ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ရပ်တန့်လားရာအနေအထား၌ ကမ္ဘာ့ရွှေဈေး အတက်လားရာ မြဲနိုင်မလား..?

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရပ်တန့်လားရာအနေအထား၌ ကမ္ဘာ့ရွှေဈေး အတက်လားရာ မြဲနိုင်မလား ဆိုတာ

ခေတ်ကာလအဆက်ဆက်တို့၌ငွေကြေးဖောင်းပွမှုမြင့်တက်နေသည့်ကာလမျိုးတွေ၌ လူတွေဟာရွှေကိုဝယ်ယူလက်ကိုင်ထားကြပြီးတော့ မိမိတို့၏ပိုင်ဆိုင်မှုတန်ဖိုးကိုငွေကြေးဖောင်းပွမှုဒဏ်ကနေအကာအကွယ်လုပ်လေ့ရှိကြပါသည်။

2020 ခုနှစ်ထဲကမ္ဘာတဝန်းလုံး၌ ကိုဗစ်ကပ်ရောဂါ၏ ဒဏ်ကိုအလူးအလဲခံခဲ့ရပါသည်။ကပ်ရောဂါကြောင့်နောက်ဆက်တွဲစီးပွားရေးကျဆင်းခြင်း ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ကုန်စည်စျေးနှုန်းများမြင့်တက်ခြင်းစသည့်ဆိုးကျိုးတို့ကိုလည်းနိုင်ငံအများစုတို့၌ကြုံတွေ့ခဲ့ရပါသည်။

မျက်မှောက်ကာလမှာတောင် ကမ္ဘာတဝန်းလုံး၌ ရေနံနှင့်စွမ်းအင်စျေးနှုန်းများ မြင့်တက်နေသည့် ဒဏ်ကိုရင်ဆိုင်နေကြရပါသည်။၎င်းအနေအထားများရှိနေသော်လည်း ကမ္ဘာ့ရွှေစျေးနှုန်းကတော့ 2015 ခုနှစ်နောက်ပိုင်း၌တနှစ်တာအကျနှုန်းအများဆုံးရှိခဲ့သည့် နှစ်တနှစ်ဖြစ်ခဲ့ကြောင်း မျက်ဝါးထင်ထင်ကြုံတွေ့လိုက်ရပြီလည်းဖြစ်ပါသည်။

သမိုင်းကြောင်းအရတော့ ယခုလိုကမ္ဘာ့နိုင်ငံများ၌ ငွေကြေးဖောင်းပွမှုမြင့်တက်နေစဉ်ကာလမှာ ရွှေကိုဝယ်ယူရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်မှုဖြစ်စေနိုင်ပါသည်။1970 ခုနှစ်တုန်းကအမေရိကန်၌ စားသုံးသူစျေးဆညွှန်းကိန်းဟာ15% နီးပါးအထိအမြင့်ဆုံးရောက်ခဲ့ဖူးသည်။၎င်းအချိန်ကာလတုန်းက ရွှေကိုလက်ဝယ်ထားရှိမှုတွေလည်း မြင့်တက်ခဲ့ပါသည်။

UBS Global Wealth Management မှအမှုဆောင်ဒါရိုက်တာတဦးဖြစ်သူ Wayne Gordon ပြောခဲ့သည့်စကားအရ “ရွှေဟာ ရေတိုကာလငွေကြေးဖောင်းပွမှုကိုကျားကန်ဖို့ အတွက် မသင့်လျော်ဘူး၊ရေရှည်ကာလအတွက်ကြည့်ပါ”ဟူ၍ မှတ်သားဖူးပါသည်။

လက်ရှိအချိန်၌ကမ္ဘာ့တဝန်းလုံးတွင်ကုန်စည်နှင့် စားသောက်ကုန်စျေးနှုန်းများမြင့်တက်လျှက် ရှိနေသည်။ဥရောပနိုင်ငံများ၌ လောင်စာဆီရှားပါးပြတ်လပ်မှုတွေရှိနေကြပြီး ကုန်စည်စျေးနှုန်းများအလွန်မြင့်တက်နေသည့်ဒဏ်ကိုခံနေရသည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးတရုတ်နိုင်ငံမှာလည်းကျောက်မီးသွေးရှားပါးမှုများ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြုံနေရသည့်အပြင် Evergrandeကုမ္ပဏီကြီး၏ကြွေးမြီဂယက်ကလည်းရတက်မအေးရှိနေပါသည်။

အမေရိကန်၌လည်းငွေကြေးဖောင်းပွမှုအလွန်မြင့်တက်နေပြီး ဇွန်လတုန်းကဆိုလျှင်စားသုံးသူစျေးဆညွှန်းကိန်းက 4.5% အထိရောက်ခဲ့ပြီးအမေရိကန် Fed ဗဟိုဘဏ်က targetထားသည့် 2% နှုန်းအထက်ကိုတော်တော်ကြီးကျော်လွန်နေပြီဖြစ်သည်။

၎င်းနှုန်းဟာနှစ်ပေါင်း 30အတွင်းအမြင့်ဆုံးနှုန်းအဖြစ်လည်းစံချိန်တင်သွားခဲ့ပါသည်။ကမ္ဘာတဝန်းလုံးကိုကြည့်လျှင်ရောင်းလိုအားကွင်းဆက်လည်းအကြပ်အတည်းရှိနေဆဲဖြစ်ပြီး ကပ်ရောဂါမတိုင်ခင်ကအနေအထားကိုပြန်မရောက်နိုင်သေးဘဲရှိနေပါသည်။

လက်ရှိအချိန်အခါ၌အမေရိကန် Fedဗဟိုဘဏ်၊ဥရောပ ECBဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ် BOJ နှင့် အင်္ဂလန်ဗဟိုဘဏ် BOEတို့က ကမ္ဘာ့ရောင်းလိုအားကွင်းဆက်အဆက်ပြတ်မှု အနေအထားကိုအထူးသတိပြုနေကြရသည့်အနေအထား၌ ရှိနေကြပါသည်။

ကာလကြာရှည်ရောင်းလိုအားကွင်းဆက်ပြတ်တောက်မှုပြဿနာနှင့် အထွေထွေကုန်စျေးနှုန်းများ မြင့်တက်မှုပြဿနာများ ကြီးထွားလာလျှင် နိုင်ငံကြီးများတို့၌ စီးပွားရေးတန့်ရပ် (Stagflation) အနေအထား ဖြစ်နိုင်ချေအလားအလာများရှိလာနိုင်ကြောင်း ဘောဂဗေဒ ပညာရှင်များ၏သုံးသပ်ချက်များလည်းရှိလာပါသည်။

ကမ္ဘာ့ရွှေစျေးနှုန်းဟာမနှစ်ကရောက်ရှိခဲ့သည့် တအောင်စကို 2,075 ဒေါ်လာစျေးတန်းကနေ လက်ရှိသောကြာနေ့ အပိတ်စျေး 1,757 အထိအကျနှုန်း 18% နီးပါးရှိထားပါသည်။

အထက်ကဆိုခဲ့သည့် အချက်များအတိုင်းကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ stagflationအဆင့်သို့ရောက်ရှိခဲ့မည်ဆိုပါက ကမ္ဘာ့ရွှေစျေးကွက်ထဲသို့ရင်းနှီးမြှုပ်နှံသူများလှိမ့်ဝင်လာနိုင်သည့် အနေအထားမျိုးရှိနိုင်ပြီးရွှေစျေးနုန်းသည်လည်း Buy on the dipလုပ်ရန်အသင့်လျော်ဆုံး စျေးတန်းများ၌ရှိနေပြီလည်းဖြစ်သည်။

NangKhamThiriOo