
MyTel ကုမ္မဏီ အကြီးအကဲတစ်ဦး သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရ
4 Nov 2021
ယနေ့ နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ရှိ တေးနုယဉ်လမ်းတွင်နေထိုင်သည့် MyTel ကုမ္မဏီ၏ အကြီးအကဲတစ်ဦးဖြစ်သည့်
ဦးသိန်းအောင် ကိုအမည်မသိသေနတ်သမားကလာရောက်ပစ်သတ်သွားကြောင်း ရပ်ကွက်တွင်းနေထိုင်သူများထံမှ သတင်းရရှိသည်။
MyTel ကုမ္မဏီ၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဦးသိန်းအောင်နှင့်အတူ အမျိုးသမီးဖြစ်သူကိုပါ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ပြီး ဦးသိန်းအောင်မှာ
ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးဖြစ်သူမှာ အပြင်းအထန်ဒါဏ်ရာဖြင့် ဆေးရုံကိုရောက်ရှိသွားကြောင်း မျက်မြင်တွေ့သူများကဆိုသည်။
ဦးသိန်းအောင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး MyTel ကုမဏီစတင်ထူထောင်ချိန်မှစတင်ပြီး Chief Finance Officer အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
#MyTel #MPA #
Credit : Myanmar Pressphoto Agency ဖေ့စဘွတ်ခ် စာမျက်နာ
———-
4 Nov 2021
#MyTel #MPA #