အမေရိကန်ဆီက အကူညီတွေရတော့မယ်လို့ ဇော်မင်းထွန်းပြော

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာသံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန် ဟာ ဒီကနေ့ မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ တွေပေးဖို့ အဓိက ဆွေးနွေးခဲ့ပြီး အကူအညီပေးရေးအစီအစဉ်တွေ မကြာခင်စတင်နိုင်လိမ့်မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း‌ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့ပြီး ဒီတွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် သံခင်းတမန်ခင်း တိုးတက်မှုတွေရှိလာနိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မစ္စတာ ရစ်ချတ်ဆင်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေကို အသိပေးပြီးမှ မြန်မာနိုင်ငံကိုလာခဲ့တဲ့အခြေအနေကိုလည်း ဒီတွေ့ဆုံမှုမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ ဘေလ်ရစ်ချက်ဆန် ဟာ မနေ့ကမြန်မာနိုင်ငံကိုဒီနေ့ရောက်ရှိခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိတ်ဆွေဟောင်း မစ္စတာ ဘေလ်ရစ်ချက်ဆန် ဟာ စစ်တပ်ကအာဏာသိမ်းထားပြီး ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံထားရချိန်မှာပဲသူ့ရဲ့ မြန်မာခရီးစဉ် ရုတ်တရက်ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်

။ဘေလ်ရစ်ချက်ဆန်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဖွဲ့စည်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေပြန်လည်ခေါ်ယူရေး အကောင်အထည်ဖော်မှု နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ရိုဟင်ဂျာသတင်းလိုက်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ရိုက်တာ သတင်းထောက် ၂ ဦးကိစ္စကို အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံချိန် ပြောခဲ့လို့ ဒါဟာ ဘုတ်အဖွဲ့လုပ်ဆောင်ရမယ့်ကိစ္စနဲ့ မဆိုင်တဲ့ကိစ္စလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆီက တုံ့ပြန်မှုရခဲ့တယ်လို့ထုတ်ပြောခဲ့ဖူးပါတယ်။အဲဒီနောက် သူဟာ အဲဒီအကြံပေးဘုတ်အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတွေကတော့ အဖမ်းခံထားရတဲ့အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်းစတာ အပါအဝင် ဖမ်းဆီးခံအမေရိကန်နိုင်ငံသားတချို့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ရစ်ချတ်ဆင် ကူညီထောက်ပံ့မယ့် အတိုင်းအတာကို မသိရှိရသေးပေမယ့်လို့ မြန်မာနိုင်ငံထဲက တကယ်လိုအပ်နေတဲ့ နေရာတွေကို အကူအညီတွေရောက်ဖို့လိုတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြမှုတွေလည်းရှိနေပါတယ်။

———–

ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ကုလသမဂၢဆိုင္ရာသံတမန္ေဟာင္း ေဘလ္ရစ္ခ်က္ဆန္ ဟာ ဒီကေန႔ မွာ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးေတြ လႉဒါန္းဖို႔ နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ေတြေပးဖို႔ အဓိက ေဆြးေႏြးခဲ့ၿပီး အကူအညီေပးေရးအစီအစဥ္ေတြ မၾကာခင္စတင္ႏိုင္လိမ့္မယ္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္း‌ေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ေတြ႕ဆုံေဆြးေႏြးမႈဟာ အျပဳသေဘာေဆာင္ခဲ့ၿပီး ဒီေတြ႕ဆုံေဆြးေႏြးမႈကေနတစ္ဆင့္ သံခင္းတမန္ခင္း တိုးတက္မႈေတြရွိလာႏိုင္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မစၥတာ ရစ္ခ်တ္ဆင္အေနနဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အပါအဝင္ အေမရိကန္အစိုးရတာဝန္ရွိသူေတြကို အသိေပးၿပီးမွ ျမန္မာႏိုင္ငံကိုလာခဲ့တဲ့အေျခအေနကိုလည္း ဒီေတြ႕ဆုံမႈမွာ ထည့္သြင္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။ ေဘလ္ရစ္ခ်က္ဆန္ ဟာ မေန႔ကျမန္မာႏိုင္ငံကိုဒီေန႔ေရာက္ရွိခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕မိတ္ေဆြေဟာင္း မစၥတာ ေဘလ္ရစ္ခ်က္ဆန္ ဟာ စစ္တပ္ကအာဏာသိမ္းထားၿပီး ေဒၚေအာင္ဆန္းစုၾကည္အဖမ္းခံထားရခ်ိန္မွာပဲသူ႔ရဲ႕ ျမန္မာခရီးစဥ္ ႐ုတ္တရက္ေပၚေပါက္လာတာပဲျဖစ္ပါတယ္

။ေဘလ္ရစ္ခ်က္ဆန္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ဖြဲ႕စည္းခဲ့တဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြျပန္လည္ေခၚယူေရး အေကာင္အထည္ေဖာ္မႈ ႏိုင္ငံတကာအႀကံေပးဘုတ္အဖြဲ႕မွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ သူဟာ ႐ိုဟင္ဂ်ာသတင္းလိုက္ရင္း ဖမ္းဆီးခံခဲ့ရတဲ့႐ိုက္တာ သတင္းေထာက္ ၂ ဦးကိစၥကို အဲဒီတုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခ်ိန္ ေျပာခဲ့လို႔ ဒါဟာ ဘုတ္အဖြဲ႕လုပ္ေဆာင္ရမယ့္ကိစၥနဲ႔ မဆိုင္တဲ့ကိစၥလို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ဆီက တုံ႔ျပန္မႈရခဲ့တယ္လို႔ထုတ္ေျပာခဲ့ဖူးပါတယ္။အဲဒီေနာက္ သူဟာ အဲဒီအႀကံေပးဘုတ္အဖြဲ႕ဝင္ အျဖစ္ကေန ႏုတ္ထြက္ခဲ့ပါတယ္။

စစ္တပ္နဲ႔ နီးစပ္သူေတြကေတာ့ အဖမ္းခံထားရတဲ့အေမရိကန္ႏိုင္ငံသား သတင္းေထာက္ ဒန္နီဖန္းစတာ အပါအဝင္ ဖမ္းဆီးခံအေမရိကန္ႏိုင္ငံသားတခ်ိဳ႕ကိုျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ရစ္ခ်တ္ဆင္ ကူညီေထာက္ပံ့မယ့္ အတိုင္းအတာကို မသိရွိရေသးေပမယ့္လို႔ ျမန္မာႏိုင္ငံထဲက တကယ္လိုအပ္ေနတဲ့ ေနရာေတြကို အကူအညီေတြေရာက္ဖို႔လိုတယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ေထာက္ျပမႈေတြလည္းရွိေနပါတယ္။