ထန်တလန်မြို့နဲ့ ပက်သက်ပြီး ချက်ကျလက်ကျနဲ့ အရှိုက်ထိအောင်ရေးသားလာတဲ့ ပိုင်ဖြိုးသု
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်
မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်‌တွေကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်
အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကဒါရိုက်တာဏကြီးနဲ့လက်ထက်ထိမ်းမြားထားပြီးတော့သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့
အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ခံရထားပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲလူမှူကွန်ယက်ကနေပြည်သူများအတွက်ခွန်အားဖြစ်စေမယ့်
စာသားတွေကိုရေးသားဖော်ပြလေ့ရှိပါတယ်။ ဘေးကင်းရာကိုတိမ်းရှောင်နေရတာကြောင့်လည်း ပိုင်ဖြိုးသုတို့အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့အမေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့်မရသလို အဖွားဖြစ်သူသေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့်မရနိုင်အောင် ပေးဆပ်ရမှု
တွေ များနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပိုင်ဖြိုးသုတစ်ယောက် လွတ်မြောက်နယ်မြေရောက်နေတဲ့ ပုံလေးတစ်ပဲံကိုတင်ပေးလာခဲ့ပြီး ပရိသတ်ကြီးကို စိတ်မပူရအောင် ထုတ်ပြလာတာ ပဲ ဖြစ်ပါတတယ်နော်. ဒီနေ့လေးမှာလည်း ထန်တလန်မြို့နဲ့ ပက်သက်
ပြီး ” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူ‌တွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလဲ….ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ ထားစရာမရှိအောင်ချမ်းသာနေကြတာကိုး….ကိုယ်ပိုင်အိမ်တစ်လုံး
တောင်မပိုင်တဲ့သူတို့လက်အောက်ခံထားရာနေစေရာသွားတွေကလည်း သူတို့ခိုင်းသမျှလုပ်မှာပဲ….သူတို့မှအိမ်မပိုင်ဘူးတာ….ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်သူတို့ဘယ်သိပါ့မလဲ….စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ။ ”
ဆိုပြီး ရေးသားလာခဲတာ ဖြစ်ပါတယ်.နော်..Fans Myay Ni Lan ပရိသတ်ကြီးလည်း ထန်တန်မြို့လေးအတွက် ဆုတောင်းပေးကြပါအူံးနော်…
Source: Paing Phyo Thu
———-
Source: Paing Phyo Thu