
အာဆီယံကို မကျေနပ်လို့ မဟုတ်သလို အာဆီယံကို သပိတ်မှောက်တာ မဟုတ်ကြောင်း စစ်ကောင်စီ ကြေညာ
မြန်မာ မပါတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ စတင်တဲ့ ဒီကနေ့မှာပဲ မြန်မာ စစ်ကောင်စီက သူတို့ မတက်ရောက်ခြင်းဟာ အာဆီယံကို မကျေနပ်လို့ မဟုတ်သလို အာဆီယံကို သပိတ်မှောက်နေတာ လည်း မဟုတ်ကြောင်း စစ်ကောင်စီက ည ၈ နာရီ သတင်းမှာ ကြေညာသွား ပါသည်။
စစ်ကောင်စီ နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ နိုင်ငံအကြီးအကဲ အစိုးရအဖွဲ့အကြီးအကဲ ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရတဲ့ အတွက် အာဆီယံ အစည်းအဝေး မတက်ရောက်ခြင်းသာ ဖြစ်ကြောင်း သတင်းမှာ ကြေညာသွားပါသည်။
အာဆီယံ ပဋိညာဥ်နဲ့ အညီ အခွင့်အရေးကိုသာ တောင်းဆိုတာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်လိုတဲ့ သဘောကိုသာ ပြသတာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါသည်။
ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အတိုင်း အပြုသဘော ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလဲ ကြေညာသွားခဲ့ပါသည်။
————–
အာဆီယံကို မေက်နပ္လို႔ မဟုတ္သလို အာဆီယံကို သပိတ္ေမွာက္တာ မဟုတ္ေၾကာင္း စစ္ေကာင္စီ ေၾကညာ
ျမန္မာ မပါတဲ့ အာဆီယံ ထိပ္သီး အစည္းအေဝးေတြ စတင္တဲ့ ဒီကေန႔မွာပဲ ျမန္မာ စစ္ေကာင္စီက သူတို႔ မတက္ေရာက္ျခင္းဟာ အာဆီယံကို မေက်နပ္လို႔ မဟုတ္သလို အာဆီယံကို သပိတ္ေမွာက္ေနတာ လည္း မဟုတ္ေၾကာင္း စစ္ေကာင္စီက ည ၈ နာရီ သတင္းမွာ ေၾကညာသြား ပါသည္။
စစ္ေကာင္စီ ႏိုင္ငံျခားေရး ဌာနက ထုတ္ျပန္တဲ့ ဒီေၾကညာခ်က္မွာ ႏိုင္ငံအႀကီးအကဲ အစိုးရအဖြဲ႕အႀကီးအကဲ ျပည္ေထာင္စုဝန္ႀကီးအဆင့္ တက္ေရာက္ခြင့္ မရတဲ့ အတြက္ အာဆီယံ အစည္းအေဝး မတက္ေရာက္ျခင္းသာ ျဖစ္ေၾကာင္း သတင္းမွာ ေၾကညာသြားပါသည္။
အာဆီယံ ပဋိညာဥ္နဲ႔ အညီ အခြင့္အေရးကိုသာ ေတာင္းဆိုတာ ျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္လိုတဲ့ သေဘာကိုသာ ျပသတာ ျဖစ္တယ္လို႔လည္း ေၾကညာခ်က္က ဆိုပါသည္။
ဒါ့အျပင္ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္ အတိုင္း အျပဳသေဘာ ဆက္လက္ ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္းလဲ ေၾကညာသြားခဲ့ပါသည္။