
စစ်အာဏာသိမ်းမှု့ဟာ မြန်မာနိုင်ငံက ကျောင်းသားတွေရဲ့ ပညာရေးကို သတ်ပစ်လိုက်တာပါပဲ လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဆောင်းပါးအရှည်ကြီးတစ်ပုဒ်နဲ့ ဝေဖန်ထားပါတယ် ။ ဒီဆောင်းပါးဖြစ်မြောက်ဖို့အတွက် နယ်သာလန်နိုင်ငံခြားရေးဌာနက ပံ့ပိုးပေးခဲ့ပါတယ် ။
အိန္ဒိယနိုင်ငံထဲကို မြန်မာပြည်သား ၃၇၀၀၀ ကျော် ထွက်ပြေးသွားပါတယ် ။ ဒါကို အိန္ဒိယက လက်ခံဖို့အတွက် ကုလအတွင်းရေးမှုးရဲ့ လက်ထောက်တစ်ယောက်ဖြစ်သူ Nino က တင်ပြထားပါတယ် ။
GCR2P ဒါရိုက်တာ ဆိုင်မွန်အေဒမ်က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု့တွေအတွက် ၊ ဒီတစ်ပတ်ရဲ့ အစီရင်ခံစာမှာ နှိမ်နင်းပေးဖို့နဲ့ ကုလငြိမ်းချမ်းရေးတပ်တွေဝင်ဖို့ တောင်းဆိုထားပါတယ် ။
သုံးသပ်ချက်ကလေးနဲ့ စလိုက်ကြရအောင်ပါ ။
လူမှု့ကွန်ယက်ပေါ်မှာတော့ တော်လှန်ရေးသတင်းတွေ နည်းသွားပါတယ် ။ ငြိမ်သွားပြီလားဆိုတဲ့အတွေးနဲ့ ခရီးသွားပေ့ခ်ျတွေမှာ အလှပုံလေးတွေ တင်သူတွေလည်း မနည်းပါဘူး ။ ကထိန်အလှုခံတွေလည်း တွေ့နေရပါတယ် ။ မွေးနေ့ဆုတောင်းတွေလည်း မနည်းမနောပါပဲ ။ ဘာမှမဆိုင်သလို ဓာတ်ပုံတင် ဖီလ်းသူတွေလည်း ရှိပါတယ် ။
ဆိုရရင် …..၊ အားလုံးကို ကျေးဇူးတင်ပါတယ် ။ ဘာ့ကြောင့်လဲဆိုတော့ NUG ရဲ့ ခြေလှမ်းကို မရိပ်မိနိုင်လို့ပါ ။ လတ်တလောအခြေအနေဟာ Back to Normal မဟုတ်ပါဘူး။ အခြေအနေဟာ အလစ်ကိုချောင်းနေတဲ့ အချိန်အခါပါ ။ တော်လှန်ရေးကြီး ရပ်တန့်သွားတဲ့တစ်နေ့ ငါတို့ အရင်လိုပဲ သွားကြ လာကြ စားကြ သောက်ကြမယ် ဆိုတဲ့ အတွေးဟာ လုံးဝမှားပါမယ် ။
ဘာ့ကြောင့်လဲဆိုရင် ……..၊
မြန်မာပြည်ဟာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အုပ်စု ၂ စု ကွဲသွားပါတယ် ။ တော်လှန်ရေးပြည်သူတွေနဲ့ စစ်တပ်ထောက်ခံသူတွေပါ ။ ဓမ္မနဲ့အဓမ္မ ကွဲသွားတာပါ ။ ဓမ္မဘက်မှာ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေရှိတယ် ။ အဓမ္မဘက်မှာတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ကို မှီခိုစားသောက်နေရသူတွေရှိတယ် ။
ဓမ္မဘက်တော်သားတွေက ငြိမ်းချမ်းသာယာတဲ့ အနာဂတ်ကိုလိုလားတယ် ။ ဘာသာစုံ ၊ တိုင်းရင်းသားလူမျိူးစုံ အတူတကွ အေးချမ်းသာယာစွာ နေထိုင်လိုသူတွေ ဖြစ်တယ် ။ ခေတ်နဲ့ပြိုင်လို့ရမယ့် နိုင်ငံတော်ကို တည်ဆောက်ချင်တယ် ။ ဘာသာရေးမှိုင်းနဲ့ အယုံသွင်း ခိုင်းစား ၊ နောက်ချန်ထားတာကို မကြိုက်ဘူး ။ ဓမ္မဘက်တော်သားတွေဟာ ဘိုးဘွားပိုင်တဲ့ နိုင်ငံကို လက်တစ်ဆုပ်စာလူတစ်စု လုပ်ချင်သလိုလုပ်မှာကို လုံးဝမခံနိုင်ဘူး ။ အသက်ပေးပြီး ကာကွယ်ကြလိမ့်မယ် ။ တချို့တွေ အသက်ပေးခဲ့ကြပြီးပြီ ။
အဓမ္မဘက်တော်သားတွေကတော့ အာဏာရဖို့ ကောက်ကျစ်လိမ့်မယ် ။ နည်းအမျိူးမျိူးနဲ့ အချိန်ဆွဲလိမ့်မယ် ။ နောက်လိုက်နောက်ပါအချို့က Back to Normal ဆိုတဲ့ အချိန်ကို အသည်းအသန်မျှော်နေကြတယ် ။
နဝတခေတ်ကို ပြန်မြင်ယောင်ပြီး စိတ်ကူးယဉ်နေကြတယ် ။ နောက်ဆုံး ကုလသမဂ္ဂက ဖိအားပေးလာရင်တောင် တိုင်းပြည်ကို ဖျက်စီးဖို့အထိ ကြံစီထားကြတယ် ။
ဒီတော့ ……၊နှစ်ဘက်စလုံးဟာ ဓါးကိုယ်စီနဲ့ပါ ။ အဆင်ပြေတဲ့ ညှိနှိုင်းမှု့ မရမချင်း မြန်မာပြည်သူအားလုံးဟာ ဓမ္မဘက်ကပဲဖြစ်ဖြစ် ၊ အဓမ္မဘက်ကပဲဖြစ်ဖြစ် အချိန်မရွေး သေသွားနိုင်ပါတယ် ။ ပုံမှန်အချိန်ကိုပြန်ရောက်ဖို့ဆိုတာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပြီးဆုံးသွားခဲ့ပါပြီ ။ လတ်တလောအခြေအနေဟာ တော်လှန်ရေးပြည်သူတွေဘက်က ၉၀ % အသာရနေပါတယ် ။
NUG ဟာ သံတမန်နည်းလမ်းနဲ့ အပြည့်အဝ အနိုင်ယူထားပါတယ် ။ စစ်ရေးနည်းလမ်း ဘယ်လိုစီစဉ်နေတယ်ဆိုတာတော့ စာရေးသူ မသိပါဘူး ။ ဒါ့ကြောင့် ၊ မြန်မာပြည်ဟာ တော်လှန်ရေးမအောင်မချင်း Back to Normal လုံးဝမဖြစ်ပါဘူး ။
ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုလိုသာ နေထိုင်ကြရပါလိမ့်မယ် ။ ပြည်တွင်းစစ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေ ပူးပေါင်း အရှိန်မြှင့်လာမယ့် စစ်မျိူးပါ ။ မြို့တိုင်း ၊ နယ်တိုင်းဟာ ထန်တလန်လို ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး ။ကွက်ကျားစစ်ကတော့ ဖြစ်နေဆဲပါ ။
စာရေးသူကတော့ မန်းမြို့တော်ဝန် ဆရာရဲကို ပြောထားတဲ့ ဂတိရှိပါတယ် ။ ” ဆရာရဲ အေးအေးဆေးဆေး တရားအားထုတ်နေပါ ၊ ကျန်တာ ကျွန်တော်တို့တာဝန်ထား ” လို့ တော်လှန်ရေးအစက ပြောခဲ့ဘူးပါတယ် ။ ပြောထားတဲ့အတိုင်းပဲ ၊ စာရေးသူ စိတ်မဝင်စားခဲ့တဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးကို စီးပွားရေးဘေးဖယ်ထားပြီး ခြေစုံပစ်ဝင်ခဲ့ပါတယ် ။
ဟိုအရင်အချိန်တွေကတည်းက နိုင်ငံရေး ၊ စစ်ရေး ၊ ဘာသာရေးအစွန်းရောက်ပိုစ့်တွေ မရေးခဲ့ပဲ ဝထ္ထု့တို ၊ ဆောင်းပါး ၊ အက်ဆေးတွေသာ ရေးခဲ့သူပါ ။ မတရားမှု့ကို မခံနိုင်လို့ နိုင်ငံတကာသတင်းတွေကို အသိပေး သုံးသပ်ပေးပါတယ် ။
စာရေးသူ ဘကြီးအောင်(အယ်လ်အေ) ဟာ နွေဦးတော်လှန်ရေး မအောင်မချင်း ၊ စစ်ကောင်စီလက်အောက်ခံ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်းတွေမှာ လုံးဝ ( လုံးဝ ) ရေးမှာ မဟုတ်ပါဘူး ။ နိုင်ငံတကာသတင်းတွေကိုတော့ ဆက်လက် အသိပေးနေမှာပါ ။
ကဲ …..၊ မိတ်ဆွေတို့ ။ တိုင်းပြည်ရဲ့အခြေအနေဟာ Back to Normal လုံးဝ မဖြစ်ပါဘူး ။ တော်လှန်ရေးအောင်မြင်ဖို့သာ အားစိုက်ကြပါ ။
ဘကြီးအောင် LA 3 NoVember, 2021