စကစတပ်ကို စေတနာဗရပွနဲ့ အကြံဉာဏ်ပေးလိုက်တဲ့ ပန်ဆယ်လို
စောက်တပ်ကို အကြံတော့ ပေးမှ ဖြစ်တော့မယ်။ မနေ့က ကောလင်းဘက်မှာ ဗမတစ်ကောင် နေကြာ နာကြေသွားတာကို အမိန့်ပြန်တာ စာရွက်စုတ်နဲ့။
ဗမမို့ စာရွက်စုတ်ရတာ။ ရဲဘော်ဆို ချီးတွင်းထဲ ကန်ချတာမျိုး။ တပ်ထဲမှာလည်း ဒီသတင်းတွေ ကြားနေရတော့ ရင်တွေဘာတွေနာတယ်၊ ဖျင်တွေဘာတွေပွင့်တယ်တွေ ဖြစ်ကုန်ကြတော့မှာပဲ။
ဆိုတော့ကာ အကြံတစ်ခု အလကား ပေးမယ် ကြင်စိုးရာ။ Myanmar Idol တွေ ဘာတွေ ကြည့်ဖူးတယ်မလား။ ထွက်ရတော့မယ့်သူအတွက် နှုတ်ဆက်Video လေးတွေ အကုန် ကြိုရိုက်ပေးထားတာ။ တကယ်လည်း ထွက်ရရော ကြိုရိုက်ထားတဲ့ Video လေး ဖွင့်ပြလိုက်ရုံပဲ။ ဘယ်လောက် ဟန်လဲ။
ဒီတော့ တိုက်ပွဲသွားရတော့မယ်ဆိုရင် သွားမယ့်ကောင်မှန်သမျှ အမိန့်ပြန်စာ ကြိုထုတ်ပေးလိုက်။
Myanmar Idol ကမှ တစ်ပတ် တစ်ယောက်ပဲ ထွက်ရတာ။ စောက်တပ်က နှစ်ရက်အတွင်း ၆၅ကောင်တို့၊ တစ်ကောင်တစ်ရာတို့ ဖြစ်နေမင့်ဟာ၊ တန်ပါတယ်ဟ။ အလုပ်ဖြစ်မှာပါ။
စေတနာဗရပွနဲ့ ထပ်အကြံပေးရရင် တောဘက်သွားမှ ရှေ့တန်း မဟုတ်ဖြစ်နေတာ။ တစ်နိုင်ငံလုံး နင်တို့အတွက် ရှေ့တန်းပဲ။ ဘယ်အချိန် လေပေါ်ဝဲမယ်မသိတဲ့ဟာ။ တစ်တပ်လုံးစာ ထုတ်ပေးထားလိုက်။
အထက်အောက် မခွဲခြားပါဘူးဆိုတဲ့ Unity ဖြစ်မှုကို ပြရာလည်း ရောက်အောင်၊ Moti ပေးရာလည်း ရအောင် ကြင်စိုးလည်း အနှေးနဲ့အမြန် ကြိုးစင်ဆိုတော့ကာ ကြင်စိုးပါ ကြိုအမိန့်ပြန်ကွာ။
သွားလိုရာငရဲ သွားနိုင်ပြီဆိုမှ ငရဲက လက်ခံမှာပေါ့ဟ။ Without တွေ Immigrate တွေ များလာတော့ ငရဲမင်းလည်း ခေါင်းကိုက်နေပြီ။
စကားမစပ် ပို Facility စုံသွားအောင် ကြိုတင်အမိန့်ပြန်စာနဲ့အတူ အမှိုက်အိတ်ပါ ထည့်ပေးကွာ။ စစ်ကိုင်းက PDF တွေ အရမ်းစိတ်ညစ်နေကြပြီ။ စစ်ခွေးကောင်တွေက အရမ်းနံလို့တဲ့။
ပန်ဆယ်လို
———
ပန်ဆယ်လို