စိုးရိမ်စရာကောင်းမဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်သော မုန်တိုင်းနှစ်ခု

(7.6.2021) မြန်မာနိုင်ငံ အောက်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းကိုမြစ်ရေကျော်ခြင်း၊ ကားလမ်းရေကျော်ခြင်း များ ၊ တောင်ပြိုခြင်းများကို ဖြစ်လာနိုင်သော မုန်တိုင်းနှစ်ခု

လက်ရှိလေထုလှုပ်ရှားမှုအရ

ဘင်္ဂလားပင်လယ်မြောက်ဘက်မှာ

လေထုဖိအား 1004 မီလီဘား 1006 မီလီဘားကြားမှာတည်ရှိနေပါတယ်။

‌ဘင်္ဂလားဒေ့ကုန်းတွင်းဘက်မှာ

လေထုမငြိမ်သက်မှု့များဖြစ်ပေါ်နေတော့

ဒီဧရိယာတွေမှာ 72 နာရီအတွင်း

လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

မုန်တိုင်ဖြစ်နိုင်ခြေတအားများလာတဲ့ပုံပါ။

ဘင်္ဂလားပင်လယ်တောင်ဘက်မှာတော့

လေထုမငြိမ်သက်မှုတွေ ‌သိပ်မတွေ့ရတော့ဘူး။

ဒါက ဘင်္ဂလားတောင်ဘက်မှာ

မုတ်သုန်အားဆက်လက်ကောင်းလာနိုင်တဲ့ပုံစံမျိုးပါ။

ကပ္ပလီပင်လယ်မှာတော့ အားအလွန်ကောင်းလာပါပြီး

မြန်မာနိုင်ငံ

ရန်ကုန်တိုင်း

ဧရာဝတီတိုင်း

ရခိုင်ပြည်နယ်

ပဲခူးတိုင်း

မွန်ပြည်နယ်

ကရင်ပြည်နယ်

တနင်္သာရီတိုင်း

ချင်းပြည်နယ်

ကချင်ပြည်နယ်

စစ်ကိုင်းတိုင်း

ဒေသဘက်မှာ မိုးတအားကြီးနိုင်တယ်။

ကျန်တိုင်းပြည်နယ်ကတော့ ကွက်ကျားကွက်ကျား စတင်ရွာနိုင်ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်မှာလည်

လေထုဖိအားကျဆင်းမှု့တွေရှိနေပါတယ်။

မကြာခင်ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းတွေ

ဆက်လက်ဖြစ်လာနိုင်ပါတယ်။

ဒါတွေလည်းမုန်တိုင်းဖြစ်ဖို့အတွက် လမ်းစတစ်ခုပါဘဲ။

ဒါကြောင့်

မြန်မာနိုင်ငံအောက်ပိုင်း

မြန်မာနိုင်ငံတောင်ပိုင်းတို့မှာ

လက်ရှိမုတ်သုန်အား ကောင်းမွန်မှုနှင့်

မုန်တိုင်းနှစ်ခုဖြစ်နိုင်ခြေ မုတ်သုန်အားနှင့်

ပေါင်းစပ်ကြည့်မိတော့

စိုးရိမ်စရာကောင်းမဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆက်လက်ခန့်မှန်းမိပါတယ်။

ယေန့ကစပြီး

ရွာသွန်းလာနိုင်ခြင်းတို့ကြောင့် များမကြာခင်ရက်တွေမှာ

မွန်ပြည်နယ်

ကရင်ပြည်နယ်

ရခိုင်ပြည်နယ်

မြစ်ဝကျွန်းပေါ်ဒေသ

သံလွင်မြစ်တလျောက်

စစ်တောင်မြစ်တလျောက်

ရန်ကုန်တိုင်း

ပဲခူးတိုင်း

တနင်္သာရီတိုင်းဘက်တွင်

မြစ်ရေလျံခြင်း

ကားလမ်းရေကျော်ခြင်း

တောင်ပြိုခြင်း

ရေစီးဆင်းမှု မကောင်းသေားနေရာများတွင်

ရေကျော်ရေကြီးခြင်းမှာ

7 ရက်အတွင်းဖြစ်လာနိုင်သောကြောင့်

အထူးဂရုစိုက်ပြီး

ပြင်ဆင်စရာများကိုပြင်ဆင်ထားကြပါရန်

မိုးလေဝသသတင်းများကိုနားထောင်ကြပါရန်

ကြိုတင်ပြီးထပ်မံ အသိပေးလိုက်ပါတယ်။

မြန္မုတ္တမ တနင်္သာရီ

ရခိုင် မြစ်ဝကျွန်းပေါ်ဒေသ

ကမ်းနီးကမ်းဝေးများတွင်

တစ်ခါတရံ မိုးသက်လေပြင်းများ

နေရက်များဆက်ပြီး ဖြစ်ပေါ်လာနိုင်သည့်အတွက်

အထူးသတိပြုဆောင်ရွက်ကြပါ။

လေပြင်မြေပြင်လေက တစ်ဖြေးဖြေး

မြင့်တတ်လာနိုင်ပါတယ်။

သဘာဝဘေးများကို အတတ်နိုင်ဆုံး

အချိန်နှင့်တစ်ပြေးညီအသိပေးနေမှာပါ

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

Credit- HtayAung