
အတိတ်ကိုမသိလျှင်ထပ်ကျော့အမှားတွေကျူးလွန်နိုင်သည်၊ ထို့အတူ အတိတ်ကိုအစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်လို့ NCA ၆နှစ်ပြည့်မိန့်ခွန်းမှာ မင်းအောင်လှိုင်ထည့်ပြော
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း ၆နှစ်ပြည့် အဖြစ် အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန်းခွန်းကို စစ်ကောင်စီသတင်းဌာနတွေမှာဖော်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ၂၀၂၃ ဇန်နဝါရီလ၄ရက်နေ့မှာစိန်ရတုတိုင်ပြီးဖြစ်ကြောင်း အတိတ်ကိုမသိလျှင်ထပ်ကျော့အမှားတွေကျူးလွန်နိုင်သည်၊ ထို့အတူ အတိတ်ကိုအစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်လို့ သတိချပ်စေလိုတယ်လို့ ပြောပါတယ်။
ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာ မှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် အတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့ရာ
မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)အရ နိုင်ငံတော်တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်နေသည့်ကာလဖြစ်တယ်လို့လည်း မိန့်ခွန်းမှာပါဝင်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က ဥပဒေကိုချိုးဖောက်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင်
စုစုပေါင်း ၁၂၀၀ကျော်ရှိပြီး အဓမ္မဖမ်းဆီးခံရသူ ၁၀၀၀၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ မြေပြင်အခြေအနေအရ စာရင်းဟာ ထုတ်ပြန်တာထက် ပိုနိုင်တယ်လို့လည်း အဖွဲ့ကပြောဆိုထားပါသေးတယ်။
———–
အတိတ္ကိုမသိလွ်င္ထပ္ေက်ာ့အမွားေတြက်ဴးလြန္ႏိုင္သည္၊ ထို႔အတူ အတိတ္ကိုအစြဲသန္လြန္းလွ်င္လည္း အနာဂတ္လမ္းေပ်ာက္ႏိုင္သည္လို႔ NCA ၆ႏွစ္ျပည့္မိန႔္ခြန္းမွာ မင္းေအာင္လႈိင္ထည့္ေျပာ
တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုျခင္း ၆ႏွစ္ျပည့္ အျဖစ္ အာဏာသိမ္းအၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ရဲ႕ မိန္းခြန္းကို စစ္ေကာင္စီသတင္းဌာနေတြမွာေဖာ္ျပခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံလြတ္လပ္ေရးရသည္မွာ၂၀၂၃ ဇန္နဝါရီလ၄ရက္ေန႔မွာစိန္ရတုတိုင္ၿပီးျဖစ္ေၾကာင္း အတိတ္ကိုမသိလွ်င္ထပ္ေက်ာ့အမွားေတြက်ဴးလြန္ႏိုင္သည္၊ ထို႔အတူ အတိတ္ကိုအစြဲသန္လြန္းလွ်င္လည္း အနာဂတ္လမ္းေပ်ာက္ႏိုင္သည္လို႔ သတိခ်ပ္ေစလိုတယ္လို႔ ေျပာပါတယ္။
ယေန႔ကာလသည္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ NLD ပါတီ၏ မဲမသမာ မႈမ်ားအေပၚ တပ္မေတာ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားမွ ညႇိႏႈိင္းေဆြးေႏြးအေျဖရွာရန္ အတြက္ နည္းလမ္းေပါင္းစုံျဖင့္ႀကိဳးစားခဲ့ရာ
မေအာင္ျမင္ခဲ့သျဖင့္ တပ္မေတာ္မွဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈)အရ ႏိုင္ငံေတာ္တာဝန္အား ထိန္းသိမ္းကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမွ ဦးေဆာင္ေနသည့္ကာလျဖစ္တယ္လို႔လည္း မိန႔္ခြန္းမွာပါဝင္ပါတယ္။
၂၀၂၁ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ စစ္တပ္က ဥပေဒကိုခ်ိဳးေဖာက္အာဏာသိမ္းၿပီးတဲ့ေနာက္ ႏိုင္ငံတဝန္းဆန႔္က်င္ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ပါတယ္။ စစ္တပ္ကအၾကမ္းဖက္ၿဖိဳခြင္းပစ္ခတ္သတ္ျဖတ္ခဲ့တာေၾကာင့္ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ေတြအပါအဝင္
စုစုေပါင္း ၁၂၀၀ေက်ာ္ရွိၿပီး အဓမၼဖမ္းဆီးခံရသူ ၁၀၀၀၀ နီးပါးရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကထုတ္ျပန္ထားပါတယ္။ ေျမျပင္အေျခအေနအရ စာရင္းဟာ ထုတ္ျပန္တာထက္ ပိုႏိုင္တယ္လို႔လည္း အဖြဲ႕ကေျပာဆိုထားပါေသးတယ္။