
စံချိန်တင်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေစျေးနှင့် ဒေါ်လာစျေး တစ်လအတွင်း သိသာစွာပြန်ကျနေသလို တည်ငြိမ်မှုမရှိ အတက်အကျကြမ်းနေတဲ့ မြန်မာ့ရွှေစျေးကွက်အတွက် ရွှေစျေးကွက်ကျွမ်းကျင် အကြံပေးတစ်ဦးမှ ခုလို သုံးသပ်ပြောဆိုထားပါတယ်။
မြန်မာ့ရွှေစျေးသည်ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နှောင်းပိုင်းမှာ စံချိန်တင်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေစျေးနဲ့အမေရိကန်ဒေါ်လာစျေးဟာ အောက်တိုဘာလမကုန်ခင် နှစ်ပတ်အတွင်းမှာ သိသိသာသာပြန်ကျလာပါတာတွေ့ရပါတယ်။
အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို စက်တင်ဘာလ ၂၈ ရက်နေ့က ၂၂ သိန်း ၃ သောင်းအထိအမြင့်ဆုံးတက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ ၁၇ သိန်း ၇၀၀၀ ကျပ်ဝန်းကျင်ထိ ခဏတာကျခဲ့တာကိုလဲတွေ့ရပါတယ်။
ရွှေစျေးလိုပဲ ဒေါ်လာနဲ့ကျပ်ငွေလဲနှုန်းကလည်း စက်တင်ဘာ ၂၇ ရက်နေ့က ပြင်ပစျေးကွက်မှာတစ်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ရှိနေခဲ့ပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ ၁၇၉၀-၁၈၂၀ ဝန်းကျင်ထိ ခဏတာပြန်ဆင်းလာတယ်လို့ ငွေလဲလှယ်လုပ်ကိုင်သူတွေကဆိုပါတယ်။
ဗဟိုဘဏ်ကဒေါ်လာစျေးတက်တာကိုထိန်းချုပ်နိုင်ဖို့ အောက်တိုဘာလအတွင်း ထုတ်ရောင်းတဲ့ ၃ ကြိမ်မှာတင်ကန်ဒေါ်လာ စုစုပေါင်း သန်း ၁၁၀ အထိရှိခဲ့တယ်။
ပြည်တွင်း ရွှေစျေးနှုန်းကဆိုရင်အမေရိကန်ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးအတိုင်း အပြောင်းအလဲအတက်အကျရှိပေမဲ့ လက်ရှိအနေအထားမှာပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ကျပ်ငွေတန်ဖိုးအပေါ်မှာလည်းအဓိကမူတည်နေလို့
ဒီထက်မကျနိုင်သေးသလို၊ နိုင်ငံရေးမတည်ငြိမ်မှု့တွေမြင့်တက်လာရင် တဆယ့်ကိုးသိန်းအထက်ကိုဦးမော့သွားနိုင်တယ်လို့စျေးကွက် ကျွမ်းကျင်သူတွေကတော့ခန့်မှန်းနေကြပါတယ်။
ကမ္ဘာ့ရွှေစျေး အတက်၊ အကျကလည်းတရက်တည်းမှာအပြောင်းအလဲမြန်နေသလို အမေရိကန်ဒေါ်လာနဲ့ကျပ်ငွေလဲလှယ်နှုန်းကလည်း မတည်ငြိမ်သေးဟုဆိုလို့ရတဲ့အနေအထားမှာ ရွှေစျေးနှုန်းဟာတည်ငြိမ်တဲ့ အခြေအနေတရပ်မှာမရှိသေးတဲ့ကြောင်း တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်းပြောပါတယ်..။
မြန်မာ့ရွှေစျေးဟာ ပြီးခဲ့တဲ့စက်တင်ဘာ လကုန်ပိုင်းကထက်ကျသွားတယ်ဆိုပေမဲ့ တောက်လျှောက်ဆက်ပြီးကျသွားနိုင်တဲ့ အခြေအနေတရပ်ကတော့ မရှိနိုင်သေးဘူးလို့သူက ဆိုပါတယ်…။
ဟိုအရင်တုန်းက (မြန်မာ့ရွှေစျေး)က ၁၃ သိန်းတို့ ဘာတို့ဆိုတာဒေါ်လာလဲလှယ်တဲ့နှုန်းက ၁၃၀၀ လောက်ပဲရှိတာထိုအချိန်ကမ္ဘာ့ရွှေစျေးသည်လည်း ၁ အောင်စကို ၁၆၀၀ ဝန်းကျင်လောက်ပဲရှိတယ်၊ ဒီ ၁၃ သိန်းတို့ ၊ ၁၄ သိန်းတို့အချိန်တုန်းကပေါ့။
အခုဟာက ဒေါ်လာစျေးကလည်း အဲ့လောက်ပြန်ပြီးတော့ လောလောဆယ်မကျနိုင်သေးတဲ့ အလားအလာရှိပါတယ်။နိုင်ငံရေးလည်းတည်ငြိမ်လာရင်၊ ရာသီဥတု ဆက်သွယ်ရေးလမ်းကြောင်းတွေလည်းကောင်းသွားရင် သူ့ဟာသူအဆင်ပြေသွားမှာပါဟုပြောကြားလိုက်ပါတယ်။
ယခင်ကဆိုရင်ပြည်တွင်း ရွှေစျေးအပြောင်းအလဲကဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးနှင့်ပြည်တွင်းလိုအပ်အချက်အလက်ကိုပဲအဓိကထားကြည့်ရတယ်ဆိုပေမဲ့ အခုတော့ပြည်တွင်းနိုင်ငံရေး အခြေအနေတရပ်ကိုပါ ထည့်တွက် စဉ်စားချင့်ချိန်နေရတယ်။အခုဆို(၆)လအတွင်း ရွှေစျေးတက်တာ၊ကျတာကတော့ အရင်လို မဟုတ်တော့ဘူး။
အခုလက်ရှိအခြေအနေက နိုင်ငံရေးတွေ ဘာတွေကြောင့်မို့ ရွှေစျေးငွေစျေးကထိုးတက်ရင်လည်းတက်သွားနိုင်သလိုကျရင်လည်း ကျသွားနိုင်တယ်။လက်ရှိမြန်မာ့ရွှေစျေးကတော့နိုင်ငံရေးမူဝါဒအပေါ်မူတည်ပြီးပြောင်းလဲနေတာပါလို့သုံးသပ်ထားကြပါတယ်။
မြန်မာ့ရွှေစျေးဟာကျပ် ၁၈ သိန်းဝန်းကျင်မှာအခံတန်းဖြစ်ပြီးတည်ငြိမ်နေဦးမယ်လို့ ခန့်မှန်းသုံးသပ်ထားပါတယ်။
လမင်း(ကမ္ဘာ့ရွှေစျေးကွက်အကြံပေး)