
ဘုံသဘောတူချက်ကို တောင်စကားမတည်နိူင်သေးတဲ့ မြန်မာစစ်ခေါင်းဆောင် အာဆီယံနဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောဆို
ပြည်တွင်းတည်ငြိမ်မှု ရရှိရေးအတွက် အရှေ့အောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ တနာရီကျော်ကျော်လောက် တွေ့ဆုံခဲ့ကြတာပါ။
အာဆီယံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နဲ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် မင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောကြားခဲ့တာပါ။တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို မင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောပြခဲ့ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနဲ့ အာဆီယံအကြားက သဘောတူညီချက်တွေကိအကောင်အထည်ဖော်ဖို့ တရုတ်ဘက်ကအားပေးကြောင်း၊ အဲဒီအတွက် တရုတ်ဘက်ကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကူညီ ပါဝင်ပေးသွားမှာကြောင်း သံအမတ်ကြီး Chen Hai က ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံတို့ ဇွန်လ ၇ ရက်နေ့မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ မတွေ့ဆုံခင် တရုတ်သံအမတ်ကြီးနဲ့ မြန်မာစကစခေါင်းဆောင်တို့ တွေ့ဆုံတာဖြစ်ပါတယ်။
———-
ဘုံသေဘာတူခ်က္ကို ေတာင္စကားမတည္ႏိူင္ေသးတဲ့ ျမန္မာစစ္ေခါင္းေဆာင္ အာဆီယံနဲ႔ လက္တြဲလုပ္ဖို႔ ဆႏၵရွိေၾကာင္း ေျပာဆို
ျပည္တြင္းတည္ၿငိမ္မႈ ရရွိေရးအတြက္ အေရွ႕ေအာင္အာရွႏိုင္ငံမ်ားအဖြဲ႕ အာဆီယံနဲ႔ လက္တြဲလုပ္ေဆာင္သြားဖို႔ ဆႏၵရွိေၾကာင္း မင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။
အာဆီယံရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof နဲ႔ အာဆီယံအတြင္းေရးမႉးခ်ဳပ္ Lim Jock Hoi ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ မင္းေအာင္လႈိင္နဲ႔ ၿပီးခဲ့တဲ့ ဇြန္လ ၄ ရက္ေန႔က ေနျပည္ေတာ္မွာ တနာရီေက်ာ္ေက်ာ္ေလာက္ ေတြ႕ဆုံခဲ့ၾကတာပါ။
အာဆီယံကိုယ္စားလွယ္အဖြဲ႕နဲ႔ ေတြ႕ဆုံခဲ့တဲ့ အေျခအေနေတြကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai နဲ႔ ဇြန္လ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆုံစဥ္ မင္းေအာင္လႈိင္က တ႐ုတ္သံအမတ္ကို ေျပာၾကားခဲ့တာပါ။ေတြ႕ဆုံမႈအတြင္း ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြကို မင္းေအာင္လႈိင္က တ႐ုတ္သံအမတ္ကို ေျပာျပခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ေတြ႕ဆုံမႈအတြင္း ျမန္မာနဲ႔ အာဆီယံအၾကားက သေဘာတူညီခ်က္ေတြကိအေကာင္အထည္ေဖာ္ဖို႔ တ႐ုတ္ဘက္ကအားေပးေၾကာင္း၊ အဲဒီအတြက္ တ႐ုတ္ဘက္ကလည္း အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန ကူညီ ပါဝင္ေပးသြားမွာေၾကာင္း သံအမတ္ႀကီး Chen Hai က ေျပာၾကားခဲ့တယ္လို႔ တ႐ုတ္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ တ႐ုတ္ႏိုင္ငံတို႔ ဇြန္လ ၇ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း ခ်ဳံက်င္းၿမိဳ႕မွာ မေတြ႕ဆုံခင္ တ႐ုတ္သံအမတ္ႀကီးနဲ႔ ျမန္မာစကစေခါင္းေဆာင္တို႔ ေတြ႕ဆုံတာျဖစ္ပါတယ္။