
ပြည်တွင်း ရွှေဈေးနှုန်းအခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းကျော်အထိမြင့်တက်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ ၁၈ သိန်းကျော်အထိပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မှာ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားကို ၁၈၉၀၀၀၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁၇၅၈ ဒေါ်လာရှိတယ်လို့ YGEA ကထုတ်ပြန်ချက်အရသိရှိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကုန်လောက်က ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ ၂၂ သိန်းကျော်အထိမြင့်တက်ခဲ့ပြီး ၁၀ ရက်အကြာမှာရွှေဈေးပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။
ခုလိုပြန်လည်ကျဆင်းလာတာဟာ YGEA မှ တစ်ရက်ကို အခေါက်ရွှေပိသာချိန် ၂၀ကနေ ၅၀ ကြားထုတ်ရောင်းပေးနေတာတွေကြောင့် ပြည်တွင်းရွှေဈေးနှုန်းကပြန်လည်ကျဆင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်လာဈေး ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းတွေအပြင် YGEA မှ တစ်ရက်ကို အခေါက်ရွှေ ပိသာချိန် ၂၀ ကနေ ၅၀ ကြားထုတ်ရောင်းပေးနေတာတွေကြောင့်ပြည်တွင်းရွှေဈေးနှုန်းက ခုလိုပြန်လည်ကျဆင်းလာတာဖြစ်တယ်လို့ YGEA အသင်းတာဝန်ရှိသူကပြောပါတယ်။
YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “အဓိကတော့ ရွှေတွေရောင်းပေးနေလို့ပါ။အသင်းရုံးမှာတောက်လျှောက်ရောင်းပေးနေတယ်။ဝယ်တဲ့သူရှိတဲ့အထိရောင်းပေးသွားမယ်။
ခုဈေးကျလာမှန်းသိတော့ဝယ်တဲ့သူကလည်း နည်းသွားတယ်။နောက်ပြီးဒေါ်လာဈေးလည်းကျပါတယ်။ ကမ္ဘာ့ဈေးလည်းကျတယ် “လို့ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေတွေထုတ်ရောင်းပေးနေမှုကို ဝယ်ယူသူရှိတဲ့အထိနေ့စဉ်ရောင်းချပေးသွားမှာဖြစ်ကြောင်း
ရွှေတွေကိုစက်တင်ဘာလ ၃၀ ရက်နေ့ထဲကဒီနေ့အထိတစ်ရက်ကိုအခေါက်ရွှေပိသာချိန် ၂၀ ကနေ ၅၀ ကြားထုတ်ရောင်းပေးနေတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာ ရွှေဝယ်လိုအားထက် ရောင်းလိုအားက ပိုများလာနေတယ်လို့လည်း စျေးကွက်အတွင်းမှ သိရှိရပါတယ်။
———-
ျပည္တြင္း ေ႐ႊေဈးႏႈန္းအေခါက္ေ႐ႊတစ္က်ပ္သားကို ၂၂ သိန္းေက်ာ္အထိျမင့္တက္ခဲ့ၿပီး ေအာက္တိုဘာလ ၈ ရက္ေန႔မွာ ၁၈ သိန္းေက်ာ္အထိျပန္လည္က်ဆင္းလာခဲ့တာျဖစ္ပါတယ္။
ေအာက္တိုဘာလ ၈ ရက္ေန႔မွာ အကယ္ဒမီမီးလင္းေ႐ႊေဈး တစ္က်ပ္သားကို ၁၈၉၀၀၀၀ က်ပ္ရွိၿပီး ကမာၻ႔ေ႐ႊေဈးက ၁ ေအာင္စကို ၁၇၅၈ ေဒၚလာရွိတယ္လို႔ YGEA ကထုတ္ျပန္ခ်က္အရသိရွိရပါတယ္။
ၿပီးခဲ့တဲ့စက္တင္ဘာလကုန္ေလာက္က ျပည္တြင္းအေခါက္ေ႐ႊတစ္က်ပ္သားကို ျမန္မာက်ပ္ေငြ ၂၂ သိန္းေက်ာ္အထိျမင့္တက္ခဲ့ၿပီး ၁၀ ရက္အၾကာမွာေ႐ႊေဈးျပန္လည္က်ဆင္းလာတာျဖစ္ပါတယ္။
ခုလိုျပန္လည္က်ဆင္းလာတာဟာ YGEA မွ တစ္ရက္ကို အေခါက္ေ႐ႊပိသာခ်ိန္ ၂၀ကေန ၅၀ ၾကားထုတ္ေရာင္းေပးေနတာေတြေၾကာင့္ ျပည္တြင္းေ႐ႊေဈးႏႈန္းကျပန္လည္က်ဆင္းလာတာျဖစ္တယ္လို႔ ဆိုပါတယ္။
ေဒၚလာေဈး ကမာၻ႔ေ႐ႊေဈး က်ဆင္းျခင္းေတြအျပင္ YGEA မွ တစ္ရက္ကို အေခါက္ေ႐ႊ ပိသာခ်ိန္ ၂၀ ကေန ၅၀ ၾကားထုတ္ေရာင္းေပးေနတာေတြေၾကာင့္ျပည္တြင္းေ႐ႊေဈးႏႈန္းက ခုလိုျပန္လည္က်ဆင္းလာတာျဖစ္တယ္လို႔ YGEA အသင္းတာဝန္ရွိသူကေျပာပါတယ္။
YGEA အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က “အဓိကေတာ့ ေ႐ႊေတြေရာင္းေပးေနလို႔ပါ။အသင္း႐ုံးမွာေတာက္ေလွ်ာက္ေရာင္းေပးေနတယ္။ဝယ္တဲ့သူရွိတဲ့အထိေရာင္းေပးသြားမယ္။
ခုေဈးက်လာမွန္းသိေတာ့ဝယ္တဲ့သူကလည္း နည္းသြားတယ္။ေနာက္ၿပီးေဒၚလာေဈးလည္းက်ပါတယ္။ ကမာၻ႔ေဈးလည္းက်တယ္ “လို႔ေျပာပါတယ္။
ျပည္တြင္းေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊေတြထုတ္ေရာင္းေပးေနမႈကို ဝယ္ယူသူရွိတဲ့အထိေန႔စဥ္ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း
ေ႐ႊေတြကိုစက္တင္ဘာလ ၃၀ ရက္ေန႔ထဲကဒီေန႔အထိတစ္ရက္ကိုအေခါက္ေ႐ႊပိသာခ်ိန္ ၂၀ ကေန ၅၀ ၾကားထုတ္ေရာင္းေပးေနတယ္လို႔သိရပါတယ္။
လက္ရွိအခ်ိန္မွာ ေ႐ႊဝယ္လိုအားထက္ ေရာင္းလိုအားက ပိုမ်ားလာေနတယ္လို႔လည္း ေစ်းကြက္အတြင္းမွ သိရွိရပါတယ္။