ဘဏ်အပ်ငွေများ ပြန်ထုတ်ရန် ခက်နေခြင်းနှင့် အိမ် ခြံ မြေ ရွှေဈေး အနေအထား

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သော ဖေဖော်ဝါရီလနောက်ပိုင်း အိမ်ခြံမြေ ဈေးကွက်သည် အရောင်းအဝယ်ရပ်တန့်သွားခဲ့သော်လည်း ဘဏ်များတွင်ငွေသားထုတ်ယူနိုင်မှု အခက်အခဲနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမြင့်တက်လာသော မေလပိုင်းမှစတင်ပြီး ယခုအချိန်အထိ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တက်လာတယ်လို့ဆိုပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းနှင့်ဘဏ်လုပ်ငန်းအပေါ်ယုံကြည်မှု လျော့ကျလာသဖြင့်ဘဏ်၌အပ်နှံထားသောစုဆောင်းငွေများကိုပြန်ထုတ်ကာ အိမ် ခြံ မြေတွင် ရင်းနှီးမြှုပ်နှံမှုများလာနေကြောင်း အိမ် ခြံ မြေလုပ်ငန်းလုပ်ကိုင်သူများကဆိုပါတယ်။

မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ဘဏ်တွေမှာငွေထုတ်ရတာ အခက်အခဲဖြစ်လာပြီး ဘဏ်တွေကိုယုံကြည်မှုနည်းလာတဲ့အချိန်မှာ ကိုယ့်ငွေတွေကိုဘဏ်ထဲမှာ ထားတာထက်အပြင်မှာရင်းနှီးမြှုပ်နှံထားတာပိုပြီးတော့သေချာတယ်။

စိတ်နှလုံး အေးချမ်းမယ်ဆိုတော့ အိမ် ခြံ မြေကိုအဝယ်လိုက်တယ်။ပြီးခဲ့တဲ့ ဒေါ်လာဈေး ၂၀၀၀ကျော်လောက် ဖြစ်တဲ့အချိန်ကတော့အိမ်ခြံမြေကဈေးကွက်မှာ အဟော့ဆုံးပေါ့”လို့ပြောပါတယ်

ယခုလပိုင်းများတွင် အိမ် ခြံ မြေ ဈေးကွက်ကိုအဝယ်လိုက်လာ၍ များသောအားဖြင့် လုံးချင်းနှင့်မြေကွက်ဈေးနှုန်းများသည် မြို့နယ်အပေါ်မူတည်ပြီး ယခင်ကဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိဈေးလိုက်မြင့်တက်လာနေကြောင်း အိမ် ခြံ မြေ လုပ်ငန်းသူများထံကသိရပါတယ်။

လုပ်ငန်းရှင်တစ်ဦးက “ကျပ်ငွေတန်ဖိုးကျဆင်းတဲ့အားကအရမ်းကို ကြီးမားတော့ တန်ဖိုးကျတဲ့နှုန်းကအရမ်းများတော့ ကိုယ့်ရောင်းမယ့်အိမ်တွေ တိုက်ခန်းတွေက မာသွားတာပေါ့။ လက်ရှိဈေးနဲ့ ရောင်းဘယ်လောက်လောက် လျော့သွားမလဲပေါ့။အဲဒီအတွက်ဈေးတွေကို လိုက်မြှင့်ပြီးတော့ရောင်းကြတာ”လို့ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက “ဘဏ်ကထုတ်လာပြီးတဲ့ငွေကိုလည်း မကိုင်ထားရဲတဲ့ အခါကျတော့ အမာတွေလိုက်ဝယ်တာပေါ့။ ဒီအမာတွေဈေးကွက်တခုကတော့ပြန်လည်လာတဲ့သဘောဖြစ်သွားပြီး Over Demandဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ စမ်းချောင်းမြို့နယ်နှင့်မင်္ဂလာတောင်ညွန့်(ကန်တော်လေး) မြို့နယ်များရှိတိုက်ခန်းများသည်လည်း အဝယ်လိုက်လာသလိုဈေးနှုန်းသည်လည်း ပုံမှန်ထက်ကျပ်သိန်း ၂၀၀ မှသိန်း ၃၀၀ အထိဈေးနှုန်းများမြင့်တက်လာကြောင်းသိရသည်။

တိုက်ခန်း မီနီကွန်ဒိုနှင့်ကွန်ဒိုများသည်ယခင်ကထက် ဈေးနှုန်းမြင့်တက်လာခြင်းနှင့်လက်ရှိ ဈေးကွက်ဝယ်လိုအားအခြေအနေအရ မြေကွက်နှင့် လုံးချင်းအိမ်များကိုသာစိတ်ဝင်စားမှုမြင့်တက်နေခြင်းကြောင့်ကျပ်သိန်း ၅၀၀ နှင့်၅၀၀ အောက်တိုက်ခန်းများသာအရောင်းအဝယ် ဖြစ်နေကြောင်း၎င်းကဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်းမှာ ၂၂ သိန်းကျော်ထိ စံချိန်တင်မြင့်တက်သွားခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ညနေ ၅ နာရီအပိတ်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေတကျပ်သား ၁၈၈၅၀၀၀ ကျပ်သို့ ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။

လက်ရှိ အချိန်တွင်ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေခြင်းနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်နေဆဲအခြေအနေဖြစ်ခြင်းကြောင့် အိမ် ခြံ မြေ ဈေးကွက်သည် ဆက်လက်ကောင်းနေမည့်အနေရှိပြီးထိုအရာများပြန်လည်တည်ငြိမ်ခြင်းနှင့်နိုင်ငံရေး အပြောင်းအလဲများပြန်ဖြစ်ပါကလည်း ဈေးကွက်အခြေအနေသည်ပြန်ပြောင်းသွားနိုင်ကြောင်းလုပ်ငန်းရှင်များကခန့်မှန်းပြောဆိုနေကြပါတယ်။

Ref:burmairrawaddy

———- 

ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚခဲ့ေသာ ေဖေဖာ္ဝါရီလေနာက္ပိုင္း အိမ္ၿခံေျမ ေဈးကြက္သည္ အေရာင္းအဝယ္ရပ္တန႔္သြားခဲ့ေသာ္လည္း ဘဏ္မ်ားတြင္ေငြသားထုတ္ယူႏိုင္မႈ အခက္အခဲႏွင့္ ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းလာၿပီး အေမရိကန္ေဒၚလာလဲလွယ္ႏႈန္းျမင့္တက္လာေသာ ေမလပိုင္းမွစတင္ၿပီး ယခုအခ်ိန္အထိ အိမ္ၿခံေျမေဈးကြက္ အေရာင္းအဝယ္တက္လာတယ္လို႔ဆိုပါတယ္။

ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္က်ဆင္းလာျခင္းႏွင့္ဘဏ္လုပ္ငန္းအေပၚယုံၾကည္မႈ ေလ်ာ့က်လာသျဖင့္ဘဏ္၌အပ္ႏွံထားေသာစုေဆာင္းေငြမ်ားကိုျပန္ထုတ္ကာ အိမ္ ၿခံ ေျမတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလာေနေၾကာင္း အိမ္ ၿခံ ေျမလုပ္ငန္းလုပ္ကိုင္သူမ်ားကဆိုပါတယ္။

ျမန္မာႏိုင္ငံ အိမ္ ၿခံ ေျမ ဝန္ေဆာင္မႈလုပ္ငန္းရွင္တဦးက “ဘဏ္ေတြမွာေငြထုတ္ရတာ အခက္အခဲျဖစ္လာၿပီး ဘဏ္ေတြကိုယုံၾကည္မႈနည္းလာတဲ့အခ်ိန္မွာ ကိုယ့္ေငြေတြကိုဘဏ္ထဲမွာ ထားတာထက္အျပင္မွာရင္းႏွီးျမႇဳပ္ႏွံထားတာပိုၿပီးေတာ့ေသခ်ာတယ္။

စိတ္ႏွလုံး ေအးခ်မ္းမယ္ဆိုေတာ့ အိမ္ ၿခံ ေျမကိုအဝယ္လိုက္တယ္။ၿပီးခဲ့တဲ့ ေဒၚလာေဈး ၂၀၀၀ေက်ာ္ေလာက္ ျဖစ္တဲ့အခ်ိန္ကေတာ့အိမ္ၿခံေျမကေဈးကြက္မွာ အေဟာ့ဆုံးေပါ့”လို႔ေျပာပါတယ္

ယခုလပိုင္းမ်ားတြင္ အိမ္ ၿခံ ေျမ ေဈးကြက္ကိုအဝယ္လိုက္လာ၍ မ်ားေသာအားျဖင့္ လုံးခ်င္းႏွင့္ေျမကြက္ေဈးႏႈန္းမ်ားသည္ ၿမိဳ႕နယ္အေပၚမူတည္ၿပီး ယခင္ကေဈးႏႈန္းထက္ ၃၀ ရာခိုင္ႏႈန္း မွ ၄၀ ရာခိုင္ႏႈန္းအထိေဈးလိုက္ျမင့္တက္လာေနေၾကာင္း အိမ္ ၿခံ ေျမ လုပ္ငန္းသူမ်ားထံကသိရပါတယ္။

လုပ္ငန္းရွင္တစ္ဦးက “က်ပ္ေငြတန္ဖိုးက်ဆင္းတဲ့အားကအရမ္းကို ႀကီးမားေတာ့ တန္ဖိုးက်တဲ့ႏႈန္းကအရမ္းမ်ားေတာ့ ကိုယ့္ေရာင္းမယ့္အိမ္ေတြ တိုက္ခန္းေတြက မာသြားတာေပါ့။ လက္ရွိေဈးနဲ႔ ေရာင္းဘယ္ေလာက္ေလာက္ ေလ်ာ့သြားမလဲေပါ့။အဲဒီအတြက္ေဈးေတြကို လိုက္ျမႇင့္ၿပီးေတာ့ေရာင္းၾကတာ”လို႔ေျပာပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္တဦးက “ဘဏ္ကထုတ္လာၿပီးတဲ့ေငြကိုလည္း မကိုင္ထားရဲတဲ့ အခါက်ေတာ့ အမာေတြလိုက္ဝယ္တာေပါ့။ ဒီအမာေတြေဈးကြက္တခုကေတာ့ျပန္လည္လာတဲ့သေဘာျဖစ္သြားၿပီး Over Demandျဖစ္လာတာေပါ့” လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းၿမိဳ႕နယ္မ်ားျဖစ္တဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္ႏွင့္မဂၤလာေတာင္ၫြန႔္(ကန္ေတာ္ေလး) ၿမိဳ႕နယ္မ်ားရွိတိုက္ခန္းမ်ားသည္လည္း အဝယ္လိုက္လာသလိုေဈးႏႈန္းသည္လည္း ပုံမွန္ထက္က်ပ္သိန္း ၂၀၀ မွသိန္း ၃၀၀ အထိေဈးႏႈန္းမ်ားျမင့္တက္လာေၾကာင္းသိရသည္။

တိုက္ခန္း မီနီကြန္ဒိုႏွင့္ကြန္ဒိုမ်ားသည္ယခင္ကထက္ ေဈးႏႈန္းျမင့္တက္လာျခင္းႏွင့္လက္ရွိ ေဈးကြက္ဝယ္လိုအားအေျခအေနအရ ေျမကြက္ႏွင့္ လုံးခ်င္းအိမ္မ်ားကိုသာစိတ္ဝင္စားမႈျမင့္တက္ေနျခင္းေၾကာင့္က်ပ္သိန္း ၅၀၀ ႏွင့္၅၀၀ ေအာက္တိုက္ခန္းမ်ားသာအေရာင္းအဝယ္ ျဖစ္ေနေၾကာင္း၎ကဆိုသည္။

ျပည္တြင္းေ႐ႊေဈးႏႈန္းမွာ ၂၂ သိန္းေက်ာ္ထိ စံခ်ိန္တင္ျမင့္တက္သြားခဲ့ၿပီး ေအာက္တိုဘာလ ၁၄ ရက္ေန႔ညေန ၅ နာရီအပိတ္ေဈးမွာ အကယ္ဒမီ အေခါက္ေ႐ႊတက်ပ္သား ၁၈၈၅၀၀၀ က်ပ္သို႔ ျပန္လည္က်ဆင္းလာတာေတြ႕ရပါတယ္။

လက္ရွိ အခ်ိန္တြင္က်ပ္ေငြတန္ဖိုးဆက္တိုက္က်ဆင္းေနျခင္းႏွင့္အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္း ျမင့္တက္ေနဆဲအေျခအေနျဖစ္ျခင္းေၾကာင့္ အိမ္ ၿခံ ေျမ ေဈးကြက္သည္ ဆက္လက္ေကာင္းေနမည့္အေနရွိၿပီးထိုအရာမ်ားျပန္လည္တည္ၿငိမ္ျခင္းႏွင့္ႏိုင္ငံေရး အေျပာင္းအလဲမ်ားျပန္ျဖစ္ပါကလည္း ေဈးကြက္အေျခအေနသည္ျပန္ေျပာင္းသြားႏိုင္ေၾကာင္းလုပ္ငန္းရွင္မ်ားကခန႔္မွန္းေျပာဆိုေနၾကပါတယ္။

Ref:burmairrawaddy