ပြည်သူတွေ ဆန်ကို လျော့စားကြပါလို့ စစ်ကောင်စီ ဥက္ကဌ တိုက်တွန်း

ဆန်လျှော့စားပြီး သား၊ ငါး၊ ဟင်းသီးဟင်းရွက် ပိုစားရန် စစ်ကောင်စီ ဥက္ကဋ္ဌ တိုက်တွန်း

ပြည်သူတွေ ဆန်ကိုလျော့စားပြီး စားသုံးမှုပုစံ ပြောင်းကြပါလို့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းအောင်လှိုင် က ကျန်းမာရေးကို အထောက်အကူပြုရန်အတွက် ဆန်လျှော့စားပြီး သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ပိုမို စားသုံးရန် တိုက်တွန်;လိုက်သည်။

ယနေ့ အာဏာသိမ်းသည့် ၉လပြည့်နေ့၌ ပြောကြားသော မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

စစ်ကောင်စီဥက္ကဋ္ဌ က ကျန်မာရေးနှင့် ညီညွတ်သည့် စားသုံးမှုပုံစံဖြစ်ရေးအတွက် သူ့အနေဖြင့် တိုက်တွန်လိုသည်မှာ ဆန်ကိုလျှော့စာပြီး သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးရန် ဖြစ်သည် ဟု ဆိုသည်။

မိရိုးဖလာအားဖြင့် ဆန်ကိုအဓိကထားပြီး စားသုံးတာဖြစ်သည့်အတွက်ကြောင့် ဆန်ကနေရရှိသည့် အာဟာရ ပိုမိုရရှိသော်လည်းပဲ အချို့နေရာများတွင် ခန္ဓာကိုယ်မှ လိုအပ်သည့် အာဟာရ ပြည့်ပြည့်ဝဝ မရတာတွေရှိသည် ဟု ၎င်း က ပြောကြားသည်။

စစ်ကောင်စီဥက္ကဋ္ဌ က ” ကျွန်တော်တို့မှာ ဗိုက်ဝဖို့က အဓိက ဆိုပြီး စားတဲ့အတွက်ကြောင့် တချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာတွေရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့က ဆန်စားသုံးမှုကို အနည်းငယ် လျှော့ချပြီးတော့မှ တခြားလိုအပ်တဲ့ အသားတို့၊ ငါးတို့၊ ဟင်းသီးဟင်းရွက်တို့ ဒါကို ထိုက်သင့်သလို ရရှိအောင်ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူရတာကို တွေ့နိုင်ပါတယ် ” ဟု ဆိုသည်။

ဆက်လက်ပြီး ၎င်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသည့် နိုင်ငံဖြစ်သည့်အတွက်ကြောင့် အခြေခံအားဖြင့် စားနပ်ရိက္ခာရှိပြီးသားဖြစ်သော်လည်းပဲ ပိုမိုပေါများအောင် ဆောင်ရွက်နေသည် ဟု ပါ ပြောကြားသွားသည်။

————-

ဆန္ေလွ်ာ့စားၿပီး သား၊ ငါး၊ ဟင္းသီးဟင္း႐ြက္ ပိုစားရန္ စစ္ေကာင္စီ ဥကၠ႒ တိုက္တြန္း

ျပည္သူေတြ ဆန္ကိုေလ်ာ့စားၿပီး စားသုံးမႈပုစံ ေျပာင္းၾကပါလို႔ စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။

အာဏာသိမ္းစစ္ေကာင္စီဥကၠ႒ ဗိုလ္မႉးႀကီးမင္းေအာင္လႈိင္ က က်န္းမာေရးကို အေထာက္အကူျပဳရန္အတြက္ ဆန္ေလွ်ာ့စားၿပီး သား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား ပိုမို စားသုံးရန္ တိုက္တြန္;လိုက္သည္။

ယေန႔ အာဏာသိမ္းသည့္ ၉လျပည့္ေန႔၌ ေျပာၾကားေသာ မိန႔္ခြန္းထဲတြင္ ထည့္သြင္းေျပာၾကားသြားျခင္းျဖစ္သည္။

စစ္ေကာင္စီဥကၠ႒ က က်န္မာေရးႏွင့္ ညီၫြတ္သည့္ စားသုံးမႈပုံစံျဖစ္ေရးအတြက္ သူ႔အေနျဖင့္ တိုက္တြန္လိုသည္မွာ ဆန္ကိုေလွ်ာ့စာၿပီး သား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ပိုမိုစားသုံးရန္ ျဖစ္သည္ ဟု ဆိုသည္။

မိ႐ိုးဖလာအားျဖင့္ ဆန္ကိုအဓိကထားၿပီး စားသုံးတာျဖစ္သည့္အတြက္ေၾကာင့္ ဆန္ကေနရရွိသည့္ အာဟာရ ပိုမိုရရွိေသာ္လည္းပဲ အခ်ိဳ႕ေနရာမ်ားတြင္ ခႏၶာကိုယ္မွ လိုအပ္သည့္ အာဟာရ ျပည့္ျပည့္ဝဝ မရတာေတြရွိသည္ ဟု ၎ က ေျပာၾကားသည္။

စစ္ေကာင္စီဥကၠ႒ က ” ကြၽန္ေတာ္တို႔မွာ ဗိုက္ဝဖို႔က အဓိက ဆိုၿပီး စားတဲ့အတြက္ေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ ခႏၶာကိုယ္က လိုအပ္တဲ့ အာဟာရကို ျပည့္ျပည့္ဝဝ မရတာေတြရွိပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ဆန္စားသုံးမႈကို အနည္းငယ္ ေလွ်ာ့ခ်ၿပီးေတာ့မွ တျခားလိုအပ္တဲ့ အသားတို႔၊ ငါးတို႔၊ ဟင္းသီးဟင္း႐ြက္တို႔ ဒါကို ထိုက္သင့္သလို ရရွိေအာင္ျဖည့္ဆည္းေဆာင္႐ြက္ စားသြားမယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူရတာကို ေတြ႕ႏိုင္ပါတယ္ ” ဟု ဆိုသည္။

ဆက္လက္ၿပီး ၎က စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကို အဓိကထားသည့္ ႏိုင္ငံျဖစ္သည့္အတြက္ေၾကာင့္ အေျခခံအားျဖင့္ စားနပ္ရိကၡာရွိၿပီးသားျဖစ္ေသာ္လည္းပဲ ပိုမိုေပါမ်ားေအာင္ ေဆာင္႐ြက္ေနသည္ ဟု ပါ ေျပာၾကားသြားသည္။

Ref- The Ladies News