
ကားဖိုးတတ်နိုင်တယ် ဆီဖိုးမတတ်နိုင်ဘူး ဆိုသူများ အတွက် ဆီစားသက် သာအောင် ဘယ်လို မောင်းနှင်မလဲ
ခုလို ဆီဈေးနှုန်းတွေမြ င့်တက်နေတဲ့ ကာလမှာ ဆီစား သက် သာအောင် ဘယ်လိုမောင်းနှင်မလဲ ဆိုတာ အရေးကြီးတဲ့အ ချက်တစ်ချက်ဖြ စ်လို့လာနေပါ တယ်။ ဒါကြောင့်မို့ လောင်စာ ဆီစားနှုန်းကို ၃၀% လောက်ထိလျော့ ချနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကိုပြန်လည်မျှဝေ လိုက်ပါတယ်။
အောက်ပါလွယ် ကူရိုးရှင်းတဲ့ အချက်ေ တွအတိုင်း လိုက်နာမော င်းနှင်ပြီး တစ်လစာဆီ ဖိုးလေးတွေ လျှော့ချကြ ည့်ရအောင်။
၁။ ကားကိုအကြမ်းမမောင်းပါနဲ့။
ဆိုလိုချင်တာ ကကားသမားစကားေြ ပာရရင် ခြေနင်းမကြမ်းဖို့ ပြောတာပါ။ ပျှမ်းမျှအားဖြင့် ကားတစ်စီး ကို စထွက်ရာက ၂၅ km/h လောက်အထိရောက်ဖို့ အနည်းဆုံး ၅ စက္ကန့်လောက် ယူနင်းပါ။ လီဗာကပ်တဲ့ အထိနင်းပြီး အရှိန် တင်တာက ဆီစားနှုန်း မတရားတက်စေပါတယ်။
အလားတူပဲ အရှိန်လျော့တဲ့ နေရာ မှာလဲ အရှိန်နဲ့ မောင်းနေရာက ဘရိတ်ဖိအုပ်ပြီး ရပ်တာမျိုးမလုပ်ပါနဲ့။ အဝေးကနေ traffic အနေ အထားကို ကြိုကြည့်ပြီး လီဗာကိုပဲကစားကာအရှိန်ကို လျှော့သင့်ရင်ေ လျှာ့ပါ။
ကားကို လုံးဝရပ်လိုက်ပြီး ပြန်အရှိန်ယူ ရတာက ဖြည်းဖြည်းချင်းမော င်းနှင်တာထက်ဆီပို စားပါတယ်။နောက်တစ်ခုက အခုလို အရှိန်ကြိုလျော့ပြီး မောင်းနှင်ခြင်းက ကိုယ့်ကားရဲ့ ဘရိတ်တွေကိုလည်း ပွန်းစားမှုသ က်သာစေပါတယ်။
၂။ အရှိန်နှုန်းကိုထိန်းမောင်းပါ။
တတ်နိုင် သလောက် မိမိကားရဲ့ speed ကို တသမတ်တည်းဖြ စ်အောင် မောင်းနှင်ပါ။ ဂျပန်နိုင်ငံက လေ့လာချက်တစ်ခုအရ ကားအရှိန်အတင် အချလုပ်ခြင်းကြောင့် ဆီစားနှုန်းကို ၂၀%-၄၈% အထိ တိုးလာစေတယ်လို့ ဆိုထားပါတယ်။
အကြမ်းဖျင်းအားဖြင့် ဟိုင်းဝေးလမ်းမပေါ်မှာ ၉၀ km/h နဲ့မောင်းနေတဲ့ ကားတစ်စီးကို ၁၀၅ km/h လောက်တင်လိုက်ရင်၁၀-၁၅% နဲ့ ၁၂၀ km/h လောက်အရှိန်တင်လိုက်ရင် ၂၀% အထိ အသီးသီး ဆီစားနှုန်းပိုတက်လာနိုင်ပါတယ်။
Natural Resources Canada ရဲ့ သုတေသန တစ်ခုအရကားအမျိုးအစားအားလုံးအတွက်ပျှမ်းမျှ ဆီစားနှုန်း အသက်သာဆုံး အရှိန်နှုန်းဟာ ၅၀ နဲ့ ၉၀ km/h ကြားမှာ ရှိတယ်လို့ဆိုပါတယ်။
ဟိုင်းဝေးမော င်းနှင်ရာမှာလဲ rpm ၂၀၀၀-၂၅၀၀ ကြားသာနင်းသင့်ပြီးတော့Cruise Control ပါတဲ့ကားတွေမှာ Cruise Control သုံးပြီးမောင်းနှင်ခြင်းဟာ ဆီစားနှုန်းကို သိသိသာသာကျဆင်းစေပါတယ်။
၃။ ကားစက်နှိုးပြီး အကြာကြီးရပ်ထားခြင်း ကိုရှောင်ကြဉ်ပါ။
traffic ကြားထဲရောက်နေတာနဲ့ မီးပွိုင့်မိနေတာ မျိုးမဟုတ်ရင် တစ်မိနစ်ကျော်လောက် ရပ်ထားရမယ့် ကိစ္စရှိတာနဲ့ idling လုပ်ထားမယ့်အစားကားကို စက်သတ်ပြီး ရပ်သင့်ပါတယ်။ နောက်ပြီး ကားစစခြင်း warming up လုပ်တဲ့အချိ န်မှာလည်း
(အင်ဂျင်ဆီပေးပုံ စနစ်အဟောင်းသုံးထားတဲ့ ကားဟောင်းတွေကလွဲရင်) ကားကိုအချိန်အကြာကြီး စက်နှိုးထားပြီး warming up လုပ်နေစရာ မလိုပါဘူး။ မလိုအပ်ပဲ ဆီ အလကားကုန်တဲ့ အပြင် အင်ဂျင်ကိုပါထိခိုက်နိုင်ပါတယ်။
၄။တာယာလေပေါင်ချိန်မှန်ပါစေ။
မိမိကားတာ ယာရဲ့လေပေါင်ကို ကိုယ် သွားမယ်ခရီး (မြို့တွင်း၊ ဟိုင်းဝေး) ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ လေပေါင်အတိုင်း အတိအကျ ဖြည့်ထားဖို့အရေးကြီးပါတယ်။ လေလျော့နေတဲ့ တာယာတွေကြောင့် ဆီစားနှုန်းကို ၆% အထိ ပိုတိုးလာစေနိုင်ပါတယ်။
၅။Air con ကိုအမြဲမဖွင့်ထားပါနဲ့။
အရှိန်းနှုန်းန ည်းနည်းနဲ့ မြို့တွင်းမောင်းနှင်ေ နချိန်တွေမှာ Air con ဖွင့်မောင်းခြင်းက အင်ဂျင်ကို load ပိုစေပြီး ဆီပိုစားစေပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာတစ်ချက် ကဟိုင်းဝေးအရှိန်နှုန်းမြင့် မောင်းနှင်တဲ့ အခါမှာတော့
Air con ရဲ့ load က မပြောပလောက်ေ တာ့ဘဲအကယ်၍ Air con ပိတ် မှန်ချပြီး မောင်းနှင်မယ် ဆိုရင်တောင် ဖြစ်ပေါ်လာမယ့် wind resistance ကြောင့် မှန်ပိတ် Air con ဖွင့်မောင်းတာထက် ဆီပိုစားနိုင် ပါသတဲ့။
၆။ လောင်စာဆီဂရိတ်အမှန်ထည့်ပါ။
ဈေးကြီးတဲ့ ဆီကို ထည့်မောင်းခြင်းက ဆီစားပိုသက်သာ လိမ့်မယ်လိုမဆို လိုပါဘူး။ ဥပမာ- 92 ပဲ ထည့်ရမယ့်ကားကို 97 ထည့်မောင်းမ ယ်ဆိုရင်လည်း ပိုက်ဆံပိုကုန်တာ အပြင်ဘာမှထူးပြီး ဆီစားနှုန်း မသက်သာပါဘူး။
ကိုယ့်ကား အင်ဂျင်အတွက် သတ်မှ တ်ထားတဲ့ အသင့်တော်ဆုံး လောင်စာဆီ ဂရိတ်ကိုသုံးမှသာ အကောင်းဆုံး performance နဲ့ အသက်သာဆုံးဆီစားနှုန်းကိုရမှာပါ။ ဒီတော့ကိုယ့်ကားရဲ့ owner’s manual မှာဘယ်လောင်စာဆီကို သုံးဖို့ ညွှန်းထားသလဲ ဆိုတာရှာပြီး အဲ့ဒီအတိုင်း ထည့်သွင်းအသုံးပြုပါ။
၇။ ကိုယ့်ကားအင်ဂျင်ကို ပုံမှန်ပြုပြင် ထိန်းသိမ်းမှုလုပ်ပေးပါ။
ကျနေတဲ့ အင်ဂျင်တ စ်လုံးက အင်ဂျင်အသစ် တစ်လုံးထက် ဆီ ၅၀% အထိ ပိုစားနိုင်တဲ့အပြင် လေထုထဲကိုလည်း emissions ၅၀% အထိ ပိုမိုထုတ် လွှတ်နိုင်ပါတယ်။
ဒါ့အပြင်အင်ဂျင်ဝိုင်၊ ပလပ် စတာတွေမကောင်းရင်လည်း ဆီစားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကားအင်ဂျင်ကို ကျွမ်းကျင်တဲ့ဝပ်ရှော့တစ်ခုခု မှာပုံမှန်စစ်ဆေးပြင်ဆ င်မှုလုပ်သင့်ပါတယ်။
အခြားအချ က်တွေအနေနဲ့ ကတော့အပို energy ကုန်တဲ့အ တွက် မလိုအပ်ဘဲ မီးမထိုးဖို့၊ wiper မသုံးဖို့နဲ့ ကားပေါ်မှာမလိုအပ်ဘဲလေးလံတဲ့ ပစ္စည်းတွေတင်ထားမိရင်လည်း ကားဝိတ်တိုး လာတဲ့အတွက် ဆီစားနှုန်းတိုး လာနိုင်ပါသေးတယ်။
ကဲ ဒီအချက်တွေလိုက် နာပြီးကိုယ့်ကားဘယ်ေ လာက်ထိဆီစားသ က်သာသွားလဲ၊ဆီဖိုး ပိုက်ဆံတွေ ဘယ်လောက် စုမိသွားသလဲဆိုတာ record လေးလုပ်ကြည့်ရအောင်ဗျာ။
Ref: eartheasy, Toyota, UCS blog,Respectfully Original uploader