သန်းလှိုင်အား PDF အားလုံးကုန်မှ နေပြည်တော် ပြန်လာခဲ့ဟု စစ္ကောင်စီ ညွှန်ကြားထားကြောင်းသိရှိရ

သန်းလှိုင်အား PDF အားလုံးကုန်မှ နေပြည်တော် ပြန်လာခဲ့ဟု အကြမ်းဖက် စစ္ကောင်စီ ညွှန်ကြားထားကြောင်းသိရှိရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ အင်အားကောင်းစွာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များ အားလုံးကုန်မှ နေပြည်တော်သို့ ပြန်လာခဲ့ရန်

အာဏာသိမ်း စစ်ကောင်စီက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၆ မှူး) သန်းလှိုင်အား ညွန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရှိရပါသည်။

ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်ပြီး ရဲချုပ်လည်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဟုအမည်ခံ သန်းလှိုင်ကို စစ်ကောင်စီက စက်တင်ဘာလမှစတင်၍ PDF များ၏ တိုက်ခိုက်မှုကြောင့်

စစ်သားများစွာ သေဆုံးအထိနာနေသည့် စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့ ပါဝင်သော အနောက်္မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) သို့ စေလွှတ်ကာ ကွပ်ကဲစေခဲ့ခြင်းဖြစ်သည်။

နမခ စစ်တိုင်းမှူးဟောင်းဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟုအမည်ခံ သန်းလှိုင်မှာ လက်ရှိတွင် မုံရွာမြို့အခြေစိုက် နမခတွင် အခြေစိုက်၍

ကွပ်ကဲမှု့များ ပြုလုပ်နေပြီး PDF အားလုံးကုန်မှ နေပြည်တော်သို့ ပြန်လာခဲ့ရန် သောင်းကျန်းသူစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားခြင်း ဖြစ်သည်။

———-






