ရက်ပေါင်း (၄၀) အကြာမှာ သားခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ပြီဆိုတဲ့ အမေတစ်ယောက်ရဲ့ရင်ဖွင့်သံ

”နောက်ဆုံး​တော့ သားရဲ့ DB ကို ရှာတွေ့ခဲ့ပါပြီ- တာဝန်ခံမှုအပြည့်ရှိတဲ့ သားတို့အဖွဲ့အားလုံးကို ကျေးဇူးတင်ပါတယ်”

ကျဆုံးတယ်လို့သိရချိန်ကနေ DB ရတဲ့နေ့ထိ ရက်ပေါင်း (၄၀) တိတိ ကြာခဲ့ပါတယ်။

ဒီရက်တွေမှာ သားကိုချစ်တဲ့စိတ်နဲ့ တနေရာရာမှာ အသက်ရှင်နေပါစေ…ဆိုတဲ့ မရဲတရဲ မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

သားကိုရှာဖွေပေးဖို့ အချိန်တိုင်းတောင်းဆိုနေခဲ့ပေမယ့် တကယ်လက်တွေ့ သားအတွက် Mission စမယ်လို့ အသိပေးလာတဲ့ ဖုန်းသံတိုးတိုးလေးဟာ၊ အနားမှာအကျယ်ကြီး ပေါက်ကွဲသွားတဲ့အသံလို ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေမိတယ်။

ဒီရက်တွေမှာ Confirm မဖြစ်တဲ့ သတင်း ၂ ခု ကြောင့်လဲ ဝမ်းနည်းပူဆွေးသောကတွေကြားထဲကနေ စိုးရိမ်ပူပန်စိတ်တွေက ပိုများစေခဲ့ပါတယ်။

သတင်းတစ်ခုကတော့၊ နယ်​မြေကျွမ်းကျင်တဲ့ ဒေသခံ ရွာသားတွေက၊ ထိတွေ့မှု​ဖြစ်ခဲ့တယ်ဆိုတဲ့ နေရာမှာ ဘာ DB မှ မတွေ့သလို၊ ဘာအနံ့မှ မရဘူး ဆိုတာပါ။

ဒီသတင်းသာမှန်ခဲ့ရင် နောက်ထပ်သတင်းတစ်ခုက သားအတွက် မစဥ်းစားရဲအောင် စိုးရိမ်စရာတွေ ဖြစ်သွားပါပြီ။ သားတို့အဖွဲ့သွားရှာချိန်၊ အဲဒီနေရာမှာကျည်ဆံအခွံတွေ၊
လက်နက်ကြီးရဲ့ အစအနတွေတွေ့ပြီး၊ သားရှိတဲ့နေရာနားထိ ရောက်နေတာတောင် သားကို ရှာမတွေ့ပါဘူး၊အနံမရကြဘူး။

နောက်ဆုံး သူနဲ့အတူရှိခဲ့တဲ့ မိန်းခလေးကို ဖုန်းဆက်​ပြီး ​နေရာညွန့်ပြခိုင်းမှ သားကို ရှာတွေ့ခဲ့တာပါ။

အခြေအနေမတည်ငြိမ်တဲ့ကာလ၊ ထိတွေ့မှုတွေ နေ့စဉ်နီးပါးဖြစ်နေတဲ့နယ်​​မြေ၊ ရက်(၄၀)ကြာခဲ့ပြီး DB ကိုအကောင်းပကတိ မရနိုင်တော့တာတောင်မှ သားကိုရှာဖွေပေးခဲ့တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ သားတို့အဖွဲ့တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Nann MoMo Han

———- 

”ေနာက္ဆုံး​ေတာ့ သားရဲ႕ DB ကို ရွာေတြ႕ခဲ့ပါၿပီ- တာဝန္ခံမႈအျပည့္ရွိတဲ့ သားတို႔အဖြဲ႕အားလုံးကို ေက်းဇူးတင္ပါတယ္”

က်ဆုံးတယ္လို႔သိရခ်ိန္ကေန DB ရတဲ့ေန႔ထိ ရက္ေပါင္း (၄၀) တိတိ ၾကာခဲ့ပါတယ္။

ဒီရက္ေတြမွာ သားကိုခ်စ္တဲ့စိတ္နဲ႔ တေနရာရာမွာ အသက္ရွင္ေနပါေစ…ဆိုတဲ့ မရဲတရဲ ေမွ်ာ္လင့္ခဲ့ရတဲ့ ေမွ်ာ္လင့္ခ်က္ေတြလဲ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။

သားကိုရွာေဖြေပးဖို႔ အခ်ိန္တိုင္းေတာင္းဆိုေနခဲ့ေပမယ့္ တကယ္လက္ေတြ႕ သားအတြက္ Mission စမယ္လို႔ အသိေပးလာတဲ့ ဖုန္းသံတိုးတိုးေလးဟာ၊ အနားမွာအက်ယ္ႀကီး ေပါက္ကြဲသြားတဲ့အသံလို ေၾကာက္႐ြံ႕ထိတ္လန္႔တုန္လႈပ္ေနမိတယ္။

ဒီရက္ေတြမွာ Confirm မျဖစ္တဲ့ သတင္း ၂ ခု ေၾကာင့္လဲ ဝမ္းနည္းပူေဆြးေသာကေတြၾကားထဲကေန စိုးရိမ္ပူပန္စိတ္ေတြက ပိုမ်ားေစခဲ့ပါတယ္။

သတင္းတစ္ခုကေတာ့၊ နယ္​ေျမကြၽမ္းက်င္တဲ့ ေဒသခံ ႐ြာသားေတြက၊ ထိေတြ႕မႈ​ျဖစ္ခဲ့တယ္ဆိုတဲ့ ေနရာမွာ ဘာ DB မွ မေတြ႕သလို၊ ဘာအနံ႔မွ မရဘူး ဆိုတာပါ။

ဒီသတင္းသာမွန္ခဲ့ရင္ ေနာက္ထပ္သတင္းတစ္ခုက သားအတြက္ မစဥ္းစားရဲေအာင္ စိုးရိမ္စရာေတြ ျဖစ္သြားပါၿပီ။ သားတို႔အဖြဲ႕သြားရွာခ်ိန္၊ အဲဒီေနရာမွာက်ည္ဆံအခြံေတြ၊
လက္နက္ႀကီးရဲ႕ အစအနေတြေတြ႕ၿပီး၊ သားရွိတဲ့ေနရာနားထိ ေရာက္ေနတာေတာင္ သားကို ရွာမေတြ႕ပါဘူး၊အနံမရၾကဘူး။

ေနာက္ဆုံး သူနဲ႔အတူရွိခဲ့တဲ့ မိန္းခေလးကို ဖုန္းဆက္​ၿပီး ​ေနရာၫြန႔္ျပခိုင္းမွ သားကို ရွာေတြ႕ခဲ့တာပါ။

အေျခအေနမတည္ၿငိမ္တဲ့ကာလ၊ ထိေတြ႕မႈေတြ ေန႔စဥ္နီးပါးျဖစ္ေနတဲ့နယ္​​ေျမ၊ ရက္(၄၀)ၾကာခဲ့ၿပီး DB ကိုအေကာင္းပကတိ မရႏိုင္ေတာ့တာေတာင္မွ သားကိုရွာေဖြေပးခဲ့တဲ့ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္ရွိတဲ့ သားတို႔အဖြဲ႕ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။

Nann MoMo Han