ဖျာဝင်ခင်းမယ့် Gen Lee တွေကို ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို

တောထဲက လူငယ်တွေအပြင်၊ မြို့ပေါ်က UG လူငယ်တွေအပြင် ကိုယ်တို့ အသိအမှတ်ပြုဖို့ မေ့နေတဲ့ လူငယ်တစ်မျိုး ရှိပါသေးတယ်။

သေနတ်နဲ့ပစ်ခတ်ဖြိုခွဲနေတဲ့ကြားက အခုအချိန်ထိ ပြောက်ကျားဆန္ဒပြနေတဲ့ လူငယ်အဖွဲ့တွေပါပဲ။

သူတို့မှာ အဲ့လို ပြောက်ကျားသပိတ်လေး ဖြစ်လာဖို့ Risk အရမ်းယူရပါတယ်။

ပေါ်တင်ဆန္ဒပြနေတာ ဖြစ်တဲ့အတွက် သူတို့ဟာ ဆန္ဒပြပြီးတာနဲ့ နေရာတွေ မျိုးစုံရွှေ့ရတယ်။

အိမ်ငှါးမရတဲ့ အခက်အခဲတွေ ကြုံရတယ်။ ဖမ်းဆီးခံရတာတွေ ရှိတယ်။

မြို့ပေါ် ပြောက်ကျားသပိတ်အဖွဲ့ဖြစ်တဲ့အတွက် UG တွေလိုပဲ ထောက်ပံ့မှုနည်းသလို ထောက်ပံ့ဖို့ ချိတ်ဆက်ရတာတောင် ခက်ခဲပါတယ်။

ဒါပေမယ့် ကုန်ကျစားရိတ်လည်း များပါတယ်။ နေရာစုံရွှေ့ပြောင်းနေထိုင် ဆန္ဒပြနိုင်ဖို့ အတော်ရုန်းကန်ကြရပါတယ်။

ကိုယ်ချိတ်ဆက်ထောက်ပံ့နေတဲ့ ပြောက်ကျားသပိတ်အဖွဲ့လေးက သူတို့လှုပ်ရှားမှုလေးတွေ အမြဲပို့ပေးလေ့ရှိတယ်။

ပြီးခဲ့တဲ့ရက်က သူတို့ပို့လာတဲ့ Video File လေးတစ်ခုမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုကို မြင်ရတယ်။

သူတို့ ပြောက်ကျားသပိတ်စစ်ကြောင်းလေး လမ်းပေါ် ဝုန်းခနဲပေါ်လာတယ်။ အလံတွေကို ဖြန့်လိုက်တယ်။

ကြွေးကြော်သံတွေ ဟစ်ကြွေးတယ်။ Video File ထဲမှာ မြင်ရတာ သူတို့ဆန္ဒပြတာ သုံးမိနစ် လေးမိနစ်ပေါ့။

အဲ့ထက်မပိုပါဘူး။

သူတို့ ဆန္ဒပြနေလို့ လမ်းလေး သုံးမိနစ်လောက် ပိတ်သွားတာကို နောက်က ကားတစ်စီးက ဟွန်းတတီတီ တီးတယ်။

ကလေးတွေမှာ ဟန်းစပီကာ ယူလာလို့ မလွယ်တဲ့ ပြောက်ကျားသပိတ်ဖြစ်တာကြောင့် အဲ့ဟွန်းသံကိုကျော်အောင် အသံပြာမတတ် အော်နေကြရတယ်။

အချိန်လေး သုံးမိနစ်လောက်ပါ။

သူတို့က အသက်တွေ၊ ဘဝတွေရင်းပြီး အသံမတိတ် အလံမလိပ်ကြောင်း ပြနေတာ။

မိသွားရင် အသေပစ်သတ်ခံရနိုင်သလို ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချနိုင်တယ်။

ဒီအချိန်လေး သုံးမိနစ်တောင် မပေးနိုင်တဲ့ နွားတွေကပါ ငါတို့ဒီမိုကရေစီရရင် ရောရကြဦးမယ် ငါ့မောင်ရေဆိုတော့ သူက ပြောတယ်။

ခေတ်တိုင်းမှာ Gen Lee တွေ ရှိတယ်အမ။

သူတို့ကို ထည့်တွက်မနေနဲ့တဲ့။ သူကပါ ကိုယ့်ပြန်အားပေးသွားသေးတယ်။

ဒီမျိုးဆက်လူငယ်တွေရဲ့ ဇွဲ၊ သတ္တိ၊ ခံယူစိတ်ဟာ မလေးစားပဲ မနေနိုင်အောင်ပဲ။

ဒီလူငယ်တွေ ဦးဆောင်နေတဲ့ ဒီပွဲ မနိုင်စရာကို မရှိတာ။

ဟုတ်ကဲ့။

နိုင်မှာ ဖျာဝင်ခင်းတဲ့ Gen Lee တွေကိုတော့ အတိုးနဲ့ပါ ကင်မှာပါ။

———- 

ေတာထဲက လူငယ္ေတြအျပင္၊ ၿမိဳ႕ေပၚက UG လူငယ္ေတြအျပင္ ကိုယ္တို႔ အသိအမွတ္ျပဳဖို႔ ေမ့ေနတဲ့ လူငယ္တစ္မ်ိဳး ရွိပါေသးတယ္။

ေသနတ္နဲ႔ပစ္ခတ္ၿဖိဳခြဲေနတဲ့ၾကားက အခုအခ်ိန္ထိ ေျပာက္က်ားဆႏၵျပေနတဲ့ လူငယ္အဖြဲ႕ေတြပါပဲ။

သူတို႔မွာ အဲ့လို ေျပာက္က်ားသပိတ္ေလး ျဖစ္လာဖို႔ Risk အရမ္းယူရပါတယ္။

ေပၚတင္ဆႏၵျပေနတာ ျဖစ္တဲ့အတြက္ သူတို႔ဟာ ဆႏၵျပၿပီးတာနဲ႔ ေနရာေတြ မ်ိဳးစုံေ႐ႊ႕ရတယ္။

အိမ္ငွါးမရတဲ့ အခက္အခဲေတြ ႀကဳံရတယ္။ ဖမ္းဆီးခံရတာေတြ ရွိတယ္။

ၿမိဳ႕ေပၚ ေျပာက္က်ားသပိတ္အဖြဲ႕ျဖစ္တဲ့အတြက္ UG ေတြလိုပဲ ေထာက္ပံ့မႈနည္းသလို ေထာက္ပံ့ဖို႔ ခ်ိတ္ဆက္ရတာေတာင္ ခက္ခဲပါတယ္။

ဒါေပမယ့္ ကုန္က်စားရိတ္လည္း မ်ားပါတယ္။ ေနရာစုံေ႐ႊ႕ေျပာင္းေနထိုင္ ဆႏၵျပႏိုင္ဖို႔ အေတာ္႐ုန္းကန္ၾကရပါတယ္။

ကိုယ္ခ်ိတ္ဆက္ေထာက္ပံ့ေနတဲ့ ေျပာက္က်ားသပိတ္အဖြဲ႕ေလးက သူတို႔လႈပ္ရွားမႈေလးေတြ အၿမဲပို႔ေပးေလ့ရွိတယ္။

ၿပီးခဲ့တဲ့ရက္က သူတို႔ပို႔လာတဲ့ Video File ေလးတစ္ခုမွာ ဝမ္းနည္းစရာ ျဖစ္ရပ္တစ္ခုကို ျမင္ရတယ္။

သူတို႔ ေျပာက္က်ားသပိတ္စစ္ေၾကာင္းေလး လမ္းေပၚ ဝုန္းခနဲေပၚလာတယ္။ အလံေတြကို ျဖန္႔လိုက္တယ္။

ေႂကြးေၾကာ္သံေတြ ဟစ္ေႂကြးတယ္။ Video File ထဲမွာ ျမင္ရတာ သူတို႔ဆႏၵျပတာ သုံးမိနစ္ ေလးမိနစ္ေပါ့။

အဲ့ထက္မပိုပါဘူး။

သူတို႔ ဆႏၵျပေနလို႔ လမ္းေလး သုံးမိနစ္ေလာက္ ပိတ္သြားတာကို ေနာက္က ကားတစ္စီးက ဟြန္းတတီတီ တီးတယ္။

ကေလးေတြမွာ ဟန္းစပီကာ ယူလာလို႔ မလြယ္တဲ့ ေျပာက္က်ားသပိတ္ျဖစ္တာေၾကာင့္ အဲ့ဟြန္းသံကိုေက်ာ္ေအာင္ အသံျပာမတတ္ ေအာ္ေနၾကရတယ္။

အခ်ိန္ေလး သုံးမိနစ္ေလာက္ပါ။

သူတို႔က အသက္ေတြ၊ ဘဝေတြရင္းၿပီး အသံမတိတ္ အလံမလိပ္ေၾကာင္း ျပေနတာ။

မိသြားရင္ အေသပစ္သတ္ခံရႏိုင္သလို ဖမ္းဆီးၿပီး ေထာင္ႏွစ္ရွည္ခ်ႏိုင္တယ္။

ဒီအခ်ိန္ေလး သုံးမိနစ္ေတာင္ မေပးႏိုင္တဲ့ ႏြားေတြကပါ ငါတို႔ဒီမိုကေရစီရရင္ ေရာရၾကဦးမယ္ ငါ့ေမာင္ေရဆိုေတာ့ သူက ေျပာတယ္။

ေခတ္တိုင္းမွာ Gen Lee ေတြ ရွိတယ္အမ။

သူတို႔ကို ထည့္တြက္မေနနဲ႔တဲ့။ သူကပါ ကိုယ့္ျပန္အားေပးသြားေသးတယ္။

ဒီမ်ိဳးဆက္လူငယ္ေတြရဲ႕ ဇြဲ၊ သတၱိ၊ ခံယူစိတ္ဟာ မေလးစားပဲ မေနႏိုင္ေအာင္ပဲ။

ဒီလူငယ္ေတြ ဦးေဆာင္ေနတဲ့ ဒီပြဲ မႏိုင္စရာကို မရွိတာ။

ဟုတ္ကဲ့။

ႏိုင္မွာ ဖ်ာဝင္ခင္းတဲ့ Gen Lee ေတြကိုေတာ့ အတိုးနဲ႔ပါ ကင္မွာပါ။