ခွဲခြားဆက်ဆံသည့် အာဆီယံအစည်းအဝေးကိုသွားတက်ရောက်ပါက စော်ကားရကျတယ်လို့ ဇော်မင်းထွန်း ဆို

အာဆီယံနှင့်ပတ်သက်ပြီး တန်းတူရည်တူမထားသည့် အစည်းအဝေးကို သွားတက်ရောက်ပါက စော်ကားရာကျသည်ဟု …

အာဆီယံအစည်းအဝေးများနှင့် ပတ်သက်ပြီး တန်းတူ ရည်တူမထားသည့် အစည်းအဝေးကို သွားရောက် တက်ရောက်ပါက ပိုပြီး

မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို စော်ကားရာကျသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကိုယ့်ကို တန်းတူ ရည်တူအဖြစ် မထားတဲ့ နိုင်ငံအချို့ပေါ့နော်။ အာဆီယံနိုင်ငံအားလုံးလည်း မဟုတ်ပါဘူး။ နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့်၊

နိုင်ငံအချို့ရဲ့ ပဋိဉာဏ်ချိုးဖောက်မှုကြောင့် တန်းတူ ရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက်တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို စော်ကားရာကျတယ်။

ကိုယ့်နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ မိမိရဲ့၊ နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ ကိုယ့်အနေနဲ့လည်း ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။ ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး” ဟု ယင်းက ဆိုသည်။

အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့အစည်းက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။

“ကျွန်တော်တို့ ဟိုကနေပြီးတော့ ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကို ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ အကြောင်းလည်း မပြန်ရသေးပါဘူး။

အခုနပြောသလို တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ ကျွန်တော်တို့အနေနဲ့က ရှင်းရှင်းလေး ကျွန်တော်တို့ရပ်တည်ချက်က နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဖိတ်ခေါ်တာသည် သူတို့အနေနဲ့ရော ပဋိဉာဏ်ပါရော၊ စည်းမျဉ်းစည်းကမ်းပါ အရရော ဘယ်သူ့ကိုတက်ပါလို့ ဖိတ်ခေါ်ခွင့်မရှိပါဘူး။

အဓိကတော့ နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့ သူ၊ နိုင်ငံခေါင်းဆောင် ဖြစ်ရမှာပဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့မှ နိုင်ငံ့ခေါင်းဆောင်သာ တက်ရောက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ရယူထားကြောင်း၊ ယင်းသို့ ရယူမှုနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံအချို့က အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။

Myanma Platform

————

အာဆီယံႏွင့္ပတ္သက္ၿပီး တန္းတူရည္တူမထားသည့္ အစည္းအေဝးကို သြားတက္ေရာက္ပါက ေစာ္ကားရာက်သည္ဟု …

အာဆီယံအစည္းအေဝးမ်ားႏွင့္ ပတ္သက္ၿပီး တန္းတူ ရည္တူမထားသည့္ အစည္းအေဝးကို သြားေရာက္ တက္ေရာက္ပါက ပိုၿပီး

ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာကို ေစာ္ကားရာက်သည္ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမွ ေျပာေရးဆို ခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဒါနဲ႔ပတ္သက္ၿပီးေတာ့ သူတို႔အေနနဲ႔ ကိုယ့္ကို တန္းတူ ရည္တူအျဖစ္ မထားတဲ့ ႏိုင္ငံအခ်ိဳ႕ေပါ့ေနာ္။ အာဆီယံႏိုင္ငံအားလုံးလည္း မဟုတ္ပါဘူး။ ႏိုင္ငံအခ်ိဳ႕ရဲ႕ ကန႔္သတ္မႈေၾကာင့္၊

ႏိုင္ငံအခ်ိဳ႕ရဲ႕ ပဋိဉာဏ္ခ်ိဳးေဖာက္မႈေၾကာင့္ တန္းတူ ရည္တူမထားတဲ့ အစည္းအေဝးကို သြားေရာက္တက္ေရာက္တာက ပိုၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာကို ေစာ္ကားရာက်တယ္။

ကိုယ့္ႏိုင္ငံရဲ႕ တည္ရွိမႈအေပၚမွာ မိမိရဲ႕၊ ႏိုင္ငံရဲ႕ တည္ရွိမႈအေပၚမွာ ကိုယ့္အေနနဲ႔လည္း ခ်ိဳးေဖာက္ရာ ေရာက္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔လည္း တက္ဖို႔၊ မတက္ဖို႔ မေသခ်ာပါဘူး။ ဘာမွတ္ခ်က္မွ ေပးစရာမရွိပါဘူး” ဟု ယင္းက ဆိုသည္။

အာဆီယံႏိုင္ငံမ်ား ထိပ္သီးအစည္းအေဝးကို ေအာက္ တိုဘာလ ၂၆ ရက္ေန႔တြင္ က်င္းပမည္ျဖစ္ၿပီး အာဆီယံအဖြဲ႕အစည္းက ျမန္မာႏိုင္ငံကိုယ္စားျပဳ တက္ေရာက္ရန္အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ဦးကို ဖိတ္ၾကားထားေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ ဟိုကေနၿပီးေတာ့ ဖိတ္ၾကားတာကေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ေယာက္ကို ဖိတ္ၾကားထားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။ အေၾကာင္းလည္း မျပန္ရေသးပါဘူး။

အခုနေျပာသလို တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔က ရွင္းရွင္းေလး ကြၽန္ေတာ္တို႔ရပ္တည္ခ်က္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။ ဖိတ္ေခၚတာသည္ သူတို႔အေနနဲ႔ေရာ ပဋိဉာဏ္ပါေရာ၊ စည္းမ်ဥ္းစည္းကမ္းပါ အရေရာ ဘယ္သူ႔ကိုတက္ပါလို႔ ဖိတ္ေခၚခြင့္မရွိပါဘူး။

အဓိကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္လုပ္တဲ့ သူ၊ ႏိုင္ငံေခါင္းေဆာင္ ျဖစ္ရမွာပဲ ျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ တူညီဆႏၵမရွိဘဲနဲ႔ ေဆာင္႐ြက္လာတာ ျဖစ္တယ္” ဟု ယင္းက ဆက္လက္ေျပာၾကားခဲ့သည္။

အာဆီယံထိပ္သီးအစည္းအေဝးတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ အစိုးရအဖြဲ႕မွ ႏိုင္ငံ့ေခါင္းေဆာင္သာ တက္ေရာက္မည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ျမန္မာႏိုင္ငံကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ႏိုင္ငံေတာ္တာဝန္မ်ားကို ရယူထားေၾကာင္း၊ ယင္းသို႔ ရယူမႈႏွင့္ ပတ္သက္ၿပီး အာဆီယံႏိုင္ငံအခ်ိဳ႕က အျငင္းပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။

Myanma Platform