ရွှေအကြောင်း နားမလည်သူပင် ရွှေအတု အစစ် ခွဲခြားနိုင်စေတဲ့ နည်းလမ်း (၃) မျိုး

ဝါဝါမြင်တိုင်း ရွှေလို့ထင်နေကြသူတွေတောင်မှ ရွှေအတု အစစ်ကို လွယ်လွယ်ကူကူခွဲခြားသိနိုင်စေတဲ့ နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါတယ်။

၁။သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း

ပထမနည်းလမ်းတစ်ခုကတော့ သံလိုက်ကို အသုံးပြုပြီး ရွှေအတု အစစ် ခွဲခြားနည်းဖြစ်ပါတယ်။

သံလိုက်ကိုအသုံးပြုပြီး စမ်းသပ်တဲ့အခါ ရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိ။ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်…။

၂။ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း

မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြု ပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။

အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်းသိရှိရမှာဖြစ်ပါတယ်။

၃။နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း

ရွှေကို နိုက်ထရစ်အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။

ရွှေအတုဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်။

ရွှေဝယ်ယူစုဆောင်းကြမယ့်သူများ ရွှေလုပ်ငန်းလုပ်ကိုင်ကြမည့်သူများ အဝယ်မမှားကြစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခုချိန်မလိုအပ်သေးပေမယ့် နောင်တစ်ချိန်လိုအပ်လာနိုင်တာမို့ အလွယ်တကူသိရှိနိုင်စေဖို့ရှယ်ပြီးသိမ်းထားနိုင်ပါတယ်။

အခြားလွယ်ကူထိရောက်စေမယ့် နည်းလမ်းကောင်းများရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးသွားနိုင်ပါတယ်။

————

ဝါဝါျမင္တိုင္း ေ႐ႊလို႔ထင္ေနၾကသူေတြေတာင္မွ ေ႐ႊအတု အစစ္ကို လြယ္လြယ္ကူကူခြဲျခားသိႏိုင္ေစတဲ့ နည္းလမ္းေကာင္းမ်ားကို မွ်ေဝေပးလိုက္ပါတယ္။

၁။သံလိုက္ကိုအသုံးျပဳစမ္းသပ္ျခင္း

ပထမနည္းလမ္းတစ္ခုကေတာ့ သံလိုက္ကို အသုံးျပဳၿပီး ေ႐ႊအတု အစစ္ ခြဲျခားနည္းျဖစ္ပါတယ္။

သံလိုက္ကိုအသုံးျပဳၿပီး စမ္းသပ္တဲ့အခါ ေ႐ႊအစစ္ဆိုရင္ သံလိုက္နဲ႔ ကပ္ပါလာျခင္းမ်ိဳးမရွိ။ ေ႐ႊအတုဆိုရင္ သတၱဳပါဝင္တဲ့အတြက္ သံလိုက္နဲ႔ ကပ္ပါလာတာကို ၾကည့္ၿပီး ခြဲျခားႏိုင္ပါတယ္…။

၂။ရွာလကာရည္ကို အသုံးျပဳစမ္းသပ္ျခင္း

မီးဖိုေခ်ာင္သုံးပစၥည္းျဖစ္တဲ့ ရွာလကာရည္ကို အသုံးျပဳ ၿပီးေတာ့လည္း ေ႐ႊအတုနဲ႔အစစ္ကို လြယ္လြယ္ကူကူခြဲျခားႏိုင္ပါတယ္။

စမ္းသပ္စစ္ေဆးမယ့္ ေ႐ႊကို ရွာလကာရည္နဲ႔ ထိေတြ႕လိုက္တဲ့အခ်ိန္မွာ အေရာင္ေျပာင္းသြားျခင္းမ်ိဳးမရွိရင္ေတာ့ ေ႐ႊအစစ္ ျဖစ္ေၾကာင္း သိႏိုင္ပါတယ္။

အေရာင္ေျပာင္းလဲသြားတယ္ဆိုရင္ေတာ့ ေ႐ႊအစစ္မဟုတ္ေၾကာင္းသိရွိရမွာျဖစ္ပါတယ္။

၃။ႏိုက္ထရစ္ အက္စစ္ျဖင့္ စမ္းသပ္ျခင္း

ေ႐ႊကို ႏိုက္ထရစ္အက္စစ္ျဖင့္ စိမ္ၾကည့္တဲ့အခါ ေ႐ႊအစစ္ဆိုရင္ေတာ့ အက္စစ္နဲ႔ဓာတ္ျပဳျခင္းမရွိပဲ နဂိုမူလအေရာင္တိုင္းရွိေနမွာပါ။

ေ႐ႊအတုဆိုရင္ေတာ့ အက္စစ္နဲ႔ဓာတ္ျပဳသြားၿပီးေတာ့ သတၱဳရဲ႕ မူလအေရာင္ေပၚထြက္လာမွာျဖစ္ပါတယ္။

ဒီနည္းလမ္းေလးေတြကေတာ့ ေ႐ႊအတု အစစ္ကို လြယ္ကူတဲ့နည္းလမ္းေတြ နဲ႔ ခြဲျခားႏိုင္တဲ့ နည္းလမ္း တစ္ခ်ိဳ႕ျဖစ္ပါတယ္။

ေ႐ႊဝယ္ယူစုေဆာင္းၾကမယ့္သူမ်ား ေ႐ႊလုပ္ငန္းလုပ္ကိုင္ၾကမည့္သူမ်ား အဝယ္မမွားၾကေစဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

ခုခ်ိန္မလိုအပ္ေသးေပမယ့္ ေနာင္တစ္ခ်ိန္လိုအပ္လာႏိုင္တာမို႔ အလြယ္တကူသိရွိႏိုင္ေစဖို႔ရွယ္ၿပီးသိမ္းထားႏိုင္ပါတယ္။

အျခားလြယ္ကူထိေရာက္ေစမယ့္ နည္းလမ္းေကာင္းမ်ားရွိခဲ့ရင္လည္း ျပန္လည္မွ်ေဝေပးသြားႏိုင္ပါတယ္။