
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ပေမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနယ်ပယ်က မဟုတ်သူတစ်ယောက်ကို ဖိတ်ခေါ်သွားဖို့ အာဆီယံမှာ အစီအစဉ်ရှိနေ
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၅
အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မဖိတ်ခေါ်ပေမယ့် နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ပုံရိပ်ရှိသူတစ်ယောက်ကို မြန်မာကိုယ်စားပြုအဖြစ် ဖိတ်ခေါ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒီသတင်းကို ခိုင်မာတဲ့သတင်းရင်းမြစ် ငါးခုဆီကနေ သိရှိရတာဆိုပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
ဒီကနေ့ ညနေတုန်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ ပေးမတက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် အခြားတစ်ဖက်မှာ မြန်မာကိုယ်စားပြုအဖြစ်
နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ တခြားပုံရိပ်ရှိသူတစ်ယောက်ကို ရွေးဖို့ကိုလည်း အာဆီယံတာဝန်ရှိသူတွေက စီစဉ်လိုက်ကြတယ်လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို အတည်ပြုချက်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးမတက်ဖို့ ဆုံးဖြတ်တာနဲ့အတူ ဘယ်သူ့ကို မြန်မာကိုယ်စားပြုအဖြစ် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။
News Source – Reuters , Crd – Mercury Media
————
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို မဖိတ္ေပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနယ္ပယ္က မဟုတ္သူတစ္ေယာက္ကို ဖိတ္ေခၚသြားဖို႔ အာဆီယံမွာ အစီအစဥ္ရွိေန
ကြာလာလမ္ပူ၊ ေအာက္တိုဘာ ၁၅
အာဆီယံထိပ္သီးအစည္းအေဝးတက္ဖို႔အတြက္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို မဖိတ္ေခၚေပမယ့္ ႏိုင္ငံေရးနယ္ပယ္ကမဟုတ္တဲ့ ပုံရိပ္ရွိသူတစ္ေယာက္ကို ျမန္မာကိုယ္စားျပဳအျဖစ္ ဖိတ္ေခၚသြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
ဒီသတင္းကို ခိုင္မာတဲ့သတင္းရင္းျမစ္ ငါးခုဆီကေန သိရွိရတာဆိုၿပီး ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။
ဒီကေန႔ ညေနတုန္းက က်င္းပခဲ့တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးပြဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အာဆီယံထိပ္သီးအစည္းအေဝးပြဲ ေပးမတက္ဖို႔ ဆုံးျဖတ္ခဲ့ၾကေပမယ့္ အျခားတစ္ဖက္မွာ ျမန္မာကိုယ္စားျပဳအျဖစ္
ႏိုင္ငံေရးနယ္ပယ္ကမဟုတ္တဲ့ တျခားပုံရိပ္ရွိသူတစ္ေယာက္ကို ေ႐ြးဖို႔ကိုလည္း အာဆီယံတာဝန္ရွိသူေတြက စီစဥ္လိုက္ၾကတယ္လို႔ အစည္းအေဝးမွာ ပါဝင္ခဲ့တဲ့ သတင္းရင္းျမစ္ေတြက ႐ိုက္တာကို အတည္ျပဳခ်က္ေပးခဲ့တာလို႔ ဆိုပါတယ္။
ဒါေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေပးမတက္ဖို႔ ဆုံးျဖတ္တာနဲ႔အတူ ဘယ္သူ႔ကို ျမန္မာကိုယ္စားျပဳအျဖစ္ အစည္းအေဝးတက္ဖို႔ ဖိတ္ေခၚမလဲဆိုတာက စိတ္ဝင္စားစရာေကာင္းတဲ့ကိစၥရပ္တစ္ခု ျဖစ္လာခဲ့ပါတယ္။
အာဆီယံထိပ္သီးအစည္းအေဝးပြဲကို ေအာက္တိုဘာလ ၂၆ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားပါတယ္။
News Source – Reuters , Crd – Mercury Media