နွားလိုမကျင့်နဲ့ ကျွဲလိုကျင့်

ကျွန်တော်က အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှုခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ်ပြန့်တဲ့ မြက်ခင်း လွင်ပြင်ကြီးတွေ ရှိတယ်။

နွားစားကျက်လုပ်ဖို့ နေရာကောင်းလို့ အဲဒီမှာ ကျွဲအုပ်နဲ့ နွားအုပ်ကို ရောပြီး တွေ့ရတယ် ။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကို ရောပြီး အတူတူ တွေ့ရတာ ဒီတနေရာထဲပဲ ရှိပါတယ် ။ အဲဒါကြောင့် ကျွန်တော်ဟာ ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေချာချာ လေ့လာခွင့် ရခဲ့ပါတယ်။

အဲဒီအထဲက လေပြင်းမုန်တိုင်း တိုက်ရင် သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။ အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။

နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကလျား လွင့်စင်သွားစေတယ်။ ဒါကြောင့် တချို့နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာ ရကုန်ကြတယ်။

ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။ မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်း တည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာ မမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။ အဲဒီ ခဏလေးကို ကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာ ခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿနာတခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။ စိတ်ပူတယ်။ သောကရောက်တယ်။ ကံကောင်းရင် ပြဿနာ အလိုလို ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။ မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာ ခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။ မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။

ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်၊ ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီးနေမယ် ဆိုရင် ပြဿနာဟာ နောက်က လိုက်လာမှာပါ။ ပြဿနာက ဒုက္ခပေးနေမှာပါ။ ပြဿနာဆိုတာ ဖြစ်လာရင် အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါ ပြဿနာ မဟုတ်ဘူး။

ဒါကြောင့် ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့ မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာ မခံစားရသလို၊ ပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက် ဖြေရှင်းလိုက်ရင် စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကို ကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

ဗန်းမော်သိန်းဖေ

———— 

ကြၽန္ေတာ္က အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္ အလယ္ပိုင္းက ဘူလ္ဒါ႐ြာေလးမွာ ႀကီးျပင္းခဲ့ပါတယ္။ ေကာ္လိုရာဒိုနယ္ေျမဟာ လွပတဲ့ ေက်ာက္ေတာင္ႀကီးေတြ ရွိတာေၾကာင့္ ရႈခင္းလွပလို႔ နာမည္ေက်ာ္ၾကားပါတယ္။ ေက်ာက္ေတာင္ေတြၾကားမွာ စိမ္းလန္းၿပီး က်ယ္ျပန႔္တဲ့ ျမက္ခင္း လြင္ျပင္ႀကီးေတြ ရွိတယ္။

ႏြားစားက်က္လုပ္ဖို႔ ေနရာေကာင္းလို႔ အဲဒီမွာ ကြၽဲအုပ္နဲ႔ ႏြားအုပ္ကို ေရာၿပီး ေတြ႕ရတယ္ ။ ကမာၻေပၚမွာ ကြၽဲအုပ္နဲ႔ ႏြားအုပ္ကို ေရာၿပီး အတူတူ ေတြ႕ရတာ ဒီတေနရာထဲပဲ ရွိပါတယ္ ။ အဲဒါေၾကာင့္ ကြၽန္ေတာ္ဟာ ကြၽဲေတြနဲ႔ ႏြားေတြရဲ႕ သဘာဝကို ေသေသခ်ာခ်ာ ေလ့လာခြင့္ ရခဲ့ပါတယ္။

အဲဒီအထဲက ေလျပင္းမုန္တိုင္း တိုက္ရင္ သူတို႔ရဲ႕ တုံ႔ျပန္ပုံ မတူၾကတာပါ။ အေနာက္ဖက္ကေန မုန္တိုင္းလာၿပီဆိုတာနဲ႔ ႏြားအုပ္ႀကီးဟာ အေရွ႕ဖက္ကို ေျပးၾကတယ္။

ႏြားဆိုတာက အေျပးသန္ၾကတာမွာ မဟုတ္ဘူး။ ဒါေၾကာင့္ မုန္တိုင္းဟာ ခဏနဲ႔ သူတို႔ကို မွီလာတယ္။ မုန္တိုင္းရဲ႕ ေလျပင္းဟာ ႏြားေတြကို ကစင့္ကလ်ား လြင့္စင္သြားေစတယ္။ ဒါေၾကာင့္ တခ်ိဳ႕ႏြားေတြဟာ က်ိဳးပဲ့ ဒဏ္ရာ ရကုန္ၾကတယ္။

ကြၽဲေတြက်ေတာ့ အဲဒီလို မဟုတ္ဘူး။ အေနာက္ဖက္က လာေနတဲ့ မုန္တိုင္းကို အားလုံးဟာ ရပ္ၿပီး ေစာင့္ေနၾကတယ္။ မုန္တိုင္းအနားကို ေရာက္ၿပီဆိုမွ မုန္တိုင္း တည့္တည့္ဆီကို အတင္းေျပးၾကတယ္။ ဒါေၾကာင့္ သူတို႔ဟာ မုန္တိုင္းေအာက္မွာ ၾကာၾကာ မမိလိုက္ဘဲ ခဏနဲ႔ မုန္တိုင္းေအာက္က လြတ္သြားၾကတယ္။ အဲဒီ ခဏေလးကို ႀကိတ္မွိတ္ေနလိုက္ေတာ့ ခဏပဲ ေဝဒနာ ခံစားရတယ္။

ကြၽန္ေတာ္တို႔ဟာ ျပႆနာတခုခုနဲ႔ ႀကဳံလာရင္ အဲဒီကိစၥကိုပဲ ေတြးေနတယ္။ စိတ္ပူတယ္။ ေသာကေရာက္တယ္။ ကံေကာင္းရင္ ျပႆနာ အလိုလို ေပ်ာက္ကြယ္သြားမယ္လို႔ ထင္ေနတယ္။ မေပ်ာက္လို႔ ၾကာလာေတာ့ စိတ္ဆင္းရဲေဝဒနာ ခံစားေနရတယ္။ အဲဒါ ေကာ္လိုရာဒိုက ႏြားေတြလိုပါပဲ။ မုန္တိုင္းနဲ႔ ေဝးရာဆီကို ေျပးလို႔ မုန္တိုင္းေအာက္မွာ ၾကာၾကာမိေနတယ္။

ျပႆနာကို မေျဖရွင္းခ်င္လို႔ အခ်ိန္ဆြဲေနမယ္၊ ျပႆနာနဲ႔ ေဝးရာကို ထြက္ေျပးၿပီးေနမယ္ ဆိုရင္ ျပႆနာဟာ ေနာက္က လိုက္လာမွာပါ။ ျပႆနာက ဒုကၡေပးေနမွာပါ။ ျပႆနာဆိုတာ ျဖစ္လာရင္ ေအာင္းထားလို႔ မေကာင္းဘူး။ ျပႆနာဆိုတာ သူ႔ အလိုလို ေပ်ာက္သြားတာမ်ိဳး မဟုတ္ဘူး။ ေပ်ာက္သြားတယ္ဆိုရင္ အဲဒါ ျပႆနာ မဟုတ္ဘူး။

ဒါေၾကာင့္ ကြၽဲေတြ မုန္တိုင္းကို တည့္တည့္ဝင္တိုးလို႔ မုန္တိုင္းနဲ႔ ခဏပဲ မိၿပီး ေဝဒနာ မခံစားရသလို၊ ျပႆနာကို မေရွာင္ပဲ ျမန္ျမန္ထက္ထက္ ေျဖရွင္းလိုက္ရင္ စိတ္ညစ္၊ စိတ္ဆင္းရဲ ေသာကေဝဒနာကို ၾကာရွည္ခံစားရမွာ မဟုတ္ပါဘူး။

ဗန္းေမာ္သိန္းေဖ