မှော်ဘီမြို့ က အောင်ဇမ္ဗူတောရကျောင်းတိုက် မှာ အဓိဌာန်ပြု တရားစခန်း ဝင်နေရင်း နှစ်ဦးကုသိုလ်လေးပြုလုပ်နေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်…

ဖြူဖြူသေးသေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ဖြူဖြူနွဲ့နွဲ့လေးဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာတော့ ကျရာဇာတ်ရုပ် ကာရိုက်တာအတိုင်း စိတ်ရောလူပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေသလို ဘာသာရေး နဲ့ ကုသိုလ်ရေးမှာလည်း လစ်ဟင်းသွားမှုမရှိအောင် အမြဲတမ်းကြိုးစားနေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူလေး လှသလို စိတ်ထားလေး လည်း နူးညံ့သိမ်မွေ့တဲ့ ဝတ်မှုံရွှေရည်ကို ဆယ်စုနှစ် တစ်ခုကျော်တိုင် အချစ်မလျော့ပဲ အားပေး လာတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

ထိပ်တန်းမင်းသမီးပီပီ အလုပ်တွေကို နေ့ညဆက်တိုက်လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က ဘာသာရေးကိုလည်း လုပ်ကိုင်နိုင်ဖို့ မကြာခဏဆိုသလို တရားစခန်းဝင်ရောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည်က (၂၀၂၁) ခုနှစ်ရဲ့ နှစ်ဦးကုသိုလ်အဖြစ် မှော်ဘီမြို့က အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ အဓိဌာန်ပြု တရားစခန်းဝင်နေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အသိပေး လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မကြာခဏ ဆိုသလို တရားစခန်းဝင် ကုသိုလ်ယူတတ်သူတစ်ယောက်ဖြစ်ပြီး ဒီတစ်ခါမှာလည်း သူမရဲ့ ရှိသမျှအလုပ်တွေကို မေ့ထားပြီး ကုသိုလ်ရေးကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်တစ်ယောက် တရားစခန်းဝင်နေတဲ့အချိန်ခဏလေးမှာ မွန်မြတ်အေးချမ်းလှတဲ့ တရားထူး၊ တရားမြတ်တွေရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Credit – Cele Connections

Zawgyi;




