
မြန်မာနိုင်ငံတွင်းလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ အီးယူက ယူရို ၄သန်း လှူဒါန်း
ရန်ကုန်၊ အောက်တိုဘာ ၂၉
မြန်မာနိုင်ငံတွင်း လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး WFP ကို ဥရောပသမဂ္ဂက ယူရို ၄ သန်း လှူဒါန်းလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်- 19 ကြောင့် လူမှုရေး စီးပွားရေး ထိခိုက်မှုတွေအပါအ၀င် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အလိုအပ်ဆုံးအချိန်မှာ
ဒီအကူအညီတွေကို ဥရောပသမဂ္ဂ နိုင်ငံသား ကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ(ECHO)အဖွဲ့ကနေတဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ အခြေအနေဟာ သိသိသာသာ ဆိုးရွားခဲ့တယ်။ မြန်မာနိုင်ငံတွင်း အကူအညီလိုအပ်နေသူတွေဆီကို သွားရောက်ဖို့ အခက်အခဲတွေ ရှိနေပေမဲ့လည်း လိုအပ်နေသူတွေကို အစားအသောက်အကူအညီတွေ ပံ့ပိုးပေးနေတဲ့
WFP အဖွဲ့အနေရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုချဲ့ထွင်ဖို့ အီးယူရဲ့ အကူအညီတွေက အထောက်အပံ့ဖြစ်လိမ့်မယ်”လို့လည်း မြန်မာနိုင်ငံအခြေစိုက် အီးယူရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဥ် အကြီးအကဲ လက် ဗာနာ က ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေဟာ မြို့ပြနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ မိသားစု၀င်တွေအားလုံးအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိပြီး လူအများအပြားဟာ ထမင်းနပ်မှန်အောင်
မစားရသလို အစားအသောက် ၀ယ်ဖို့အတွက် သူတို့ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချနေရပြီး ငွေတွေ ချေးငှားနေရတယ်လို့ WFP မြန်မာအဖွဲ့က ထောက်ပြထားပါတယ်။
ဒါပေမဲ့ ဒီအကူအညီတွေကြောင့် ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေထိုင်ကြတဲ့ လူပေါင်း ၃၇၀,၀၀၀ ကျော်ဟာ ၂၀၂၁ ခုနှစ် အစပိုင်းကတည်းက လိုအပ်တဲ့ အစားအသောက်နဲ့ အာဟာရတွေရရှိခဲ့တယ်လို့ WFP အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Mercury_Media
————
ျမန္မာႏိုင္ငံတြင္းလိုအပ္တဲ့ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြေပးဖို႔ အီးယူက ယူ႐ို ၄သန္း လႉဒါန္း
ရန္ကုန္၊ ေအာက္တိုဘာ ၂၉
ျမန္မာႏိုင္ငံတြင္း လိုအပ္ေနတဲ့ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြ ေဆာင္႐ြက္ဖို႔အတြက္ ကုလသမဂၢလက္ေအာက္ခံ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ႀကီး WFP ကို ဥေရာပသမဂၢက ယူ႐ို ၄ သန္း လႉဒါန္းလိုက္ပါတယ္။
ျမန္မာႏိုင္ငံတြင္းမွာ ပဋိပကၡေတြ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြနဲ႔ ကိုဗစ္- 19 ေၾကာင့္ လူမႈေရး စီးပြားေရး ထိခိုက္မႈေတြအပါအ၀င္ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနရတဲ့ အလိုအပ္ဆုံးအခ်ိန္မွာ
ဒီအကူအညီေတြကို ဥေရာပသမဂၢ ႏိုင္ငံသား ကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီ(ECHO)အဖြဲ႕ကေနတဆင့္ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။
“ၿပီးခဲ့တဲ့ တစ္ႏွစ္အတြင္း ျမန္မာႏိုင္ငံရဲ႕ စားနပ္ရိကၡာ အေျခအေနဟာ သိသိသာသာ ဆိုး႐ြားခဲ့တယ္။ ျမန္မာႏိုင္ငံတြင္း အကူအညီလိုအပ္ေနသူေတြဆီကို သြားေရာက္ဖို႔ အခက္အခဲေတြ ရွိေနေပမဲ့လည္း လိုအပ္ေနသူေတြကို အစားအေသာက္အကူအညီေတြ ပံ့ပိုးေပးေနတဲ့
WFP အဖြဲ႕အေနရဲ႕ လုပ္ေဆာင္မႈေတြကို ပိုမိုခ်ဲ႕ထြင္ဖို႔ အီးယူရဲ႕ အကူအညီေတြက အေထာက္အပံ့ျဖစ္လိမ့္မယ္”လို႔လည္း ျမန္မာႏိုင္ငံအေျခစိုက္ အီးယူရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အစီအစဥ္ အႀကီးအကဲ လက္ ဗာနာ က ေျပာပါတယ္။
လက္ရွိျဖစ္ပြားေနတဲ့ အက်ပ္အတည္းေတြဟာ ၿမိဳ႕ျပနဲ႔ နယ္စပ္ေဒသေတြမွာ ေနထိုင္ၾကတဲ့ မိသားစု၀င္ေတြအားလုံးအေပၚ သိသိသာသာ ႐ိုက္ခတ္မႈရွိၿပီး လူအမ်ားအျပားဟာ ထမင္းနပ္မွန္ေအာင္
မစားရသလို အစားအေသာက္ ၀ယ္ဖို႔အတြက္ သူတို႔ပိုင္ဆိုင္မႈေတြကို ထုခြဲေရာင္းခ်ေနရၿပီး ေငြေတြ ေခ်းငွားေနရတယ္လို႔ WFP ျမန္မာအဖြဲ႕က ေထာက္ျပထားပါတယ္။
ဒါေပမဲ့ ဒီအကူအညီေတြေၾကာင့္ ခ်င္း၊ ကခ်င္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္တို႔မွာ ေနထိုင္ၾကတဲ့ လူေပါင္း ၃၇၀,၀၀၀ ေက်ာ္ဟာ ၂၀၂၁ ခုႏွစ္ အစပိုင္းကတည္းက လိုအပ္တဲ့ အစားအေသာက္နဲ႔ အာဟာရေတြရရွိခဲ့တယ္လို႔ WFP အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။
Mercury_Media