
ဘဝမှာ အစွန်းနှစ်ဖက်မှာ အမြဲနေထိုင်ရတယ် လို့ပြောလာတဲ့ ပန်ဆယ်လို
ကိုယ်က (၂)ဂဏန်းသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အကျိုးပေးက (၂)ဂဏန်းသမားတွေလိုပဲ။ ဘဝမှာ အစွန်းနှစ်ဖက်မှာ အမြဲနေထိုင်ရတယ်။
ကိုယ်ကို ချစ်တဲ့၊ မုန်းတဲ့သူတွေကလည်း အစွန်းနှစ်ဖက်မှာပဲ။ ချစ်တဲ့သူတွေကလည်း ချစ်ပေးကြသလို မုန်းတဲ့လူတွေကလည်း ဘာလုပ်နေနေ မုန်းတာပဲ။ ကိုယ့်အနေနဲ့ ချစ်ကြသူတွေကို အာရုံစိုက်လိုက်ရင် ဘဝင်တွေမြင့်ပြီး အဝတ်မကပ်အောင် ရူးသွားနိုင်သလို မုန်းကြသူတွေကို စောက်ဖက်လုပ်မိရင်လည်း စိတ်ဆင်းရဲပြီး လဲသေသွားနိုင်တယ်။
ကိုယ်က ငယ်ငယ်ကတည်းက စကားတစ်ခွန်းကို စိတ်ထဲစွဲခဲ့တယ်။ “သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လိုက်မလှုပ်စေနဲ့” တဲ့။ လုံးဝအပြည့်အစုံလိုက်နာနိုင်တာ မဟုတ်ပေမယ့် အတော်များများတော့ ကျော်ဖြတ်နိုင်ခဲ့တယ်။
ကောင်းတာ ချီးမြှောက်ခံရရင်လည်း ငါတော်လွန်းလို့မဟုတ်ဘူးဆိုတာ သတိအမြဲကပ်သလို ဆိုးတာ ဝေဖန်ခံရလည်း ငါညံ့လွန်းလို့ မဟုတ်ဘူးလို့ အမြဲခွင့်လွှတ်တယ်။ ကိုယ်ခံယူထားတဲ့ ကိုယ့်တန်ဖိုးဆိုတာ ကိုယ့်လုပ်ရပ်တွေကို ကိုယ်တိုင် အရင်းခံအတိုင်း သတ်မှတ်ခြင်းပဲ။
နင် မရင့်ကျက်ပါဘူးလို့ ပြောရင် ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဖြတ်သန်းရတဲ့အရာတွေဟာ လူတိုင်းမကြုံတွေ့ဖူးနိုင်ဘူး။ ဒီလောက် ခါလှုပ်နေတာကို ဒီလောက်ဂယက်ထတာလောက်ကပဲ အထိန်းချုပ်နိုင်ဆုံး အခြေအနေပဲ။
ချစ်သူ၊ မုန်းသူ အစွန်းနှစ်ဖက်မှာရှိတာလည်း မပြောနဲ့။ ကိုယ်တိုင်ကလည်း ချစ်တဲ့သူဆို အစွန်းစွန်ဆုံး နူးညံ့သလို မုန်းသူဆိုရင်လည်း ပျစ်နှစ်နေအောင် ကြုံးတတ်တာ။ ကိုယ့်မှာ အားနာတယ်ဆိုတာ သိပ်မရှိလှဘူး။
ကိုယ့်ကို အပြင်မှာဆုံဖူးသူတိုင်း စခံစားရတဲ့အသိက အပြင်က ပန်ဆယ်လိုက ဖေ့စ်ဘုတ်ပေါ်က ပန်ဆယ်လိုနဲ့ မတူဘူးဆိုတာပဲ။
ဖေ့စ်ဘုတ်ပေါ်က ပန်ဆယ်လိုဆိုတာ ကိုယ်တည်ဆောက်ထားတဲ့ Character တစ်ခု သက်သက်ပဲ။ ဒါပေမယ့် ဒီအရေခွံတစ်ခုနဲ့ အနေရကြာလာတဲ့အခါ ကိုယ်ဟာ အပြင်က ပန်ဆယ်လိုအဖြစ်နေရင်းကနေ ဖေ့စ်ဘုတ်ပေါ်က ပန်ဆယ်လိုအဖြစ် လိုအပ်ရင် ချက်ချင်းထဖြစ်လိုက်ဖို့ သိပ်မခက်ခဲတော့တာပဲ။
ပုံမှန်မှာ ဖေ့စ်ဘုတ်ပေါ်ကလို အမြဲကြ မ်းတမ်းနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကောင်းမွန်သူတွေကို ကောင်းမွန်စွာ ရပ်တည်ပေးဖို့ အဆင်သင့်ဖြစ်သလို မကော င်းဆိုးဝါးတွေနဲ့ တွေ့ရင်လည်း ဘီလူးဆိုင်းတီးပြဖို့ နည်းနည်းလေးမှကို တွေဝေမနေတာ။
မှန်လို ကျင့်တယ်။ ပြုံးပြရင် ပြန်ပြုံးပြမယ်။ မဲ့ပြရင် ပြန်မဲ့ပြမယ်။ စိတ်ပေါက်လာရင်တော့ မှန်ဘီလူးလို့ပေါ့။ မဲ့ပြရင် ရွဲ့ပါပြလိုက်တာ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ သင်မကောင်းရင်တော့ ဝေးဝေးမှာ မကောင်း။ အနားလာမကောင်းရင်တော့ စော က်ခွက်ပါ ထရိုက်မှာ။
ကိုယ်စော က်ကြောတင်းတယ် မတင်းဘူးဆိုတာက တစ်ဖက်လူရဲ့ စော က်ချိုးပေါ် လုံးဝကို မူတည်တာ။
🙂
ပန်ဆယ်လို
———-
ဘဝမွာ အစြန္းႏွစ္ဖက္မွာ အၿမဲေနထိုင္ရတယ္ လို႔ေျပာလာတဲ့ ပန္ဆယ္လို
ကိုယ္က (၂)ဂဏန္းသမားေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ကိုယ့္အက်ိဳးေပးက (၂)ဂဏန္းသမားေတြလိုပဲ။ ဘဝမွာ အစြန္းႏွစ္ဖက္မွာ အၿမဲေနထိုင္ရတယ္။
ကိုယ္ကို ခ်စ္တဲ့၊ မုန္းတဲ့သူေတြကလည္း အစြန္းႏွစ္ဖက္မွာပဲ။ ခ်စ္တဲ့သူေတြကလည္း ခ်စ္ေပးၾကသလို မုန္းတဲ့လူေတြကလည္း ဘာလုပ္ေနေန မုန္းတာပဲ။ ကိုယ့္အေနနဲ႔ ခ်စ္ၾကသူေတြကို အာ႐ုံစိုက္လိုက္ရင္ ဘဝင္ေတြျမင့္ၿပီး အဝတ္မကပ္ေအာင္ ႐ူးသြားႏိုင္သလို မုန္းၾကသူေတြကို ေစာက္ဖက္လုပ္မိရင္လည္း စိတ္ဆင္းရဲၿပီး လဲေသသြားႏိုင္တယ္။
ကိုယ္က ငယ္ငယ္ကတည္းက စကားတစ္ခြန္းကို စိတ္ထဲစြဲခဲ့တယ္။ “သူမ်ားပါးစပ္လႈပ္တိုင္း ကိုယ့္စိတ္က လိုက္မလႈပ္ေစနဲ႔” တဲ့။ လုံးဝအျပည့္အစုံလိုက္နာႏိုင္တာ မဟုတ္ေပမယ့္ အေတာ္မ်ားမ်ားေတာ့ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။
ေကာင္းတာ ခ်ီးေျမႇာက္ခံရရင္လည္း ငါေတာ္လြန္းလို႔မဟုတ္ဘူးဆိုတာ သတိအၿမဲကပ္သလို ဆိုးတာ ေဝဖန္ခံရလည္း ငါညံ့လြန္းလို႔ မဟုတ္ဘူးလို႔ အၿမဲခြင့္လႊတ္တယ္။ ကိုယ္ခံယူထားတဲ့ ကိုယ့္တန္ဖိုးဆိုတာ ကိုယ့္လုပ္ရပ္ေတြကို ကိုယ္တိုင္ အရင္းခံအတိုင္း သတ္မွတ္ျခင္းပဲ။
နင္ မရင့္က်က္ပါဘူးလို႔ ေျပာရင္ ဟုတ္ပါတယ္။ ဒါေပမယ့္ ကိုယ္ျဖတ္သန္းရတဲ့အရာေတြဟာ လူတိုင္းမႀကဳံေတြ႕ဖူးႏိုင္ဘူး။ ဒီေလာက္ ခါလႈပ္ေနတာကို ဒီေလာက္ဂယက္ထတာေလာက္ကပဲ အထိန္းခ်ဳပ္ႏိုင္ဆုံး အေျခအေနပဲ။
ခ်စ္သူ၊ မုန္းသူ အစြန္းႏွစ္ဖက္မွာရွိတာလည္း မေျပာနဲ႔။ ကိုယ္တိုင္ကလည္း ခ်စ္တဲ့သူဆို အစြန္းစြန္ဆုံး ႏူးညံ့သလို မုန္းသူဆိုရင္လည္း ပ်စ္ႏွစ္ေနေအာင္ ႀကဳံးတတ္တာ။ ကိုယ့္မွာ အားနာတယ္ဆိုတာ သိပ္မရွိလွဘူး။
ကိုယ့္ကို အျပင္မွာဆုံဖူးသူတိုင္း စခံစားရတဲ့အသိက အျပင္က ပန္ဆယ္လိုက ေဖ့စ္ဘုတ္ေပၚက ပန္ဆယ္လိုနဲ႔ မတူဘူးဆိုတာပဲ။
ေဖ့စ္ဘုတ္ေပၚက ပန္ဆယ္လိုဆိုတာ ကိုယ္တည္ေဆာက္ထားတဲ့ Character တစ္ခု သက္သက္ပဲ။ ဒါေပမယ့္ ဒီအေရခြံတစ္ခုနဲ႔ အေနရၾကာလာတဲ့အခါ ကိုယ္ဟာ အျပင္က ပန္ဆယ္လိုအျဖစ္ေနရင္းကေန ေဖ့စ္ဘုတ္ေပၚက ပန္ဆယ္လိုအျဖစ္ လိုအပ္ရင္ ခ်က္ခ်င္းထျဖစ္လိုက္ဖို႔ သိပ္မခက္ခဲေတာ့တာပဲ။
ပုံမွန္မွာ ေဖ့စ္ဘုတ္ေပၚကလို အၿမဲၾက မ္းတမ္းေနတာေတာ့ ဘယ္ဟုတ္ပါ့မလဲ။ ေကာင္းမြန္သူေတြကို ေကာင္းမြန္စြာ ရပ္တည္ေပးဖို႔ အဆင္သင့္ျဖစ္သလို မေကာ င္းဆိုးဝါးေတြနဲ႔ ေတြ႕ရင္လည္း ဘီလူးဆိုင္းတီးျပဖို႔ နည္းနည္းေလးမွကို ေတြေဝမေနတာ။
မွန္လို က်င့္တယ္။ ၿပဳံးျပရင္ ျပန္ၿပဳံးျပမယ္။ မဲ့ျပရင္ ျပန္မဲ့ျပမယ္။ စိတ္ေပါက္လာရင္ေတာ့ မွန္ဘီလူးလို႔ေပါ့။ မဲ့ျပရင္ ႐ြဲ႕ပါျပလိုက္တာ။ သင္ေကာင္းလွ်င္ ကြၽႏ္ုပ္မဆိုးပါ။ သင္မေကာင္းရင္ေတာ့ ေဝးေဝးမွာ မေကာင္း။ အနားလာမေကာင္းရင္ေတာ့ ေစာ က္ခြက္ပါ ထ႐ိုက္မွာ။
ကိုယ္ေစာ က္ေၾကာတင္းတယ္ မတင္းဘူးဆိုတာက တစ္ဖက္လူရဲ႕ ေစာ က္ခ်ိဳးေပၚ လုံးဝကို မူတည္တာ။
🙂
ပန္ဆယ္လို