တော်လှန်ရေးအတွက်ကြိုးပမ်းနေတဲ့လူငယ်လေး မိဘတွေရဲ့ အမွေပြတ်စွန့်လွတ်ခြင်းခံရ

မိတ္ထီလာမြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်လူငယ် မိဘ၏ ရာသက်ပန်အမွေပြတ် စွန့်လွှတ်ခြင်းခံရ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှ လွတ်မြောက်နယ်မြေသို့ သွားရောက်ကာ နွေဦးတော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေသော PDF အဖွဲ့ဝင် မောင်သန်းစိုးလှိုင်ကို မိဘက သားအဖြစ်မှ ရာသက်ပန် အမွေပြတ် စွန့်လွှတ်လိုက်ကြောင်း ၎င်း၏ မိတ်ဆွေက ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ တော်လှန်ရေးအတွက် သူပြတ်သားပါတယ်။ သူ့အိမ်ကို သူချစ်ပေမယ့် ဒီလမ်းလျှောက်ခဲ့ပြီမို့ ဆက်သွားဖို့ပဲ ရှိပါတယ် ” ဟု မောင်သန်းစိုးလှိုင်နှင့် ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။

မောင်သန်းစိုးလှိုင်၏ မိဘက “ သားမောင်သန်းစိုးလှိုင်သည် မိဘများ၏ ဆိုဆုံးမမှုကို မနာခံဘဲ အကြိမ်ကြိမ် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ပြုလုပ်၍ ၎င်းသဘောဆန္ဒအလျောက် နေအိမ်မှ ဆင်းသွားပါသောကြောင့်

ယနေ့မှစ၍ ရာသက်ပန်သားအဖြစ်မှ စွန့်လွှတ်လိုက်ပါသည်။ ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ” ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ကြေညာထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အစောပိုင်းကာလတွင် မိတ္ထီလာမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် မောင်သန်းစိုးလှိုင် ပါဝင်ခဲ့သည်။

ဒီမိုကရေစီတောင်းဆို ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်လာသည့် နောက်ပိုင်း ဧပြီလလယ်ခန့်တွင် ၎င်းသည်လွတ်မြောက်နယ်မြေတစ်ခုသို့ သွားရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေက ပြောပြသည်။

ရန်ကုန်၊ မန္တလေးနှင့် တခြားသော မြို့နယ်များက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်သား PDF လူငယ်တချို့လည်း မိဘများ၏ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်မှုကို ခံထားကြရသည်။

———–

မိတၳီလာၿမိဳ႕က ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္လူငယ္ မိဘ၏ ရာသက္ပန္အေမြျပတ္ စြန႔္လႊတ္ျခင္းခံရ

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕မွ လြတ္ေျမာက္နယ္ေျမသို႔ သြားေရာက္ကာ ေႏြဦးေတာ္လွန္ေရးတိုက္ပြဲ ဆင္ႏႊဲေနေသာ PDF အဖြဲ႕ဝင္ ေမာင္သန္းစိုးလႈိင္ကို မိဘက သားအျဖစ္မွ ရာသက္ပန္ အေမြျပတ္ စြန႔္လႊတ္လိုက္ေၾကာင္း ၎၏ မိတ္ေဆြက ယေန႔ေအာက္တိုဘာလ ၂၈ ရက္ေန႔တြင္ မဇၩိမကို ေျပာသည္။

“ စိတ္ဓာတ္ပိုင္းဆိုင္ရာကေတာ့ ေတာ္လွန္ေရးအတြက္ သူျပတ္သားပါတယ္။ သူ႔အိမ္ကို သူခ်စ္ေပမယ့္ ဒီလမ္းေလွ်ာက္ခဲ့ၿပီမို႔ ဆက္သြားဖို႔ပဲ ရွိပါတယ္ ” ဟု ေမာင္သန္းစိုးလႈိင္ႏွင့္ ရင္းႏွီးသူ မိတ္ေဆြတစ္ဦးက ေျပာသည္။

ေမာင္သန္းစိုးလႈိင္၏ မိဘက “ သားေမာင္သန္းစိုးလႈိင္သည္ မိဘမ်ား၏ ဆိုဆုံးမမႈကို မနာခံဘဲ အႀကိမ္ႀကိမ္ စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲျဖစ္ေအာင္ ျပဳလုပ္၍ ၎သေဘာဆႏၵအေလ်ာက္ ေနအိမ္မွ ဆင္းသြားပါေသာေၾကာင့္

ယေန႔မွစ၍ ရာသက္ပန္သားအျဖစ္မွ စြန႔္လႊတ္လိုက္ပါသည္။ ၎ႏွင့္ ပတ္သက္ေသာ ကိစၥအဝဝအား တာဝန္ယူေျဖရွင္းေပးမည္မဟုတ္ပါ” ဟု စစ္ေကာင္စီလက္ေအာက္ခံ သတင္းစာတြင္ ေၾကညာထားသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အေစာပိုင္းကာလတြင္ မိတၳီလာၿမိဳ႕ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ေမာင္သန္းစိုးလႈိင္ ပါဝင္ခဲ့သည္။

ဒီမိုကေရစီေတာင္းဆို ဆႏၵျပသူမ်ားကို စစ္တပ္က အၾကမ္းဖက္ပစ္ခတ္ ႏွိမ္နင္းမႈမ်ား ျပဳလုပ္လာသည့္ ေနာက္ပိုင္း ဧၿပီလလယ္ခန႔္တြင္ ၎သည္လြတ္ေျမာက္နယ္ေျမတစ္ခုသို႔ သြားေရာက္ကာ လက္နက္ကိုင္ေတာ္လွန္ေရးကို ဆင္ႏႊဲေနျခင္းျဖစ္သည္ဟု ၎၏မိတ္ေဆြက ေျပာျပသည္။

ရန္ကုန္၊ မႏၲေလးႏွင့္ တျခားေသာ ၿမိဳ႕နယ္မ်ားက စစ္အာဏာရွင္ဆန႔္က်င္ေတာ္လွန္ေရး တိုက္ပြဲဝင္ေနေသာ ျပည္သူ႔ကာကြယ္ေရးတပ္သား PDF လူငယ္တခ်ိဳ႕လည္း မိဘမ်ား၏ သားအျဖစ္မွ အေမြျပတ္စြန႔္လႊတ္မႈကို ခံထားၾကရသည္။