စစ်ကောင်စီဘက်မှ ဝါဒဖြန့်နေသူ အောင်မင်း ​သေနတ်ပစ်ခံရ၍ စိုးရိမ်ရကြောင်း သိရ

စစ်ကောင်စီဘက်မှ ဝါဒဖြန့်နေသူ အောင်မင်း ​သေနတ်ပစ်ခံရ၍ စိုးရိမ်ရကြောင်း သိရ

ဇွန် ၇၊ ၂၀၂၁ ၊ ဧရာဝတီတိုင်းမ်

အာဏာမသိမ်းခင်ကတည်းက စစ်တပ်ဘက်မှ ထောက်ခံ ဝါဒဖြန့်ခဲ့သူ လော်ဘီ အောင်မင်းဟု လူမှုကွန်ယက်တွင် နာမည်ကြီးသည့် အောင်မင်းသည် ယနေ့မနက်၌ မရမ်းကုန်းမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံလိုက်ရကြောင်း ရန်ကင်းမြို့နယ် ဒေသခံအချို့က အတည်ပြုသည်။

“သူနေတာက ရန်ကင်းမြို့နယ်၊ ဆရာစံမှာ။ အပစ်ခံရတာက မရမ်းကုန်းမြို့နယ်မှာ။ ၂ ချက်ပစ်ခံရတယ်။ အခု စစ်ဆေးရုံမှာ။ အဆုတ်ထဲ ကျည်ဆံဝင်သွားတာ အခုထိ ထုတ်မရသေးဘူးကြားတယ်။ အသက်တော့ မသေသေးဘူး။ ဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့ သူနေတဲ့ပတ်ဝန်းကျင်က လူတွေက ပြောတယ်” ဟု ရန်ကင်းဒေသခံတဦးက ပြောသည်။

အောင်မင်းသည် ၁၉၈၈ ခုနှစ် ကာလ လူထုအရေးတော်ပုံ နောက်ပိုင်း တပ်မတော်ကို ထောက်ခံပြီး လူထုထောက်ခံမှုရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲဝေဖန်ကာ စစ်တပ်ကောင်းကြောင်း လှုံ့ဆော်ခဲ့သူဖြစ်သည်။

သူ၏ လှုံ့ဆော်မှုများသည် စစ်တပ်အသိုင်းအဝိုင်းနှင့် အောက်ခြေအဆင့် တပ်မတော်သားများအကြားတွင် လွှမ်းမိုးမှု ရှိခဲ့သည်။

ယနေ့ စစ်အာဏာသိမ်းခြင်းနှင့် ပြည်သူလူထုများက နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေခြင်းကိုလည်း တပ်မတော်နှင့် NLD တို့အကြားရှိ ပြဿနာတခုအဖြစ်သာ ပုံဖော်ပြီး လှုံ့ဆော်နေသည်။

———

စစ္ေကာင္စီဘက္မွ ဝါဒျဖန္႔ေနသူ ေအာင္မင္း ​ေသနတ္ပစ္ခံရ၍ စိုးရိမ္ရေၾကာင္း သိရ

ဧရာဝတီတိုင္းမ္

ဇြန္ ၇၊ ၂၀၂၁

အာဏာမသိမ္းခင္ကတည္းက စစ္တပ္ဘက္မွ ေထာက္ခံ ဝါဒျဖန္႔ခဲ့သူ ေလာ္ဘီ ေအာင္မင္းဟု လူမႈကြန္ယက္တြင္ နာမည္ႀကီးသည့္ ေအာင္မင္းသည္ ယေန႔မနက္၌ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခံလိုက္ရေၾကာင္း ရန္ကင္းၿမိဳ႕နယ္ ေဒသခံအခ်ိဳ႕က အတည္ျပဳသည္။

“သူေနတာက ရန္ကင္းၿမိဳ႕နယ္၊ ဆရာစံမွာ။ အပစ္ခံရတာက မရမ္းကုန္းၿမိဳ႕နယ္မွာ။ ၂ ခ်က္ပစ္ခံရတယ္။ အခု စစ္ေဆး႐ုံမွာ။ အဆုတ္ထဲ က်ည္ဆံဝင္သြားတာ အခုထိ ထုတ္မရေသးဘူးၾကားတယ္။ အသက္ေတာ့ မေသေသးဘူး။ ဒဏ္ရာကေတာ့ စိုးရိမ္ရတယ္လို႔ သူေနတဲ့ပတ္ဝန္းက်င္က လူေတြက ေျပာတယ္” ဟု ရန္ကင္းေဒသခံတဦးက ေျပာသည္။

ေအာင္မင္းသည္ ၁၉၈၈ ခုႏွစ္ ကာလ လူထုအေရးေတာ္ပုံ ေနာက္ပိုင္း တပ္မေတာ္ကို ေထာက္ခံၿပီး လူထုေထာက္ခံမႈရေသာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ကို အၿမဲေဝဖန္ကာ စစ္တပ္ေကာင္းေၾကာင္း လႈံ႕ေဆာ္ခဲ့သူျဖစ္သည္။

သူ၏ လႈံ႕ေဆာ္မႈမ်ားသည္ စစ္တပ္အသိုင္းအဝိုင္းႏွင့္ ေအာက္ေျခအဆင့္ တပ္မေတာ္သားမ်ားအၾကားတြင္ လႊမ္းမိုးမႈ ရွိခဲ့သည္။

ယေန႔ စစ္အာဏာသိမ္းျခင္းႏွင့္ ျပည္သူလူထုမ်ားက နည္းမ်ိဳးစုံျဖင့္ ဆန္႔က်င္ေတာ္လွန္ေနျခင္းကိုလည္း တပ္မေတာ္ႏွင့္ NLD တို႔အၾကားရွိ ျပႆနာတခုအျဖစ္သာ ပုံေဖာ္ၿပီး လႈံ႕ေဆာ္ေနသည္။

Credit : AyeyarwaddyTimes