ပြည်သူများ စည်းလုံးညီညွှတ်မှု့မရှိဘဲ ပြည်ပအားကိုးခဲ့တဲ့အတွက် လွပ်လပ်ရေးဆုံးရှုံးရကြောင်း ဒုတပ်ချုပ်ပြော

ပြည်သူများ စည်းလုံးညီညွှတ်မှု့မရှိဘဲ ပြည်ပအားကိုးခဲ့တဲ့အတွက် လွပ်လပ်ရေးဆုံးရှုံးရကြောင်း ဒုတပ်ချုပ်အရှက်မရှိ ထပ်မံပြောကြားခဲ့ပါသည်။

မနေ့ကပြုလုပ်တဲ့ (၇၄) နှစ်မြောက်လွပ်လပ်ရေးနေ့ကျင်းပရေး အစည်းအဝေးမှာ စစ်ကောင်စီ၊ ဒုတပ်ချုပ်မှ ပြည်သူများ

စည်းလုံးညီညွှတ်မှုမရှိဘဲ ပြည်ပအားကိုးခဲ့တဲ့အတွက် လွပ်လပ်ရေးဆုံးရှုံးရကြောင်း ကိုထည့်သွင်းပြောဆိုခဲ့ပါသည်။

စနစ်တကျဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံအင်အားတောင့်တင်းမှာဖြစ်ကြောင်း၊ ပြည်သူအချင်းချင်း မင်းညီမင်းသားအချင်းချင်း

ညီညွှတ်မှုမရှိဘဲ ပြည်ပအားကိုးခဲ့သည့်အတွက် လွပ်လပ်ရေးဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါသည်။

လက်ရှိမှာ စစ်ကောင်စီဟာ ကမ္ဘာသံတမန်အရေးမှာ ကျရှုံးလျက်ရှိပြီး ယခင်အစိုးရများလက်ထက်ကအတိုင်း ပြည်ပအားကိုးရန်မလိုကြောင်းပြန်လည်ဝါဒဖြန့်လာတာပဲဖြစ်ပါသည်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ရုရှား၊ တရုတ်၊ ယူကရိန်းတို့ထံမှာ အထောက်အပံ့တွေရဖို့ ကြိုးစားနေရတာလည်းဖြစ်ပါသည်။

————–






