
စင်ကာပူအစိုးရအနေနဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတယ်လို့ပြော
ရန်ကုန်၊ အောက်တိုဘာ ၂၆
စင်ကာပူအစိုးရအနေနဲ့ SACရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံကို တက်ရောက်ခွင့်ပြုပေမယ့် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီအမ် ဘာလာဂစ်ရှ်နမ် (Vivian Balakishnan) က ပြောပါတယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ပြီးခဲ့တဲ့ အမေရိကန် အထူးသံတမန်အဖွဲ့တွေ ဒေသတွင်းနိုင်ငံရေးတွေနဲ့ မြန်မာ့အရေးပေါ် ဆွေးနွေးမှုပြုလုပ်တုန်းက စင်ကာပူနိုင်ငံရဲ့ သဘောထားကို ပြတ်ပြတ်သားသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်၊ ထိုင်းနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း အာဏာရယူထားတဲ့ SAC ကို မထောက်ခံတဲ့သဘောကို ပြတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက SAC အနေနဲ့ အာဆီယံသဘောတူညီချက်တွေကို မလိုက်နာရင် ပြည်သူတွေ ရွေးကောက်ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုဘဲ ဆွေးနွေးဆက်သွယ်သွားမယ်လို့ ဆိုပါတယ်။
အာဆီယံက SAC ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မပေးဘဲ အခြားကိုယ်စားလှယ်တစ်ယောက်ကိုဘဲ ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို Video Conferencing စနစ်နဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။
Mercury_Media
———-
စင္ကာပူအစိုးရအေနနဲ႔ သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုပဲ ႏိုင္ငံေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳတယ္လို႔ေျပာ
ရန္ကုန္၊ ေအာက္တိုဘာ ၂၆
စင္ကာပူအစိုးရအေနနဲ႔ SACရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးကို အာဆီယံကို တက္ေရာက္ခြင့္ျပဳေပမယ့္ သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုပဲ ႏိုင္ငံေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီအမ္ ဘာလာဂစ္ရွ္နမ္ (Vivian Balakishnan) က ေျပာပါတယ္လို႔ သိရပါတယ္။
ႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီယန္က ၿပီးခဲ့တဲ့ အေမရိကန္ အထူးသံတမန္အဖြဲ႕ေတြ ေဒသတြင္းႏိုင္ငံေရးေတြနဲ႔ ျမန္မာ့အေရးေပၚ ေဆြးေႏြးမႈျပဳလုပ္တုန္းက စင္ကာပူႏိုင္ငံရဲ႕ သေဘာထားကို ျပတ္ျပတ္သားသားေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။
ဖိလစ္ပိုင္၊ ထိုင္းနဲ႔ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြကလည္း အာဏာရယူထားတဲ့ SAC ကို မေထာက္ခံတဲ့သေဘာကို ျပတယ္လို႔ သိရပါတယ္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက SAC အေနနဲ႔ အာဆီယံသေဘာတူညီခ်က္ေတြကို မလိုက္နာရင္ ျပည္သူေတြ ေ႐ြးေကာက္ထားတဲ့ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ကိုဘဲ ေဆြးေႏြးဆက္သြယ္သြားမယ္လို႔ ဆိုပါတယ္။
အာဆီယံက SAC ဟာ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို လက္မခံတာေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အာဆီယံထိပ္သီးအစည္းအေဝးကို တက္ေရာက္ခြင့္မေပးဘဲ အျခားကိုယ္စားလွယ္တစ္ေယာက္ကိုဘဲ ဖိတ္ၾကားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဒီေန႔မနက္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ခြင့္မရတဲ့ အာဆီယံထိပ္သီး အစည္းအေဝးကို Video Conferencing စနစ္နဲ႔ ျပဳလုပ္ေနတာျဖစ္ပါတယ္။
Mercury_Media