မြန်မာလက်ဝှေ့ အကျော်အမော် ဒေဝကို ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်

ဒေ့ဗ်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်ဝှေ့နဲ့ပတ်သက်လို့ Post တစ်ခုတင်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံက လေးစားဂုဏ်ယူစရာအဖြစ်သတ်မှတ်ထားတဲ့

သူတို့ရာဇဝင်ထဲက မွေထိုင်းသူရဲကောင်း Nai Khanom Tom နဲ့ပတ်သက်လို့ ဝေဖန်ရေးသားခဲ့တာကြောင့် ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနက သူတို့နိုင်ငံမှာကျင်းပမယ့် လက်ဝှေ့ပြိုင်ပွဲတွေမှာ ဒေ့ဗ်ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုခဲ့တဲ့အပြင် ပြည်ဝင်ခွင့်ကိုပါ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကုန်းဘောင်မင်းဆက်တည်ထောင်ခဲ့သူ အလောင်းဘုရား ရဲ့ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်းအုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ၁၇၆၇ ဝန်းကျင်မှ ာ ယိုးဒယားနိုင်ငံ၊အယုဒ္ဓယ(ရှေးအခေါ်အယုချာ) မြို့ကို စစ်ခင်းသိမ်းပိုက်ခဲ့ပြီး

ဆင်ဖြူရှင်မင်းဟာ အယုဒ္ဓယမြို့မှာရှိတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ သူ့ရဲ့ လက်ဝှေ့အကျော်အမော်တွေကို ယှဉ်ပြိုင်ထိုးသတ်စေခဲ့တာမှာ Nai Khanom Tom ကသူ့ပြိုင်ဘက်ကို လက်သီး၊ ဒူး၊ တံတောင်၊ ခြေထောက်ကန်ချက်တွေနဲ့ အနိုင်ယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ဆင်ဖြူရှင်မင်းက နောက်ထပ်လက်ဝှေ့သမား(၉)ဦးနဲ့ ဆက်လက်ထိုးသတ်နိုင်မလားလို့ မေးမြန်းခဲ့တော့ Nai Khanom Tom ကလည်း သဘောတူခဲ့တာကြောင့်

ယှဉ်ပြိုင်ထိုးသတ်ကြတာမှာ Nai Khanom Tom က အနားလုံးဝမယူဘဲ တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူပြခဲ့ပြီး နောက်ဆုံးအနိုင်ယူခဲ့သူက ရခိုင်လူမျိုးလက်ဝှေ့အကျော်အမော် ဆရာတစ်ဦးဖြစ်တယ်လို့ Wikipedia မှာဖော်ပြထားပါတယ်။

Nai Khanom Tom ရဲ့အရည်အချင်းကို ဆင်ဖြူရှင်မင်းကတောင် ချီးကျူးခဲ့ရတာကြောင့် ထိုင်းလူမျိုးတွေဟာ သူတို့ရဲ့ရာဇဝင်ထဲက သူရဲကောင်းကိုဂုဏ်ပြုတဲ့အနေနဲ့ မတ်လ(၁၇)ရက်ရောက်တိုင်း Nai Khanom Tom နေ့အဖြစ် သတ်မှတ်ပြီး အဲဒီနေ့မှာ မွေထိုင်းပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

ဒါပေမဲ့ Nai Khanom Tom ဆိုတာက ပါးစပ်ရာဇဝင်တစ်ခုသာဖြစ်ပြီး ထိုင်းလူမျိုးတွေက တမင်တကာဖန်တီးထားတဲ့ ရာဇဝင်တစ်ခုသာဖြစ်တယ်လို့ဒေ့ဗ်ကသူ့ Post ထဲမှာ ဝေဖန်ရေးသားခဲ့တာကြောင့် ထိုင်းနိုင်ငံအစိုးရကသူ့ကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေ့ဗ်က “ထိုင်းနိုင်ငံက ကျွန်တော့်ကို ပြည်ဝင်ခွင့်ပိတ်လိုက်ပါတယ်။

အကြောင်းကတော့ သူတို့ရဲ့မဟုတ်မမှန်တဲ့ပါးစပ်ရာဇဝင်ထဲက Nai Khanom Tom နဲ့ပတ်သက်လို့ ကျွန်တော်က သတ္တိရှိရှိနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးဝေဖန်ခဲ့သူဖြစ်တာကြောင့်ပါပဲ။ ကျွန်တော် ထပ်ပြောပါမယ်၊

အဲဒီရာဇဝင်က တမင်တကာဖန်တီးထားတဲ့အကြောင်းအရာသာမကပဲ မြန်မာ့လက်ဝှေ့သမိုင်းကိုပါ နှိမ့်ချချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြံဖန် တီးထားတာပါ။

ဒါပေမဲ့ ထိုင်းလူမျိုးတွေကတော့ နှစ်တိုင်းမှာ အဲဒီနေ့ရောက်တိုင်း အောင်ပွဲခံနေကြတာဖြစ်ပါတယ်။

ကျွန်တော့်ကို ပြည်ဝင်ခွင့်ပိတ်တဲ့အပေါ် ဂရုမစိုက်ပေမယ့် ထိုင်းနိုင်ငံသာ သူတို့ပြောသလိုမျိုး အိမ်နီးချင်းမြန်မာနိုင်ငံကို

တကယ်ပဲလေးစားဂရုစိုက်တယ်ဆိုရင် ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာ နအနေနဲ့ ရိုးရာမွေထိုင်းနေ့ရောက်တိုင်း

လုပ်ကြံဖန်တီးထားတဲ့Nai Khanom Tom ဆိုတဲ့ နာမည်ကို ဖော်ပြပြီးအောင်ပွဲခံတာမျိုး မလုပ်ဖို့တောင်းဆိုချင်ပါတယ်”ဆိုပြီးသူ့ Face book မှာရေးသားခဲ့ပါတယ်။