ပုဂံရာဇဝင်ထဲက စောလူးမင်း

စောလူးမင်း(အေဒီ၁၀၇၈-၁၀၈၄) – မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဘွဲ့အမည်မှာ ဂြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။

ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ ငယ်ရွယ်သူဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေးတွင်အားနည်းပြီး၊ အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။

တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် မှူးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့်ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့သည်။

သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူပဲခူးစား ငရမန်ကန်းနှင့်စစ်ပြုရာ ၎င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။

ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှကယ်ရန် ကြိုးပမ်းသော်လည်း ယုံကြည်ခြင်းမရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန် သူ လက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီးကွယ်လွန်ခဲ့သည်။

၎င်းလွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။စောလူးမင်း(မြန်မာ ၄၃၉-၄၄၆) – ‘ကောင်းကျိုးဖွေရှာ၊ နော်ရထာလျှင်၊ နောင်လာရှုငဲ့၊ ပြုစုခဲ့၏၊ သုံးဆဲ့သုံးနှစ်၊ နတ်ဌာန်ဖြစ်က၊

သားစစ်စောလူး၊ ဆက်ကာမှူးသည်၊ ကြည်နူးတည့်နီဝေး၊ ပျက်ဝတ်ကွေးဟု ပလိပ်ရွာစား ဦးဖျော်၏ ရွှေနားတော်သွင်း ဧချင်း၌ ဖွဲ့ဆိုထားသည့်အတိုင်း စောလူမင်းသည် ပထမ မြန်မာ၊ မွန်၊ ပျူ နိုင်ငံတော်ကြီးကို

စတင် ထည်ထောင်ခဲ့သူ အနော်ရထာမင်း၏ မိဖုရားကြီး အဂ္ဂမဟေသီမှ ဖွားမြင်၍ အနော်ရထာ လွန်သောအခါ သက္ကရာဇ် ၄၃၉ မှ ၄၄၆ ခုနှစ်အထိ ပုဂံထီးနန်းကို ဆက်လက်စိုးစံလေသည်။

ဤသက္ကရာဇ်နှင့် စပ်လျဉ်း၍ မှန်နန်းမဟာရာဇဝင်တော် အလိုမှာ စောလူးမင်း ထီးနန်းစံ သက္ကရာဇ်သည် ၄၂၁ မှ ၄၂၆ ခုနှစ်အထိဖြစ်သည်။

သို့ရာတွင် ပုဂံမင်းဆက်တွင် အနော်ရထာ၏ ခေတ်ကို မြစေတီကျောက်စာ နှင့် ညှိုနှိုင်းကြည့်သောအခါ အနော်ရထာ နန်းစံသက္ကရာဇ် ၄ဝ၆ -၄၃၉ ခုနှစ်၊ စောလူးနန်းစံ သက္ကရာဇ် ၄၄၆- ၄၇၃ ခုနှစ် ဟု တွေ့ရလေသည်။

အနော်ရထာ၏ နန်းတက်နှစ်ကို ၄ဝ၆ ဟူ၍ သာလွန်မင်းတရားကြီးလက်ထက်တွင် ဇာဂရု ပြုစုရေးသားသော် ဇာတာပုံနှင့် ပြထားသည့် ရာဇဝင်တွင် ဖော်ပြထားသည်။

အနော်ရထာ နန်းစည်းစိမ် ၃၃ နှစ်ကို နှောသော် စောလူးမင်း၏ နန်းတက် သက္ကရာဇ်မှာ ၄၃၉ ဖြစ်သည်။စောလူမင်းကား ခမည်းတော်ကဲ့သို့ အရည်အခြင်းနှင့် ပြည့်စုံသူ မ ဟုတ်ချေ။

လုပ်ရည်ကြံရည် မရှိ၊ အပျော်အရှင်နှင့်သာနေ၏။ ပညာရှိတို့လျှောက်သော စကားကိုလည်း မယူ၊ မှူးကြီးမတ်ရာတို့ကိုလည်း နှလုံးမကြည်ရှိအောင် ပြုလေ့ရှိ၏။

အနော်ရထာမင်း တည်ထောင်ပြုစုခဲ့သော နိုင်ငံအရေးနှင့် သာသနာအရေးများကို ဆက်လက်ဆောင် ရွက်ခြင်း မရှိခဲ့ချေ။ ထိုကြောင့်လည်း စောလူးမင်း၏လက်ထက်၌ အနော်ရထာမင်း တည်ထောင်ခဲ့သော ပျူ၊ မွန်နှင့် မြန်မာနိုင်ငံတော်ကြီး၌ ပြိုကွဲမည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

အရည်အချင်း ညံ့ဖျင်းသော စောလူးမင်း လက်ထက်၌ ဥဿာပဲကူးကို ဗဟိုပြုသည့် မြန်မာနိုင်ငံတော်ပိုင်းရှိ မွန်မြန်မာ တို့သည် အခွင့်ကောင်းကိုယူကာ ပုန်ကန်ထကြွခဲ့ကြလေသည်။ ခေါင်းဆောင်ကား စောလူးမင်းနို့ ထိန်း၏ သား ငရမန်ကာန်း ဖြစ်သည်။

သူပုန်တို့သည် ပုဂံနေပြည်တော် သို့ ချီတက်လာ၍ သရက်ခရိုင် မင်းလှအောက် ပြည်တော်သာ ကျွန်း၌ စောလူးမင်း၏ တပ်များနှင့် စစ်တွေ့ကြရာ စောလူမင်း အရေးနိမ့်သောကြောင့် ငရမန်ကာန်းသည် စောလူးမင်းအား ဖမ်းယူသွားလေသည်။

နောင်အခါ၌ စောလူးမင်းအား ကျန်စစ်သား ခိုးယူရန် အားထုတ်သော်လည်း အနုရာဓအရပ်၌ စောလူမင်းကို ကွပ်မျက်လိုက်လေသည်။ စောလူးမင်းလွန်သော် ငရမန်ကာန်း၏ရန်ကို နှိမ်နင်း၍ ပုဂံပြည်၌ ကျန်စစ်သား မင်းပြုသည်။

စောလူးမင်း၏ ကောင်းမှုတော်ကား ပင်းချောင်းဝ၌ စက္ကလိပဘုရား၊ မုံရွာခရိုင် မြို့ကြီး၌ ရွှေစောလူးဘုရား၊ မင်ဘူး ခရိုင် ဖောင်းလင်းပ ရွှေစာလူးဘုရား ဖြစ်သည်။ ကိုးကား – မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)

Credit – မူရင်း

———— 

ေစာလူးမင္း(ေအဒီ၁၀၇၈-၁၀၈၄) – မင္းလုလင္ ဟူ၍လည္း သမိုင္းတြင္ ထင္ရွားသည္။ ငယ္႐ြယ္ေသာမင္း ဟုအဓိပၸါယ္ရွိသည္။ ဘြဲ႕အမည္မွာ ၿဂီဝျဇာဗရဏ ႀတိဘုပတိ ျဖစ္သည္။

ဖခင္ျဖစ္သူ အေနာ္ရထာ တည္ေထာင္ခဲ့သည့္ တိုင္းျပည္ကို အရည္အခ်င္းရွိရွိျဖင့္ ဆက္ခံႏိုင္သူမဟုတ္ဟု သမိုင္းကျပဆိုသည္။ ငယ္႐ြယ္သူျဖစ္သည့္အေလွ်ာက္ တိုင္းျပည္အုပ္ခ်ဳပ္ေရးတြင္အားနည္းၿပီး၊ အေပ်ာ္အပါးတြင္ ဝါသနာႀကီးသူအျဖစ္ ေဖာ္ျပေလ့ရွိၾကသည္။

တိုင္းျပည္အေျခအေန ယိုယြင္းလာမည္ကို ႀကိဳတင္ျမင္ၾကသည့္ မႉးမတ္မ်ား၏ အႀကံျပဳခ်က္ေၾကာင့္ အေနာ္ရထာလက္ထက္က နန္းေတာ္မွစကာ ထြက္ေျပးေနသည့္က်န္စစ္သား အားျပန္လည္ေခၚယူခဲ့သည္။

သို႔ေသာ္ မခံခ်င္စိတ္ျဖင့္ ပုန္ကန္သူပဲခူးစား ငရမန္ကန္းႏွင့္စစ္ျပဳရာ ၎၏ ပရိယာရ္တြင္ က်ဆုံးရၿပီး၊ ျပည္ေတာ္သာကြၽန္းတိုက္ပြဲတြင္ ရန္သူလက္သို႔ပါရသည္။

က်န္စစ္သားက ရန္သူတပ္တြင္း စြန႔္စားဝင္ေရာက္ကာ အခ်ဳပ္မွကယ္ရန္ ႀကိဳးပမ္းေသာ္လည္း ယုံၾကည္ျခင္းမရွိ၍ ေအာ္ဟစ္႐ုန္းကန္ေသာေၾကာင့္ ရန္ သူ လက္တြင္း၌သာ အဖမ္းခံဘဝႏွင့္ အသတ္ခံရၿပီးကြယ္လြန္ခဲ့သည္။

၎လြန္ေသာ္ က်န္စစ္သားက ပုဂံထီးနန္းကို ဆက္ခံၿပီး တိုင္းျပည္အေျခအေနကို ထိန္းသိမ္းခဲ့သည္။ေစာလူးမင္း(ျမန္မာ ၄၃၉-၄၄၆) – ‘ေကာင္းက်ိဳးေဖြရွာ၊ ေနာ္ရထာလွ်င္၊ ေနာင္လာရႈငဲ့၊ ျပဳစုခဲ့၏၊ သုံးဆဲ့သုံးႏွစ္၊ နတ္ဌာန္ျဖစ္က၊

သားစစ္ေစာလူး၊ ဆက္ကာမႉးသည္၊ ၾကည္ႏူးတည့္နီေဝး၊ ပ်က္ဝတ္ေကြးဟု ပလိပ္႐ြာစား ဦးေဖ်ာ္၏ ေ႐ႊနားေတာ္သြင္း ဧခ်င္း၌ ဖြဲ႕ဆိုထားသည့္အတိုင္း ေစာလူမင္းသည္ ပထမ ျမန္မာ၊ မြန္၊ ပ်ဴ ႏိုင္ငံေတာ္ႀကီးကို

စတင္ ထည္ေထာင္ခဲ့သူ အေနာ္ရထာမင္း၏ မိဖုရားႀကီး အဂၢမေဟသီမွ ဖြားျမင္၍ အေနာ္ရထာ လြန္ေသာအခါ သကၠရာဇ္ ၄၃၉ မွ ၄၄၆ ခုႏွစ္အထိ ပုဂံထီးနန္းကို ဆက္လက္စိုးစံေလသည္။

ဤသကၠရာဇ္ႏွင့္ စပ္လ်ဥ္း၍ မွန္နန္းမဟာရာဇဝင္ေတာ္ အလိုမွာ ေစာလူးမင္း ထီးနန္းစံ သကၠရာဇ္သည္ ၄၂၁ မွ ၄၂၆ ခုႏွစ္အထိျဖစ္သည္။

သို႔ရာတြင္ ပုဂံမင္းဆက္တြင္ အေနာ္ရထာ၏ ေခတ္ကို ျမေစတီေက်ာက္စာ ႏွင့္ ညႇိဳႏႈိင္းၾကည့္ေသာအခါ အေနာ္ရထာ နန္းစံသကၠရာဇ္ ၄ဝ၆ -၄၃၉ ခုႏွစ္၊ ေစာလူးနန္းစံ သကၠရာဇ္ ၄၄၆- ၄၇၃ ခုႏွစ္ ဟု ေတြ႕ရေလသည္။

အေနာ္ရထာ၏ နန္းတက္ႏွစ္ကို ၄ဝ၆ ဟူ၍ သာလြန္မင္းတရားႀကီးလက္ထက္တြင္ ဇာဂ႐ု ျပဳစုေရးသားေသာ္ ဇာတာပုံႏွင့္ ျပထားသည့္ ရာဇဝင္တြင္ ေဖာ္ျပထားသည္။

အေနာ္ရထာ နန္းစည္းစိမ္ ၃၃ ႏွစ္ကို ေႏွာေသာ္ ေစာလူးမင္း၏ နန္းတက္ သကၠရာဇ္မွာ ၄၃၉ ျဖစ္သည္။ေစာလူမင္းကား ခမည္းေတာ္ကဲ့သို႔ အရည္အျခင္းႏွင့္ ျပည့္စုံသူ မ ဟုတ္ေခ်။

လုပ္ရည္ႀကံရည္ မရွိ၊ အေပ်ာ္အရွင္ႏွင့္သာေန၏။ ပညာရွိတို႔ေလွ်ာက္ေသာ စကားကိုလည္း မယူ၊ မႉးႀကီးမတ္ရာတို႔ကိုလည္း ႏွလုံးမၾကည္ရွိေအာင္ ျပဳေလ့ရွိ၏။

အေနာ္ရထာမင္း တည္ေထာင္ျပဳစုခဲ့ေသာ ႏိုင္ငံအေရးႏွင့္ သာသနာအေရးမ်ားကို ဆက္လက္ေဆာင္ ႐ြက္ျခင္း မရွိခဲ့ေခ်။ ထိုေၾကာင့္လည္း ေစာလူးမင္း၏လက္ထက္၌ အေနာ္ရထာမင္း တည္ေထာင္ခဲ့ေသာ ပ်ဴ၊ မြန္ႏွင့္ ျမန္မာႏိုင္ငံေတာ္ႀကီး၌ ၿပိဳကြဲမည့္ အရိပ္အေယာင္မ်ား ေပၚေပါက္လာေလသည္။

အရည္အခ်င္း ညံ့ဖ်င္းေသာ ေစာလူးမင္း လက္ထက္၌ ဥႆာပဲကူးကို ဗဟိုျပဳသည့္ ျမန္မာႏိုင္ငံေတာ္ပိုင္းရွိ မြန္ျမန္မာ တို႔သည္ အခြင့္ေကာင္းကိုယူကာ ပုန္ကန္ထႂကြခဲ့ၾကေလသည္။ ေခါင္းေဆာင္ကား ေစာလူးမင္းႏို႔ ထိန္း၏ သား ငရမန္ကာန္း ျဖစ္သည္။

သူပုန္တို႔သည္ ပုဂံေနျပည္ေတာ္ သို႔ ခ်ီတက္လာ၍ သရက္ခ႐ိုင္ မင္းလွေအာက္ ျပည္ေတာ္သာ ကြၽန္း၌ ေစာလူးမင္း၏ တပ္မ်ားႏွင့္ စစ္ေတြ႕ၾကရာ ေစာလူမင္း အေရးနိမ့္ေသာေၾကာင့္ ငရမန္ကာန္းသည္ ေစာလူးမင္းအား ဖမ္းယူသြားေလသည္။

ေနာင္အခါ၌ ေစာလူးမင္းအား က်န္စစ္သား ခိုးယူရန္ အားထုတ္ေသာ္လည္း အႏုရာဓအရပ္၌ ေစာလူမင္းကို ကြပ္မ်က္လိုက္ေလသည္။ ေစာလူးမင္းလြန္ေသာ္ ငရမန္ကာန္း၏ရန္ကို ႏွိမ္နင္း၍ ပုဂံျပည္၌ က်န္စစ္သား မင္းျပဳသည္။

ေစာလူးမင္း၏ ေကာင္းမႈေတာ္ကား ပင္းေခ်ာင္းဝ၌ စကၠလိပဘုရား၊ မုံ႐ြာခ႐ိုင္ ၿမိဳ႕ႀကီး၌ ေ႐ႊေစာလူးဘုရား၊ မင္ဘူး ခ႐ိုင္ ေဖာင္းလင္းပ ေ႐ႊစာလူးဘုရား ျဖစ္သည္။ ကိုးကား – ျမန္မာ့စြယ္စုံက်မ္း အတြဲ(၃)

Credit – မူရင္း