
နယ်ကလူတွေဟာ အချိန်မရွေး စစ်ဘေးရှောင်ပြေးလွှားရနိုင်တဲ့ အချိန်အခါမျိုးပါ
ဒါ့ကြောင့် နယ်သူနယ်သားများအား အကြံပြုပါရစေ
အရေးကြုံခဲ့သော် မိမိတို့ ထွက်ပြေးတိမ်းရှောင်ကြမဲ့စစ်ရှောင် တော /စစ်ရှောင် စခန်း စဖြင့် ကြိုတင် တွက်ဆပြီးရွေးချယ်ထားကြပါ
အထူးသဖြင့် ရေအလွယ်ရနိုင်မဲ့ တောတိုက်ကို ဦးစားပေးရွေးချယ်ရင်း ယာယီတဲများ ကြိုဆောက်ထားသင့်သလို..လေးငါးရက်စာ စားနပ်ရိက္ခာ အချို့ ပို့ဆောင်ထားသင့်ပါ၏
မိမိတော မိမိယာခင်းမှာ သွားရှောင်မယ်ဆိုပါစို့။မိမိတောယာက ရေအခက်ခဲရှိမယ်ဆိုလျှင် ကြိုတင်ကာရေဘူးများ ပို့ဆောင်ထားကြရပါမယ်
ဒါတွေ ပြည့်စုံပြီဆိုလျှင် နောက်တစ်ခုအရေးကြီးတာကချက်ပြုတ်ရေးအတွက် ထင်း ပါ။ မိုးဦးကျရာသီဖြစ်တာကြောင့်ထင်းကစ အတန်အသင့် ကြိုစုဆောင်းထားရှိကြပါ။
ကိုယ့်ဒေသ မငြိမ်းချမ်းလို့ ချက်ခြင်း ပြေးကြရတဲ့အခါနေရေး ထိုင်ရေးနဲ့ စားသောက်ရေး အဆင်ပြေနိုင်ရန်မပြေးသော် ကံရာရှိ ကြိုစီစဥ်သင့်မယ် ထင်လို့ပါ
ကြုံကာမှ ထပြေးကြရတဲ့အခါ ဘယ်ပြေးရမယ်မသိ။ဘာတွေ သည်သွားရမယ်မသိ အယောင်ယောင်အမှားမှားနဲ့..တောထဲ တောင်ထဲ ရောက်ကြရတဲ့အခါ များစွာ အခက်ကြုံကြရမည်
လိုအပ်သမျှ ယူချိန်ရတဲ့အခါ ရှိသလို ယူချိန်မရပဲ..ဒရောသောပါး ပြေးကြရမယ်ဆိုလျှင် ပို၍ပင် ခက်ခဲကလိမ့်မည်
သိုဖြစ့်ပါ၍ မိမိတို့ မဖြစ်မနေလိုအပ်မဲ့ အရာအချို့ကိုကြိုကြိုတင်တင် ခုကတည်းက မိမိတော မိမိယာခင်းတဲများသို့ပို့ဆောင် ထားရ်ှိကြခြင်းများ လုပ်ဆောင်နိုင်ကြရန်တွေးမိတာလေးကို အကြံပြုလိုက်ရပါသည် ခင်ဗျား….
စေတနာဖြင့်
yan ဆယ်ပြားလို
——-
နယ္ကလူေတြဟာ အခ်ိန္မေ႐ြး စစ္ေဘးေရွာင္ေျပးလႊားရႏိုင္တဲ့ အခ်ိန္အခါမ်ိဳးပါ
ဒါ့ေၾကာင့္ နယ္သူနယ္သားမ်ားအား အႀကံျပဳပါရေစ
အေရးႀကဳံခဲ့ေသာ္ မိမိတို႔ ထြက္ေျပးတိမ္းေရွာင္ၾကမဲ့စစ္ေရွာင္တာ /စစ္ေရွာင္ စခန္း စျဖင့္ ႀကိဳတင္ တြက္ဆၿပီးေ႐ြးခ်ယ္ထားၾကပါ
အထူးသျဖင့္ ေရအလြယ္ရႏိုင္မဲ့ ေတာတိုက္ကို ဦးစားေပးေ႐ြးခ်ယ္ရင္း ယာယီတဲမ်ား ႀကိဳေဆာက္ထားသင့္သလို..ေလးငါးရက္စာ စားနပ္ရိကၡာ အခ်ိဳ႕ ပို႔ေဆာင္ထားသင့္ပါ၏
မိမိေတာ မိမိယာခင္းမွာ သြားေရွာင္မယ္ဆိုပါစို႔။မိမိေတာယာက ေရအခက္ခဲရွိမယ္ဆိုလွ်င္ ႀကိဳတင္ကာေရဘူးမ်ား ပို႔ေဆာင္ထားၾကရပါမယ္
ဒါေတြ ျပည့္စုံၿပီဆိုလွ်င္ ေနာက္တစ္ခုအေရးႀကီးတာကခ်က္ျပဳတ္ေရးအတြက္ ထင္း ပါ။ မိုးဦးက်ရာသီျဖစ္တာေၾကာင့္ထင္းကစ အတန္အသင့္ ႀကိဳစုေဆာင္းထားရွိၾကပါ။
ကိုယ့္ေဒသ မၿငိမ္းခ်မ္းလို႔ ခ်က္ျခင္း ေျပးၾကရတဲ့အခါေနေရး ထိုင္ေရးနဲ႔ စားေသာက္ေရး အဆင္ေျပႏိုင္ရန္မေျပးေသာ္ ကံရာရွိ ႀကိဳစီစဥ္သင့္မယ္ ထင္လို႔ပါ
ႀကဳံကာမွ ထေျပးၾကရတဲ့အခါ ဘယ္ေျပးရမယ္မသိ။ဘာေတြ သည္သြားရမယ္မသိ အေယာင္ေယာင္အမွားမွားနဲ႔..ေတာထဲ ေတာင္ထဲ ေရာက္ၾကရတဲ့အခါ မ်ားစြာ အခက္ႀကဳံၾကရမည္
လိုအပ္သမွ် ယူခ်ိန္ရတဲ့အခါ ရွိသလို ယူခ်ိန္မရပဲ..ဒေရာေသာပါး ေျပးၾကရမယ္ဆိုလွ်င္ ပို၍ပင္ ခက္ခဲကလိမ့္မည္
သိုျဖစ့္ပါ၍ မိမိတို႔ မျဖစ္မေနလိုအပ္မဲ့ အရာအခ်ိဳ႕ကိုႀကိဳႀကိဳတင္တင္ ခုကတည္းက မိမိေတာ မိမိယာခင္းတဲမ်ားသို႔ပို႔ေဆာင္ ထားရ္ွိၾကျခင္းမ်ား လုပ္ေဆာင္ႏိုင္ၾကရန္ေတြးမိတာေလးကို အႀကံျပဳလိုက္ရပါသည္ ခင္ဗ်ား….
ေစတနာျဖင့္
yan ဆယ္ျပားလို