
အာဏာသိမ်းစစ်တပ်ရဲ့ အကျင့်ပျက်လုပ်ရပ် အပေါ် ဖိနိုပ်ချေမှုန်မည်ဟု သံအမတ်ကြီး ဉီးကျော်မိုးထွန်း ကုလညီလာခံတွင်ပြောကြား
စစ်တပ်အုပ်ချုပ်ရေးကာင်စီက ၎င်းတို့၏ အကျင့်ပျက် အဂတိလုပ်ရပ်တို့ အပေါ် ဆန့်ကျင်သူအားလုံးကိုဆက်လက် ဖိနိုပ်ချေမှုန်းမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းကပြောသည်။
အဂတိလိုက်စားမှု ကာကွယ်တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်
ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂထွေထွေညီလာခံအထူးမျက်နှာစုံညီအစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
“စစ်တပ် အုပ်ချုပ်မှု အောက်က ရရှိလာတဲ့ မြန်မာပြည်သူများရဲ့အနာဂတ်ဆိုးကို သိသိသာသာ သတိပေးခြင်းဖြစ်ပြီး၊ စစ်တပ်အုပ်ချုပ်ရေးကာင်စီက တရားမဝင် အကျင့်ပျက် အဂတိလုပ်ရပ်တို့ အပေါ် ဆန့်ကျင်သူ
အားလုံးကိုဆက်လက် ဖိနှပ်ချေမှုန်းမှာဖြစ်ပါတယ် လက်ရှိအချိန်အထိ လွတ်လပ်တဲ့ သတင်းမီဒီယာဌာန (၈)ခုရဲ့ ခွင့်ပြုမိန့်များကို ရုပ်သိမ်းခဲ့ပြီး၊ အနည်းဆုံး သတင်းသမား(၈၈)ဉီးကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။” လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။
———-
အာဏာသိမ္းစစ္တပ္ရဲ႕ အက်င့္ပ်က္လုပ္ရပ္ အေပၚ ဖိႏိုပ္ေခ်မႈန္မည္ဟု သံအမတ္ႀကီး ဉီးေက်ာ္မိုးထြန္း ကုလညီလာခံတြင္ေျပာၾကား
စစ္တပ္အုပ္ခ်ဳပ္ေရးကာင္စီက ၎တို႔၏ အက်င့္ပ်က္ အဂတိလုပ္ရပ္တို႔ အေပၚ ဆန႔္က်င္သူအားလုံးကိုဆက္လက္ ဖိႏိုပ္ေခ်မႈန္းမွာျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဉီးေက်ာ္မိုးထြန္းကေျပာသည္။
အဂတိလိုက္စားမႈ ကာကြယ္တိုက္ဖ်က္ေရးႏွင့္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္
ေဆာင္႐ြက္မႈမ်ားႏွင့္ ပတ္သက္ၿပီး ကုလသမဂၢေထြေထြညီလာခံအထူးမ်က္ႏွာစုံညီအစည္းအေဝးမွာ ေျပာၾကားလိုက္တာျဖစ္ပါတယ္။
“စစ္တပ္ အုပ္ခ်ဳပ္မႈ ေအာက္က ရရွိလာတဲ့ ျမန္မာျပည္သူမ်ားရဲ႕အနာဂတ္ဆိုးကို သိသိသာသာ သတိေပးျခင္းျဖစ္ၿပီး၊ စစ္တပ္အုပ္ခ်ဳပ္ေရးကာင္စီက တရားမဝင္ အက်င့္ပ်က္ အဂတိလုပ္ရပ္တို႔ အေပၚ ဆန႔္က်င္သူ
အားလုံးကိုဆက္လက္ ဖိႏွပ္ေခ်မႈန္းမွာျဖစ္ပါတယ္ လက္ရွိအခ်ိန္အထိ လြတ္လပ္တဲ့ သတင္းမီဒီယာဌာန (၈)ခုရဲ႕ ခြင့္ျပဳမိန႔္မ်ားကို ႐ုပ္သိမ္းခဲ့ၿပီး၊ အနည္းဆုံး သတင္းသမား(၈၈)ဉီးကိုလည္း ဖမ္းဆီးထားခဲ့ပါတယ္။” လို႔သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဆိုသည္။