
သေဆုံး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန်၊ မြို့ကြီးများတွင် ပြည်ထဲရေးနှင့်စစ်တပ် ပူးပေါင်း၍ လုံ ခြုံရေးတင်းကျပ်ရန် မင်းအောင်လှိုင်ညွှန်ကြား
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရအဖွဲ့ကို ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် စစ်ကောင်စီရုံးက သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြား စာထွက်ရှိလာပြီး ယင်းညွှန်ကြားစာတွင် မင်းအောင်လှိုင်၏ ညွှန်ကြားချက် ၉ ချက်ကို အဓိကထားဖော်ပြထားသည်။
အဆိုပါ ညွှန်ကြားချက် ၉ ချက်သည် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင်က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးနှင့် ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ရေးအတွက် ပြည်ထဲရေး နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၁ တို့ ညှိနှိုင်းဆွေးနွေးပြီး တင်ပြရန် ညွှန်ကြားထားသည်။
ထို့ပြင် မြို့ကြီးများတွင် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ရန် အတွက် ပြည်ထဲရေးနှင့် စရဖက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန်၊ မင်းအောင်လှိုင် က ၎င်း ညွှန်ကြားထားသည့် ကိစ္စရပ်များကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင်ဖြင့် နည်းပညာမျိုးစုံသုံး၍ ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။
———–
ေသဆုံး ဝန္ထမ္းမ်ားႏွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕/တံဆိပ္မ်ား ခ်ီးျမႇင့္ရန္၊ ၿမိဳ႕ႀကီးမ်ားတြင္ ျပည္ထဲေရးႏွင့္စစ္တပ္ ပူးေပါင္း၍ လုံ ၿခဳံေရးတင္းက်ပ္ရန္ မင္းေအာင္လႈိင္ၫႊန္ၾကား
အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က ေသဆုံးသြားသည့္ ဝန္ထမ္းမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕ တံဆိပ္မ်ား ခ်ီးျမႇင့္ရန္ ၫႊန္ၾကားလိုက္ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္က အစိုးရအဖြဲ႕ကို ထိုသို႔ ၫႊန္ၾကားလိုက္ျခင္းျဖစ္ေၾကာင္း၊ ေအာက္တိုဘာလ ၂၀ ရက္ေန႔တြင္ စာအမွတ္ ၅၁၁ (၁၈၃) /၁၂ / ျဖင့္ စစ္ေကာင္စီ႐ုံးက သက္ဆိုင္ရာ ဌာနမ်ားသို႔ ၫႊန္ၾကား စာထြက္ရွိလာၿပီး ယင္းၫႊန္ၾကားစာတြင္ မင္းေအာင္လႈိင္၏ ၫႊန္ၾကားခ်က္ ၉ ခ်က္ကို အဓိကထားေဖာ္ျပထားသည္။
အဆိုပါ ၫႊန္ၾကားခ်က္ ၉ ခ်က္သည္ စက္တင္ဘာလ ၂၈ ရက္ေန႔ က်င္းပျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီ၏ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေကာ္မတီအစည္းအေဝး အမွတ္ ၅ / ၂၀၂၁ တြင္ မင္းအာင္လႈိင္က ေျပာဆိုၫႊန္ၾကားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
မင္းေအာင္လႈိင္က ေသဆုံးသြားသည့္ ဝန္ထမ္းမ်ားႏွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕၊ တံဆိပ္မ်ား ခ်ီးျမႇင့္ေရးႏွင့္ က်န္ရစ္သူ မိသားစုဝင္မ်ားကို ေထာက္ပံ့ေရးအတြက္ ျပည္ထဲေရး ႏွင့္ ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံး ဝန္ႀကီးဌာန ၁ တို႔ ညႇိႏႈိင္းေဆြးေႏြးၿပီး တင္ျပရန္ ၫႊန္ၾကားထားသည္။
ထို႔ျပင္ ၿမိဳ႕ႀကီးမ်ားတြင္ လုံၿခဳံေရးတင္းက်ပ္စြာ ေဆာင္႐ြက္ရန္ အတြက္ ျပည္ထဲေရးႏွင့္ စရဖက စနစ္တက် ပူးေပါင္း ေဆာင္႐ြက္ရန္၊ မင္းေအာင္လႈိင္ က ၎ ၫႊန္ၾကားထားသည့္ ကိစၥရပ္မ်ားကို စနစ္တက် ပိုင္ပိုင္ႏိုင္ႏိုင္ျဖင့္ နည္းပညာမ်ိဳးစုံသုံး၍ ေဆာင္႐ြက္သြားရန္ ေျပာဆိုေၾကာင္း သိရွိရသည္။