အာဆီယံ အစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ပေးမတက်ရန် ဆုံးဖြတ်

လူသတ်အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုရန် ဆုံးဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ယခုလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့် မပြုရန် ယနေ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း ဂျပန် NHK သတင်းဌာနက သတင်းကြေညာသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန်

စစ်ကောင်စီဘက်က ပျက်ကွက်ပြီးနောက် အာဆီယံနိုင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် တက်ခွင့်မပေးဘဲ ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

————

လူသတ္အၾကမ္းဖက္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို အာဆီယံထိပ္သီးအစည္းအေဝး တက္ခြင့္မျပဳရန္ ဆုံးျဖတ္

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) သည္ ယခုလ ၂၆ ရက္ေန႔မွ ၂၈ ရက္ေန႔ထိ ျပဳလုပ္မည့္ အာဆီယံ ထိပ္သီး အစည္းအေဝးကို ျမန္မာစစ္ေခါင္းေဆာင္မ်ား တက္ေရာက္ခြင့္ မျပဳရန္ ယေန႔ အစည္းအေဝးတြင္ ဆုံးျဖတ္လိုက္ေၾကာင္း ဂ်ပန္ NHK သတင္းဌာနက သတင္းေၾကညာသည္။

မင္းေအာင္လႈိင္ဦးေဆာင္ေသာ စစ္တပ္၏ မတရားစစ္အာဏာသိမ္းမႈကို ကိုင္တြယ္ေျဖရွင္းရန္ အာဆီယံေခါင္းေဆာင္မ်ားက ခ်မွတ္ထားေသာ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ရန္

စစ္ေကာင္စီဘက္က ပ်က္ကြက္ၿပီးေနာက္ အာဆီယံႏိုင္ငံမ်ားဘက္က ယင္းသို႔ မင္းေအာင္လႈိင္ကို ထိပ္သီးအစည္းအေဝးတြင္ တက္ခြင့္မေပးဘဲ ခ်န္လွပ္ရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အာဆီယံႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးကို ေအာက္ တိုဘာလ ၂၆ ရက္ေန႔မွ ၂၈ ရက္ေန႔ အထိ က်င္းပျပဳလုပ္မည္ျဖစ္သည္။

Source – Khit Thit Media & Irrawaddy