စစ်ကောင်စီခေါင်းဆောင်ကိုလည်း တက်ခွင့်မပြု၊ အာဆီယံသံလည်း မလာဖြစ်တော့ပါ

ဒီလကုန်ပိုင်းပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဒီကနေ့ ညနေပိုင်းက အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

အဲဒီအစား မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးပိုင်းက မဟုတ်သူ တစ်ယောက်ကို ဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတယ်လို့ အဲဒီအစည်းအဝေးဆုံးဖြတ်ကို သိရှိထားကြတဲ့သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ အယ်ရဝမ်ယူဆွပ်ဖ်လည်း မြန်မာနိုင်ငံကို ဒီလထဲ လာရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဆီယံအထူးသံ မြန်မာနိုင်ငံကို လာရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တရားရင်ဆိုင်ဆဲသူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါကြောင့် အာဆီယံသံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ စီစဥ်ထားတဲ့ အစီအစဥ်ပျက်သွားခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌအနေနဲ့ ကတော့ ဒီကနေ့အစည်းအဝေးဆုံးဖြတ်ချက်ကို မနက်ဖြန်မှာမှ ထုတ်ပြန်ဖို့ရှိတယ်လို့ သိထားရပါတယ်။

————

ဒီလကုန္ပိုင္းျပဳလုပ္မယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးကို စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို မဖိတ္ဖို႔ ဒီကေန႔ ညေနပိုင္းက အြန္လိုင္းမွာ ျပဳလုပ္ခဲ့တဲ့ အာဆီယံအထူးအစည္းအေဝးက ဆုံးျဖတ္ခဲ့တယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။

အဲဒီအစား ျမန္မာႏိုင္ငံကို ကိုယ္စားျပဳဖို႔ ႏိုင္ငံေရးပိုင္းက မဟုတ္သူ တစ္ေယာက္ကို ဖိတ္ၾကားဖို႔ ျဖစ္ႏိုင္တယ္လို႔ အစည္းအေဝးက ဆုံးျဖတ္ခဲ့ၾကတယ္လို႔ အဲဒီအစည္းအေဝးဆုံးျဖတ္ကို သိရွိထားၾကတဲ့သတင္းရင္းျမစ္ေတြက ေျပာတဲ့အေၾကာင္း အဲဒီသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အာဆီယံအထူးသံ ဘ႐ူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီး ၂ အယ္ရဝမ္ယူဆြပ္ဖ္လည္း ျမန္မာႏိုင္ငံကို ဒီလထဲ လာေရာက္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

အာဆီယံအထူးသံ ျမန္မာႏိုင္ငံကို လာရင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ျပဳဖို႔ ေတာင္းဆိုထားၿပီး စစ္ေကာင္စီဘက္က တရားရင္ဆိုင္ဆဲသူေတြနဲ႔ ေတြ႕ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။

ဒါေၾကာင့္ အာဆီယံသံဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျမန္မာႏိုင္ငံကို လာေရာက္ၿပီး ႏိုင္ငံေရးပါတီေတြနဲ႔ေတြ႕ဆုံဖို႔ စီစဥ္ထားတဲ့ အစီအစဥ္ပ်က္သြားခဲ့ပါတယ္။

အာဆီယံဥကၠ႒အေနနဲ႔ ကေတာ့ ဒီကေန႔အစည္းအေဝးဆုံးျဖတ္ခ်က္ကို မနက္ျဖန္မွာမွ ထုတ္ျပန္ဖို႔ရွိတယ္လို႔ သိထားရပါတယ္။