
ဟိုပွဲမှာ/ဒီပွဲမှာ ပန်ဆယ်လို ပါရကောင်းလား ဆိုပြီး လှမ်းလှမ်းဟပ်နေတဲ့သူတွေကိုဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို
“ဟိုပွဲမှာ ပန်ဆယ်လို ပါရကောင်းလား။ ဒီပွဲမှာ ပန်ဆယ်လို ပါရကောင်းလားဆိုပြီး အမှီအကမ်း လှမ်း လှမ်း ဟပ်နေတဲ့ဟာတွေကို တစ်ခုတော့ ချေလိုက်ဦးမယ်။
ဘယ်ပွဲကိုမှ၊ ဘယ်လိုပွဲမျိုးမှာမှ ကိုယ်က တက်ပါရစေ၊ ပါပါရစေ၊ လာပါရစေဆိုပြီး တစ်ခါမှ မရှိဖူးဘူး။ ဖိတ်ကြားတဲ့ ပွဲတွေကို ပွဲရည်ရွယ်ချက်သည် နွေဦးတော်လှန်ရေးအတွက် ဖြစ်တယ်ဆိုရင် ပါဝင်ပေးတယ်။
ဒီပွဲမှာ ဘယ်သူပါမယ် ဘယ်ဝါပါမယ်တွေ သိလည်းမသိဘူး။ မေးလည်းမမေးဘူး။ ဒါသည် ပွဲစီစဉ်သူတွေအပိုင်း။ ဝင်စွက်ဖက်စရာ ကိစ္စမဟုတ်ဘူး။ ကိုယ်နဲ့လည်း မဆိုင်ဘူး။
ဖိတ်ကြားကြသူတွေသည် ကိုယ်နဲ့ သင့်တော်တယ်တယ်ထင်လို့ ဖိတ်တာ။ ကိုယ်ပါဝင်သင့်တယ်ထင်လို့ ဖိတ်တာ။ ကိုယ်အသုံးဝင်တယ် ထင်လို့ ဖိတ်တာ။ ကိုယ်အသုံးကျတယ်ထင်လို့ ဖိတ်တာ။
အခကြေးငွေ တစ်ပြားမှ မယူဘူး။ ကိုယ်ကျိုးစီးပွါး တစ်ပြားမှ မပါဘူး။ လူပေါင်းစုံနဲ့ တွေ့ကြုံပြောဆိုရတာမို့ စိတ်အနှောက်အယှက်ဖြစ်စရာ ရှိရင်တောင် အကုန်ချိုးနှိမ်သည်းခံတယ်။ ပန်ဆယ်လိုဇ မပြဘူး။
ဘာစားချင်တယ်၊ ဘယ်မှာတည်းချင်တယ်၊ ဘယ်သွားချင်တယ် တစ်စက်မှ မရှိဘူး။ အရေးကြီးတာသည် နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ဖို့ပဲ။ အခု ကိုယ်လုပ်ဆောင်လာတဲ့ ပွဲတွေထဲမှာ ပန်ဆယ်လိုက ဘယ်လိုနေရာဝင်ယူတာ၊ ဘယ်လိုအခွင့်အရေးယူတာဆိုတာ ဘာသံကြားဖူးလဲ။
လူတောတိုးရမှာ ပျင်းပါတယ်ဆိုမှ မတရားလူတောတိုးချင်ပြီး မတိုးတဲ့ဟာတွေက အောက်ကလိအာတဲ့ဒဏ်လည်း ခံရသေး။
ပြောနေတဲ့ကောင်တွေပဲ စင်ပေါ်တင်ပြီး နယ်လှည့်ရံပုံငွေရှာခိုင်းလိုက်ကြပါလား။”
ပန်ဆယ်လို
——–
ဟိုပြဲမွာ/ဒီပြဲမွာ ပန္ဆယ္လို ပါရေကာင္းလား ဆိုၿပီး လွမ္းလွမ္းဟပ္ေနတဲ့သူေတြကိုဒဲ့ေျပာလိုက္တဲ့ ပန္ဆယ္လို
“ဟိုပြဲမွာ ပန္ဆယ္လို ပါရေကာင္းလား။ ဒီပြဲမွာ ပန္ဆယ္လို ပါရေကာင္းလားဆိုၿပီး အမွီအကမ္း လွမ္း လွမ္း ဟပ္ေနတဲ့ဟာေတြကို တစ္ခုေတာ့ ေခ်လိုက္ဦးမယ္။
ဘယ္ပြဲကိုမွ၊ ဘယ္လိုပြဲမ်ိဳးမွာမွ ကိုယ္က တက္ပါရေစ၊ ပါပါရေစ၊ လာပါရေစဆိုၿပီး တစ္ခါမွ မရွိဖူးဘူး။ ဖိတ္ၾကားတဲ့ ပြဲေတြကို ပြဲရည္႐ြယ္ခ်က္သည္ ေႏြဦးေတာ္လွန္ေရးအတြက္ ျဖစ္တယ္ဆိုရင္ ပါဝင္ေပးတယ္။
ဒီပြဲမွာ ဘယ္သူပါမယ္ ဘယ္ဝါပါမယ္ေတြ သိလည္းမသိဘူး။ ေမးလည္းမေမးဘူး။ ဒါသည္ ပြဲစီစဥ္သူေတြအပိုင္း။ ဝင္စြက္ဖက္စရာ ကိစၥမဟုတ္ဘူး။ ကိုယ္နဲ႔လည္း မဆိုင္ဘူး။
ဖိတ္ၾကားၾကသူေတြသည္ ကိုယ္နဲ႔ သင့္ေတာ္တယ္တယ္ထင္လို႔ ဖိတ္တာ။ ကိုယ္ပါဝင္သင့္တယ္ထင္လို႔ ဖိတ္တာ။ ကိုယ္အသုံးဝင္တယ္ ထင္လို႔ ဖိတ္တာ။ ကိုယ္အသုံးက်တယ္ထင္လို႔ ဖိတ္တာ။
အခေၾကးေငြ တစ္ျပားမွ မယူဘူး။ ကိုယ္က်ိဳးစီးပြါး တစ္ျပားမွ မပါဘူး။ လူေပါင္းစုံနဲ႔ ေတြ႕ႀကဳံေျပာဆိုရတာမို႔ စိတ္အေႏွာက္အယွက္ျဖစ္စရာ ရွိရင္ေတာင္ အကုန္ခ်ိဳးႏွိမ္သည္းခံတယ္။ ပန္ဆယ္လိုဇ မျပဘူး။
ဘာစားခ်င္တယ္၊ ဘယ္မွာတည္းခ်င္တယ္၊ ဘယ္သြားခ်င္တယ္ တစ္စက္မွ မရွိဘူး။ အေရးႀကီးတာသည္ ေႏြဦးေတာ္လွန္ေရးအတြက္ အေထာက္အပံ့ျဖစ္ဖို႔ပဲ။ အခု ကိုယ္လုပ္ေဆာင္လာတဲ့ ပြဲေတြထဲမွာ ပန္ဆယ္လိုက ဘယ္လိုေနရာဝင္ယူတာ၊ ဘယ္လိုအခြင့္အေရးယူတာဆိုတာ ဘာသံၾကားဖူးလဲ။
လူေတာတိုးရမွာ ပ်င္းပါတယ္ဆိုမွ မတရားလူေတာတိုးခ်င္ၿပီး မတိုးတဲ့ဟာေတြက ေအာက္ကလိအာတဲ့ဒဏ္လည္း ခံရေသး။
ေျပာေနတဲ့ေကာင္ေတြပဲ စင္ေပၚတင္ၿပီး နယ္လွည့္ရံပုံေငြရွာခိုင္းလိုက္ၾကပါလား။”
ပန္ဆယ္လို