဆြဲထုတ္ျပန္ခဲ့တဲ့ ဘတ္ဂ်တ္မွာ ကာကြယ္ေရးအသုံးစရိတ္ကို ဘီလီယံေပါင္း ၁၇၀၀ ေက်ာ္အထိ သုံးစြဲသြားမယ္လို႔ ထုတ္ျပန္ပါတယ္။

ဒါဟာ ႏိုင္ငံဝန္ထမ္းအားလုံးကို လစာေပးေခ်ေနရတဲ့ စီမံကိန္းနဲ႔ဘ႑ာေရး ဝန္ႀကီးဌာနၿပီးရင္ ဒုတိယအမ်ားဆုံးအသုံးစရိတ္လည္း ျဖစ္ပါတယ္။

ေျခာက္လတာ ဘတ္ဂ်တ္အတြက္ ဘီလီယံ ကိုးေထာင္ေက်ာ္သုံးစြဲမွာပဲျဖစ္လို႔ စုစုေပါင္းသုံးေငြရဲ႕ ၁၅% ဝန္းက်င္ တပ္က သုံးစြဲမွာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒါဟာၿပီးခဲ့ဘ႑ာႏွစ္ေတြကထက္ ကာကြယ္ေရးအသုံးစရိတ္ကို ေလွ်ာ့ထားတာလို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္က ေျခာက္လတာ ဘတ္ဂ်တ္ကို ျပန္ၾကည့္မယ္ဆိုရင္ ကာကြယ္ေရးအသုံးစရိတ္ကို ဘီလီယံ ၁၃၀၀ ေက်ာ္ ေတာင္းခံခဲ့တာေတြ႕ရပါတယ္။ ဒါေၾကာင့္ လာမယ့္ ၆လ အသုံးစရိတ္က ၂၀၁၈ ခုႏွစ္ကထက္ ကာကြယ္ေရးအသုံးစရိတ္က ပိုမ်ားေနပါတယ္။

တိုက္ပြဲေတြ ျဖစ္ေနသလို လက္နက္ခဲယမ္းေတြဝယ္ရတာရွိလို႔ စစ္ေကာင္စီက ကာကြယ္ေရးအသုံးစရိတ္ တိုးေတာင္းတာ မထူးဆန္းဘူးလို႔ ႏိုင္ငံေရးအကဲခတ္ေတြက သုံးသပ္ပါတယ္။

ေျခာက္လဘတ္ဘတ္ဂ်တ္ထဲ ထူးျခားမႈတစ္ခုအေနနဲ႔ ပညာေရးအသုံးစရိတ္ကို ဘီလီယံတစ္ေထာင္ေက်ာ္သုံးဖို႔ခြင့္ျပဳထားတာေတြ႕ရၿပီး က်န္းမာေရးအသုံးစရိတ္ထက္ေတာင္မ်ားေနတာကို ေတြ႕ရပါတယ္။

က်န္းမာေရး အသုံးစရိတ္ကေတာ့ ဘီလီယံ ငါးရာပဲ လ်ာထားတာေတြ႕ရၿပီး ကိုဗစ္အထူးရန္ပုံေငြကို ဘီလီယံ တစ္ရာ နဲ႔ ေပါင္းရင္‌ေတာင္ ဘီလီယံ ၆ ရာပဲရွိေနတာ ျဖစ္ပါတယ္။

Source – ဘီဘီစီျမန္မာပိုင္း