
ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မျှဝေလာတဲ့ မင်းမော်ကွန်း
အကယ်ဒမီသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဇင်ဝိုင်းကတော့ ပီပြင်တဲ့သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အသက်ကြီးသည်အထိ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ယောက်ဖြစ်သလို သရုပ်ဆောင်မင်းသားတွေအတွက်လည်း ရှေ့ဆောင်လမ်းပြသရုပ်ကောင်းတစ်ဦး ပီသသူလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးစကတည်းက ချစ်ရတဲ့ ပရိတ်သတ်တွေနဲ့အတူ အာဏာရှင်စနစ်ကို အလိုမရှိကြောင်းထုတ်ဖော်ဆန္ဒပြရာတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။အနုပညာရှင် ညီကိုမောင်နှမများနဲ့ တက်တက်ကြွကြွပါဝင်ခဲ့တာတွေကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရင်း အဖမ်းအဆီခံခဲ့ရတာပဲဖစ်ပါတယ်။
ဦးဇင်ဝိုင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံခဲ့တဲ့ သားဖြစ်သူ မင်းမော်ကွန်းတစ်ယောက် ယနေ့မှာပဲ ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာကြောင်း ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ “အဖေလွတ်ပီတဲ့”ဆိုတဲ့ စာလေးတစ်ကြောင်းတင်လာခဲ့ပါတယ်။မင်းမော်ကွန်းရဲ့ postအောက်မှာလည်း ဦးဇင်ဝိုင်းလွတ်လာတဲ့အပေါ် ချစ်တဲ့ ပရိတ်သတ်တွေကလည်း ဝမ်းသာကြောင်းနဲ့ တစ်ခြားအနုပညာရှင်တွေလည်း လွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေကြပါတယ်။အဖမ်းဆီးခံ အနုညာရှင်တွေနှင့်တကွ ဖမ်းဆီးခံပြည်သူတွေ အမှန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
———-
ဖခင္ျဖစ္သူ ဦးဇင္ဝိုင္းျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း မွ်ေဝလာတဲ့ မင္းေမာ္ကြန္း
အကယ္ဒမီသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဦးဇင္ဝိုင္းကေတာ့ ပီျပင္တဲ့သ႐ုပ္ေဆာင္ေကာင္းတစ္ဦးျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အားေပးျခင္းကို အသက္ႀကီးသည္အထိ ပိုင္ဆိုင္ထားဆဲျဖစ္ပါတယ္။ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠဌေဟာင္းတစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္မင္းသားေတြအတြက္လည္း ေရွ႕ေဆာင္လမ္းျပသ႐ုပ္ေကာင္းတစ္ဦး ပီသသူလည္းျဖစ္ပါတယ္။
အာဏာသိမ္းၿပီးစကတည္းက ခ်စ္ရတဲ့ ပရိတ္သတ္ေတြနဲ႔အတူ အာဏာရွင္စနစ္ကို အလိုမရွိေၾကာင္းထုတ္ေဖာ္ဆႏၵျပရာေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့ပါတယ္။အႏုပညာရွင္ ညီကိုေမာင္ႏွမမ်ားနဲ႔ တက္တက္ႂကြႂကြပါဝင္ခဲ့တာေတြေၾကာင့္ ဖမ္းဝရမ္းထုတ္ခံခဲ့ရတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရင္း အဖမ္းအဆီခံခဲ့ရတာပဲဖစ္ပါတယ္။
ဦးဇင္ဝိုင္းရဲ႕ အႏုပညာအေမြေတြကို ဆက္ခံခဲ့တဲ့ သားျဖစ္သူ မင္းေမာ္ကြန္းတစ္ေယာက္ ယေန႔မွာပဲ ဖခင္ျဖစ္သူ ျပန္လည္လြတ္ေျမာက္လာေၾကာင္း ကို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန “အေဖလြတ္ပီတဲ့”ဆိုတဲ့ စာေလးတစ္ေၾကာင္းတင္လာခဲ့ပါတယ္။မင္းေမာ္ကြန္းရဲ႕ postေအာက္မွာလည္း ဦးဇင္ဝိုင္းလြတ္လာတဲ့အေပၚ ခ်စ္တဲ့ ပရိတ္သတ္ေတြကလည္း ဝမ္းသာေၾကာင္းနဲ႔ တစ္ျခားအႏုပညာရွင္ေတြလည္း လြတ္ေျမာက္လာေစဖို႔ ဆုေတာင္းေပးေနၾကပါတယ္။အဖမ္းဆီးခံ အႏုညာရွင္ေတြႏွင့္တကြ ဖမ္းဆီးခံျပည္သူေတြ အမွန္ဆုံးလြတ္ေျမာက္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။
Crd – YaungChi